spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းရာဘာစက်ရုံများ ပတ်ဝန်းကျင်ဆိုင်ရာအစီရင်ခံစာတင်ပြကြရန် မွန်ဝန်ကြီးချုပ်ပြော

    ရာဘာစက်ရုံများ ပတ်ဝန်းကျင်ဆိုင်ရာအစီရင်ခံစာတင်ပြကြရန် မွန်ဝန်ကြီးချုပ်ပြော

    -

    မွန်ပြည်နယ်အတွင်းရှိ ရာဘာစက်ရုံများ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာအစီရင်ခံကို အောက်တိုဘာလ ၃၁ ရက်နေ့နောက်ဆုံး တင်ပြကြရန် မွန်ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားထားသည်။

    ပြည်နယ်အတွင်းရှိ ရာဘာကြိတ်ခွဲသားစက်ရုံ၊ ရာဘာအထပ်သားစက်ရုံ၊ ရာဘာပြားထုတ်လုပ်သည့်စက်ရုံ အစရှိသည့် ရာဘာဆိုင်ရာစက်ရုံပိုင်ရှင်များနှင့် ပြည်နယ်အစိုးရအဖွဲ့တို့ အောက်တိုဘာ ၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် တွေ့ဆုံခဲ့ကြစဉ် ဝန်ကြီးချုပ် ပြောကြားထားခြင်းဖြစ်သည်။

    ရာဘာခြံ(MNA)
    “ဒီနေ့က ရာဘာစက်ရုံအားလုံးနဲ့ တွေ့ဆုံတာဖြစ်တယ် ဘာလို့လဲဆိုတော့ ရာဘာစက်ရုံနဲ့ ပတ်သက်ပြီးတော့ တိုင်ကြားမှုတွေလည်းရှိတယ်၊ လွှတ်တော်မှာလည်း အဆိုအောင်ထားတယ်ဆိုတော့ အစိုးရအနေနဲ့က အကောင်အထည်ဖော်ပေးရမှာဖြစ်တယ်၊ အဓိက EMP ပေါ့ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ အစီရင်စာ တင်ဖို့ပါ ဝန်ကြီးချုပ်ကတော့ ဒီလမကုန်ခင်မှာ တင်ကြဖို့ ပြေားထားတယ်” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

    မွန်ပြည်နယ်တစ်ခုလုံးတွင် ရော်ဘာကြိတ်ခွဲသားစက်ရုံ၊ ရော်ဘာအထပ်သားစက်ရုံ၊ ရော်ဘာပြားထုတ်လုပ်သည့်စက်ရုံ အစရှိသည့် ရော်ဘာဆိုင်ရာစက်ရုံ ၃၂ ရုံရှိသည်ဟု ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန စာရင်းအရ သိရသည်။

    လက်ရှိတွင် ပတ်ဝန်းကျင်ဆိုင်ရာစီမံခန့်ခွဲမှုအစီရင်ခံစာတင်ထားသည့် စက်ရုံအချို့ရှိသော်လည်း စွန့်ပစ်ရေကန်တည်ဆောက်ခြင်း၊ စွန့်ပစ်သည့်စနစ်၊ ကုန်ကြမ်းထားသိုလှောင်ခြင်းလုပ်ငန်းများတွင် ပြီးပြည့်စုံမှုမရှိသည်ကို တွေ့ရှိရကြောင်း ဒေါက်တာမင်းကြည်ဝင်းက ဆက်ပြောသည်။

    ပတ်ဝန်းကျင်ဆိုင်ရာ လိုက်နာရမည့် စည်းကမ်းချက်များ လိုက်နာဆောင်ရွက်မှုမရှိသည့် ရော်ဘာစက်ရုံများကို ပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်သွားမည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ်က ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် သတ္တမပုံမှန်အစည်းအဝေးတွင် ပြောကြားထားခဲ့သည်။

    မွန်ပြည်နယ်တွင် ပြည်နယ်အစိုးရ ငွေကြေးထောက်ပံ့မှုဖြင့် နိုင်ငံတကာအဆင့်မီ အရည်အသွေးကောင်း ရော်ဘာများ ထုတ်လုပ်နိုင်သည့် စက်ရုံများ တည်ဆောက်ရန် စီစဉ်လျက်ရှိပြီး အဆိုပါစက်ရုံများအတွက်လည်း ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ အစီရင်ခံစာ တင်ပြမှသာလျှင် လုပ်ခွင့်ပြုမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks