Friday, March 20, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင် အရည်အသွေးမြင့် သန့်စင်မှိုင်းခံရာဘာပြားစက်ရုံ ထပ်မံတည်ဆောက်မည်

    မွန်ပြည်နယ်တွင် အရည်အသွေးမြင့် သန့်စင်မှိုင်းခံရာဘာပြားစက်ရုံ ထပ်မံတည်ဆောက်မည်

    -

    မွန်ပြည်နယ်ရာဘာများ အရည်အသွေးမြှင့်တင်နိုင်ရန်အတွက် ရာဘာအရည်အသွေး မြှင့် သန့်စင်မှိုင်းခံရာဘာပြားစက်ရုံအသစ် (၁၉) ရုံ ယခုနှစ်တွင် ထပ်မံတည်ဆောက်မည်ဟု ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဆိုသည်။

    ရာဘာဈေးနှုန်းကျဆင်းနေရခြင်း၏ အဓိကအချက်မှာ အရည်အသွေး နိမ့်နေခြင်းနေလည်း တစ်ခုအပါအဝင် ဖြစ်နေသောကြောင့် အရည်အသွေးမြှင့်တင်နိုင်ရန်အတွက် သန့်စင်မှိုင်းခံရာဘာပြားစက်ရုံအသစ် တည်ဆောက်ရခြင်းဖြစ်ကြောင်း မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကြည်စိုးက ပြောသည်။

    ရာဘာကြိတ်ပြားများ(MNA)
    ပြည်နယ်ဦးစီးမှူးက “အသစ်က (၁၉) ရုံ၊ အဟောင်းက လက်ရှိထုတ်နေတဲ့ရုံ (၇၁) ရုံရှိတယ်။ အားလုံး (၉၀) လောက်တက် သွား မယ်။ တည်တာက တစ်နေ့ကို အနည်းဆုံး ပေါင် (၃၀ဝ၀) ကြားထုတ်မယ်။ တစ်နေ့ကိုတန် သုံးဆယ် လောက် ထုတ်နိုင်မယ်လို့ ခန့်မှန်းခြေတွက်ထားတယ်” ဟု ဆိုသည်။

    စက်ရုံတည်ဆောက်လိုသူများ တစ်ဦးချင်းဖြစ်စေ၊ အစုအဖွဲ့ဖြင့် ဖြစ်စေ လိုအပ်သည့် ငွေကြေးအရင်းအနှီးများ ရယူနိုင်ရန် မိမိတို့၏ လုပ်ငန်းနှင့်ပတ်သက်သည့်အဆိုပြုချက် proposal များကို ပြည်နယ်အစိုးရအဖွဲ့ထံသို့ တင်ပြရမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

    အဆိုပါ အရည်အသွေးမြှင့်စက်ရုံတစ်ရုံအတွက် ဥပမာအားဖြင့် သိန်း (၂၀ဝ၀) ကျပ် ကုန်ကျပါက အစိုးရဘက်မှ သိန်း (၁၂၀ဝ) ကျပ် ထောက်ပံ့ပေးရန်နှင့် လုပ်ငန်းရှင်များဘက်မှ သိန်း (၈၀ဝ) ခန့် ၄၀% ကုန်ကျနိုင်ရန် စီစဉ်နေကြောင်း သိရသည်။

    ကျိုက်မရောမြို့နယ် ရာဘာစိုက်ပျိုးထုတ်လုပ်အသင်း အတွင်းရေးမှူး ဦးသက်ဦးက” ရာဘာစက်ရုံတွေများ လာလို့ရှိရင် ရာဘာအားလုံးကို စုဆောင်းနိုင်မယ်ဆိုရင် ဂျပန်တို့ရော စင်ကာပူတို့ရော သူတို့လာဝယ်ဖို့အတွက် အစိုးရတွေနဲ့ သူတို့ဆက်သွယ်ထားပြီးပြီ၊ ကျွန်တော်တို့ဘက်က တစ်လကို weight တန် ၅၀ ဖြစ်ဖြစ် တန် ၁၀ဝ ဖြစ်ဖြစ် တင်သွင်းပေးမယ်လို့ သူတို့နဲ့ စာချုပ်ချုပ်နိုင်လို့ရှိရင် ကျွန်တော်တို့က ကမ္ဘာဈေးကွက်နှင့်အညီ ရနိုင်မယ်” ဟု ပြောသည်။

    ရာဘာကဏ္ဍတွင် အရည်အသွေးမြင့်င့် ထုပ်လုပ်နိုင်ရန် ဝယ်ယူမည့် လုပ်ငန်းရှင်များသော်လည်ကောင်း၊ စက်ရုံအလုပ်ရုံများသော်လည်ကောင်း ရှိရန်လိုအပ်သည်ဟု စက်တင်ဘာလ ၆ ရက်နေ့က ပြည်နယ်အစိုးရရုံး၊ ဟင်္သာခန်းမတွင် ပြုလုပ်သည့် မွန်ပြည်နယ်၏ ရာဘာကဏ္ဍ ဖွံ့ဖြိုးတက်ရေးမှိုင်းခံရာဘာ ပြားစက်ရုံလုပ်ငန်း ရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

    လွန်ခဲ့သောနှစ်က ရာဘာဈေးကွက်သည် ဆက်တိုက်ကျဆင်းနေပြီး တစ်ပေါင်လျှင် အနည်းဆုံး ၅၀ဝ ကျပ်မှ ၁၀ဝ၀ ကျပ်အတွင်းသာ ဈေးပေါက်သည်ဟု သိရသည်။

    မြန်မာတစ်နိုင်ငံလုံးတွင် ရာဘာစိုက်ပျိုးဧက (၁၄) သိန်းကျော်၊ မွန်ပြည်နယ်၌ ရာဘာဧက (၅)သိန်းကျော်ရှိပြီး တစ်နှစ်လျှင် ရာဘာတန်ချိန် (၁၀၆,ဝ၀ဝ) ထုတ်လုပ်နိုင်သည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks