Homeသတင်းသံဖြူဇရပ်မြို့နယ် NLD သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ မူးယစ်ဆေးဝါးမှုဖြင့်ဖမ်းဆီးထား

သံဖြူဇရပ်မြို့နယ် NLD သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ မူးယစ်ဆေးဝါးမှုဖြင့်ဖမ်းဆီးထား

-

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးထွန်းဝင်းကို မူးယစ်ဆေးဝါးမှုဖြင့် စက်တင်ဘာလ (၂၀) ရက်နေ့တွင် သံဖြူဇရပ် မြို့မ ရဲစခန်းက ဖမ်းဆီးအရေးယူထားကြောင်း သတင်းရရှိသည်။

သံဖြူဇရပ်- ကျိုက်ခမီကားလမ်းမပေါ် တောင်ဖလုကျေးရွာအနီး၌ စက်တင်ဘာလ (၂၀) ရက်နေ့ ညနေပိုင်းတွင် ဦးထွန်းဝင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရဲများတားဆီးရာမှ WY စိတ်ကြွမူးယစ်ဆေးပြားများတွေ့ရှိသည့်အတွက် ဖမ်းဆီးအရေးယူထားကြောင်း သံဖြူဇရပ်မြို့မ ရဲစခန်းမှ တာဝန်မှူး ရဲအုပ် မင်းဌေးမောင်မောင်က မွန်သတင်းအေဂျင်စီသို့ ပြောကြားသည်။

ဦးထွန်းဝင်း မူးယစ်ဆေးဝါးမှုဖြင့်ဖမ်းဆီးထားစဉ်(Aye Min Tun)
“ကျွန်တော်တို့ သတင်းအရ ရှာတာပေါ့။WY စိတ်ကြွမူးယစ်ဆေးဝါး ၁၅ ပြားတွေ့တယ်။ ချုပ်ရက် ရမန်တောင်းပြီး ဆက်ပြီး စစ်ဆေးနေတယ်”ဟု ၄င်းက ပြောသည်

လက်ရှိမှာ ဦးထွန်းဝင်းကို သံဖြူဇရပ်မြို့မ ရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ မယပ (ပ) ၁၉ /၂၀၁၇ ၊ ၁၅/ ၁၆ (ဂ) /၂၀ (က) ဖြင့် အမှုဖွင့် စစ်ဆေးအရေးယူထားကြောင်း ရဲအုပ်မင်းဌေးမောင်မောင်က ဆိုသည်။

သံဖြူဇရပ်မြို့မ ရဲစခန်းမှ ဒုရဲအုပ်ညွန့်ဝင်းက “မူးယစ်ဆေးဝါးသုံးစွဲသူလား၊ ရောင်းချသူလားဆိုတာ ပြောလို့မရသေးပါဘူး။ အခုချိန်မှာစစ်ဆေးဆဲပါပဲ။ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိရင် အများဆုံးထောင်(၇) နှစ်အထိ ရှိပါတယ်” ဟု ပြောသည်။

သို့ရာတွင် ပြစ်မှုတစ်ခုကို ကြိုတင်ဆုံးဖြတ်၍မရကြောင်း၊ မူးယစ်ဆေးဝါးဥပပဒေတွင်ပါရှိသည့် ပြစ်မှုပြစ်ဒဏ်ကို တရားသူကြီး၏ဆင်ခြင်တုံတရားဖြင့်သာ ပြစ်ဒဏ်ချမှတ်လိမ့်မည်ဖြစ်ကြောင်း ဥပဒေပညာရှင်များက ထောက်ပြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက “မူးယစ်ဆေးဝါးပြဿနာတွေ၊ ရာဇဝတ်မှုတွေ၊ လောင်းကစားမှုတွေကို ဥပဒေနဲ့အညီထိထိရောက်ကိုင်တွယ်ဖြေရှင်းသွားမယ်၊ မူးယစ်ဆေးဝါးပြဿနာကိုဖြေရှင်းရာမှာ သုံးစွဲသူအပြင် လက်လီလက်ကားရောင်းချသူများကိုပါ ရပ်တန်းကရပ်ရန် ထိထိရောက်ရောက်အသိပေးသွားမယ်” ဟု လွန်ခဲ့သည့်မတ်လက ဝန်ကြီးချုပ်ခပ်အပ်ခံရအပြီး မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts