spot_img
Thursday, April 24, 2025
More
    spot_img
    Homeသတင်းပင်လယ်ငါးဖမ်းလုပ်ငန်းအတွင်း ရေလုပ်သားအချင်းချင်းစကားများရန်ဖြစ်မှုကြောင့် တစ်ဦးသေဆုံး

    ပင်လယ်ငါးဖမ်းလုပ်ငန်းအတွင်း ရေလုပ်သားအချင်းချင်းစကားများရန်ဖြစ်မှုကြောင့် တစ်ဦးသေဆုံး

    -

    ရေးမြို့အနောက်ဘက် ကပ္ပလီပင်လယ်ပြင် ဝါးကျွန်းအနောက်ဘက်ရေမိုင် ၄၅မိုင်တွင် အောက်တိုဘာလ ၂၆ ရက်နေ့ ညပိုင်းက ရေလုပ်ငန်းရှင် ဦးအေးထွန်းပိုင်ဆိုင်သော စိန်ပိုက်ငါဖမ်းစက်လှေပေါ်တွင်ရေလုပ်သားအချင်းချင်းစကားများရန်ဖြစ်မှုကြောင့် ရေလုပ်သားတစ်ဦးသေဆုံးခဲ့ကြောင်း ရေးမြို့မစခန်းမှူး ဒုရဲမှူး စိုးမွန်က ပြောကြားသည်။

    ” ငါးဖမ်းစက်လှေပေါ်မှာရှိတဲ့ ပိုက်ဖာဓားနဲ့ထိုးခဲ့တယ်လို့သိရတယ်၊တရားခံကို ဖမ်းဆီးရမိအမှုဖွင့်ထားပြီး စစ်ဆေးဆောင်ရွက်နေပါတယ် ” ဟု ၄င်းကပြောသည်။

    လူသတ်မှုဖြင့်ဖမ်းဆီးအရေးယူခံထားရသူ ရေလုပ်သားအောင်အောင်(MNA)
    အဆိုပါစက်လှေပေါ်တွင် လေုပ်သား ၁၈ ဦးလိုက်ပါပြီး ဧရာဝတီတိုင်းဒေသကြီးမှရေလုပ်သား ဇော်ဇော်အောင်နှင့်အောင်အောင်တို့က စက်လှေပေါ်တွင် စကားများရန်ဖြစ်ကြခြင်းဖြစ်ကာအောင်အောင်မှ ငါးဖမ်းစက်လှေပေါ်တွင်ရှိသော အရိုးမပါ အရှည် ၆ လက်မ၊ ဗျက် ၁လက်မရှိ သံဖြတ်လွှဖြင့်ပြုလုပ်ထားသော ပိုက်ဖာဓါးဖြင့် ထိုးခဲ့၍ဇော်ဇော်အောင်၏ရင်ညွန့်တွင် ထိုးသွင်းဒဏ်ရာတစ်ချက်၊ယာဘက်လက်မောင်းထိုးသွင်းဒဏ်ရာ ၁ ချက်၊ ယာလက်ဖျံထိုးသွင်းဒဏ်ရာတစ်ချက်ရရှိပြီး သေဆုံးခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

    ဖြစ်စဉ်င်္နှင့်ပတ်သက်၍ အောင်အောင်အား မမစ(ရေး) (ပ)၃၅၅ အမှုကြီးနှစ်စဉ်အမှတ်၁၇/၂၀၁၇ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အောက်တိုဘာလ ၂၇ ရက်နေ့နံနက်ပိုင်းအချိန်တွင် ရေးမြို့မရဲစခန်းတွင် ဖမ်းဆီးထားရှိပြီးလိုအပ်သောစစ်ဆေးဆောင်ရွက်မှုများ ဆောင်ရွက်နေကြောင်း ရေးမြို့မရဲစခန်းကသိရသည်။

    ပင်လယ်ပြင်၏သဘာဝအရ လူမှုဆက်ဆံရေးနယ်ပယ်ကျဉ်းမြောင်းသည့်အတွက်စိတ်ပိုင်းဆိုင်ရာအားဖြင့် ဒေါသထွက်လွယ်ကြောင်း၊ စိတ်ပင်ပန်းမှုများလည်းရှိကြောင်း၊ လူသတ်လက်နက်များအနေဖြင့်လည်းလှေအတွင်း အဆင်သင့်ရှိနေပြီး စိတ်မထိန်းနိုင်ပါက အလွယ်တကူ
    ကျူးလွန်မိစေနိုင်ကြောင်း ရေးမြို့နယ်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူးဦးဇော်မင်းဦးက ပြောဆိုထားသည်။

    ” ထွက်ပေါက်အနေနဲ့ တခဏလေးထင့်စကားလေးပြောခံရတာနဲ့တင်လက်ကပါသွားတာကြောင့်လဲ လူသတ်မှုတွေဖြစ်သွားနိုင်ပါတယ်၊ အဲဒီတော့
    ကျွန်တော်တို့အနေနဲ့ သူတို့ကို စိတ်ဖြောင်းဖျမှုအပိုင်းတွေပါထည့်ပြီးတော့လုပ်ငန်းရှင်တွေအနေနဲ့ ဆောင်ရွက်ပေးနိုင်မှပဲ အဆင်ပြေလာမယ်လို့
    ကျွန်တော်ထင်ပါတယ် ” ဟု ၄င်းက မှတ်ချက်ပြုသည်။

    ယခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့အထိ ပင်လယ်ငါးဖမ်းလုပ်ငန်းနှင့်ပတ်သက်သောသေမှုသေခင်းနှင့် လူသတ်မှုပေါင်း ၅၀ ခု ဖြစ်ပွားခဲ့သည်ဟုရေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှတ်တမ်းများအရ သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    34,100SubscribersSubscribe
    spot_img

    Latest posts