spot_img
Sunday, March 1, 2026
More
    spot_img
    Homeသတင်းရွှေသံလွင်ကုမ္ပဏီထံမှစစ်တောင်းစက္ကူစက်ပြန်လည်လွှဲပြောင်းရယူရန် မွန်ပြည်နယ်အစိုးရစိစစ်မှုပြုလုပ်

    ရွှေသံလွင်ကုမ္ပဏီထံမှစစ်တောင်းစက္ကူစက်ပြန်လည်လွှဲပြောင်းရယူရန် မွန်ပြည်နယ်အစိုးရစိစစ်မှုပြုလုပ်

    -

    မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ရှိ စစ်တောင်းစက္ကူစက်ကို ရွှေသံလွင်ကုမ္ပဏီမှ လုပ်ငန်းဆက်လက်ဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက် ပြည်နယ်အစိုးရထံ ပြန်လည်လွှဲပြောင်းအပ်နှံရန် အဆိုပြုထားသည့်အပေါ် ပြန်လက်ခံရယူရန် မွန်ပြည်နယ်အစိုးရကော်မတီဖွဲ့စိစစ်မှုပြုလုပ်လျက်ရှိသည်။

    “ရွှေသံလွင်ကုမ္ပဏီက လုပ်ငန်းဆက်လက်ဆောင်ရွက်နိုင်ခြင်းမရှိလို့ ပြန်အပ်တာပေါ့၊ လက်ရှိမှာ ရွှေသံလွင်ဝန်ထမ်းတွေရှိတယ်၊ ဝန်ထမ်းအိမ်ရာတွေရှိတယ်၊ စက်ရုံပစ္စည်းတွေရှိတယ် ပြန်အပ်မယ့်အပိုင်းမှာ ဒို့ကလည်း ပြန်လက်ခံဖို့ ဆောင်ရွက်ဖို့အတွက်ကို ဗမာတိုင်းရင်းသားဝန်ကြီးဦးစီးပြီးတော့ စိစစ်ရေးအဖွဲ့ ဖွဲ့ပြီး မြေပြင်အခြေအနေကွင်းဆင်းစိစစ်နေတယ်၊ အလုပ်သမားတွေရှင်းဖို့က စိစစ်ရေးအဖွဲ့နဲ့ အလုပ်သမားဥပဒေအရ ဘယ်လိုဆောင်ရွက်လို့ရမလဲ မြေကြီးကို ဘယ်လိုလက်ခံလို့ရမလဲ စတာတွေကို စိစစ်နေတဲ့အနေအထားရှိတယ်” ဟု ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောသည်။

    စစ်တောင်းစက္ကူစက်ကို စိစစ်ရေးကော်မတီက သွားရောက်စစ်ဆေးစဉ် (ဓာတ်ပုံ – U Shwe Myit Facebook)
    အလုပ်သမားကိစ္စနှင့် ပတ်သက်ပြီး ရွှေသံလွင်ကုမ္ပဏီက ဖြေရှင်းပေးရမည်ဖြစ်ကြောင်း အားလုံးရှင်းလင်းပြီးမှသာလျှင် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြန်လည်လွှဲပြောင်းရယူမည်ဖြစ်ကြောင်း ဦးမြင်းသန်းဝင်းက ဆက်ပြောသည်။

    လက်ရှိတွင် စစ်တောင်းစက္ကူစက်ကို စည်ပင်၊ အိုးအိမ်၊ မြေစာရင်း၊ စက်မှုကြီးကြပ်၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဌာန၊ အလုပ်သမားဆက်ဆံရေးညွှန်ကြားမှုဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးဌာနတို့ ပါဝင်သည့် စိစစ်ရေးကော်မတီတို့က အသေးစိတ်စိစစ်လျက်ရှိသည်။

    “ကျနော်တို့ ကော်မတီအနေနဲ့က ကွင်းဆင်းကြည့်ထားပြီးပြီ၊ အခုက အသေးစိတ်စိစစ်နေတယ် မြေနဲ့ ပတ်သက်ပြီးရင်လဲ မြေစာရင်းနဲ့ အသေးစိတ်လုပ်ခိုင်းထားတယ်၊ စိစစ်ပြီးရင်တော့ အစိုးရအဖွဲ့ကို တင်ရမယ်၊ လွှဲပြောင်းရယူမယ့်အပိုင်းကတော့ အစိုးရက ဆက်လုပ်မှာ” ဟု စစ်တောင်းစက္ကူစက် စိစစ်ရေးကော်မတီ ဥက္ကဌ (မွန်ပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး) ဦးရွှေမြင့်က ပြောသည်။

    ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် စစ်တောင်းစက္ကူစက်ကို ပြန်လည်လွှဲပြောင်းရယူပြီးပါက ရင်းနှီးမြှုပ်နှံမည့်သူကို ရှာဖွေဖိတ်ခေါ်ပြီး အဆိုပါနေရာတွင် စက်မှုဇုန်၊ စက်ရုံ၊ အလုပ်ရုံများ ဖြစ်လာအောင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။

    စစ်တောင်းစက္ကူစက် မြေဧရိယာ ၆၉၈ ဧကကို ရွှေသံလွင်ကုမ္ပဏီက စက်ရုံစုများ ဖော်ထုတ်နိုင်ရန် ယခင်အစိုးရလက်ထက်က တစ်နှစ်လျှင် ကျပ်သိန်း ၄၀ဝ နှုန်းဖြင့် ၂၀၁၅ ခုနှစ်မှ ၂၀၄၅ ခုနှစ်အထိ အနှစ် ၃၀ ငှားရမ်းထားခဲ့ကြောင်း သိရသည်။

    ထိုအတူ စက်ရုံရှိ အဆောက်အဦး၊ စက်နှင့် စက်ပစ္စည်းများကို ပုံသေပိုင်ပစ္စည်းလက်ကျန်တန်ဖိုးဖြင့် တစ်နှစ်လျှင် ကျပ်သိန်း ၂၀ဝ ကျော်ဖြင့် ရွှေသံလွင်ကုမ္ပဏီက ၁၀ နှစ် စာချုပ်ချုပ်ဆို ငှားရမ်းခဲ့ကြောင်းပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks