spot_img
Friday, March 29, 2024
More
    spot_img
    Homeမေးမြန်းချက်DPN အဖွဲ့ဝင် ဦးထွန်းဇော်နှင့်တွေ့ဆုံမေးမြန်းခြင်း

    DPN အဖွဲ့ဝင် ဦးထွန်းဇော်နှင့်တွေ့ဆုံမေးမြန်းခြင်း

    -

    ဦးထွန်းဇော်သည် ရခိုင်ပြည်အမျိုးသားကောင်စီ (Arakan National Council – ANC) ၏ အထွေထွေအတွင်း ရေးမှူးဖြစ်ပြီး ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (United Nationalities Federal Council – UNFC) မှ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းရေးဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (Delegation for Political Negotiation – DPN) တွင် ပါဝင်သူတစ်ဦးဖြစ်သည်။ သြဂုတ်လ ၁၀ ရက်မှ ၁၁ ရက်အထိ နှစ်ရက်ကြာကျင်းပပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN အဖွဲ့ တွေ့ဆုံးဆွေးနွေးမှုအပေါ် မွန်သတင်းအေဂျင်စီမှ အလွတ်တန်း သတင်းထောက် မင်းရန်နိုင်က တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

    မင်းရန်နိုင် – UNFC ကနေပြီး အဆိုပြုထားတဲ့ အချက် (၉) ချက်အပေါ် အစိုးရအဖွဲ့ရယ်၊ တပ်မတော်ရယ်က ဒီ (၉) ချက်အပေါ်မှာ သူတို့ ဘယ်လိုသဘောထား ရှိနေတယ်လို့ သုံးသပ်ပါသလဲ။

    DPN အဖွဲ့ဝင် ဦးထွန်းဇော်(MNA)
    ဦးထွန်းဇော် – ကျွန်တော်တို့ (၉) ချက်ကိုတော့ လက်ခံလို့ပဲ အသိအမှတ်ပြု ဆွေးနွေးလာတာ တစ်နှစ်ကျော် ပြီပေါ့နော်။ ကျွန်တော်တို့ နားလည်တာက။ ဆိုတော့ ဒီ (၉) ချက်ကိုလည်း ကျွန်တော်တို့ ပြောထားတာက ဒါက ညှိနှိုင်းအဖြေရှာတဲ့ ဥစ္စာသာဖြစ်တယ်။ ကျွန်တော်တို့ ရလာတဲ့ရလဒ်ကလည်း ညှိနှိုင်းအဖြေရှာပြီးတော့မှ ရလာ တဲ့ ရလဒ်ဖြစ်ပါတယ်။ ကျွန်တော်တို့ နားလည်တဲ့ပုံစံအရ ပြောမယ်ဆိုရင်တော့ ဒီ (၉) ချက်က အခု ဆွေးနွေးနေ တယ်။ အစိုးရဘက်က သဘောထားကလည်း ဒီအပေါ်မှာ လက်ခံခဲ့လို့လည်း ဒီနေ့ထက်ထိ စိတ်ရှည်လက်ရှည် နဲ့ နှစ်ဖက်အပြန်အလှန် ကျွန်တော်တို့ အသိအမှတ်ပြုမှုနဲ့တော့ ဆွေးနွေးနေကြတာပါ။ အဲဒီလို ပြောလို့ရပါ တယ်။

    မင်းရန်နိုင် – တပ်မတော်ဘက်ကရော ဒီ (၉) ချက်အပေါ်မှာ ဘယ်လိုသဘောထားနေတယ်လို့ ထင်ပါသလဲ။

    ဦးထွန်းဇော် – အဲဒါကတော့ တပ်မတော်ကို မေးရင် အဖြေအတိအကျ ရပါလိမ့်မယ်။ သူတို့ရဲ့ သဘောထားက တော့ တစ်ချက်ချင်းစီအပေါ်မှာ တုန့်ပြန်တဲ့နည်း ဖြစ်ပါတယ်။ တုန့်ပြန်လာလို့လည်း ကျွန်တော်တို့ရဲ့ အဖြေရ လဒ်က ဒီနေ့ထက်ထိ အဖြေထွက်ဖို့က နည်းနည်းကြန့်ကြာနေတဲ့ သဘောရှိတယ်လေ။ တပ်မတော်ရဲ့ သဘော ထားကို ယေဘူယျ ချုံပြောမယ်ဆိုရင်တော့ ကျွန်တော်တို့ NCA လက်မှတ်ထိုးဖို့ကိုတော့ သူတို့က လိုလား တယ်။ ဒါပေမဲ့ NCA လက်မှတ်ရေးထိုးနိုင်ဖို့အတွက် ကျွန်တော်တို့ အဆိုပြုတဲ့ အဆိုပြုချက်ထဲက အားလုံးကို လက်ခံနိုင်တဲ့ အနေအထားတော့ သူတို့ မရှိဘူး။ အဲဒီလို ပြောလို့ရပါတယ်။

    မင်းရန်နိုင် – အဲဒါဆိုရင် ဒီအဆိုပြုထားတဲ့ (၉) ချက်ကလည်း တစ်နှစ်ကျော်လာပြီ။ ဆွေးနွေးတိုင်း ဆွေးနွေး တိုင်းလည်း အချက်တွေက မပြတ်ဘူး။ လေးချက်၊ ငါးချက်လောက် အတည်ပြုလိုက်၊ နောက်တစ်ခါပြန်ဆွေး နွေးရင် တစ်ကနေပြန်စလိုက် ဖြစ်နေတယ်ဆိုတော့ ကျန်နေတဲ့ အချက်တွေအပေါ်မှာ ဘယ်လိုသုံးသပ်ချင်ပါသ လဲ။

    ဦးထွန်းဇော် – ကျွန်တော် သုံးသပ်တာကတော့ နှစ်ချက်ပေါ့နော်။ တပ်မတော်ဘက်က သူ့ရဲ့ နိုင်ငံရေးဆန္ဒ အပြည့်အဝမရှိသေးတဲ့ အပိုင်းတစ်ပိုင်းရှိတယ်။ နောက်တစ်ပိုင်းတွေ့ရတာကတော့ ကျွန်တော်တို့ ဒီနိုင်ငံရေးဆန္ဒ နဲ့ဆက်စပ်နေတဲ့ ယုံကြည်မှုတည်ဆောက်ရေးအပိုင်းမှာပေါ့။ အဲဒီအပိုင်းမှာလည်း သူတို့ရဲ့ စိတ်ပါဝင်စားမှု မရှိ ဘူး။ အဲဒီမှာ လိုအပ်နေသေးတယ်လို့ ကျွန်တော်တို့ မြင်တယ်။ တကယ့်စိတ်ပါလက်ပါနဲ့ ဒီငြိမ်းချမ်းရေးကို မဖြစ် မနေ ရအောင်ယူပြီးတော့ ဒီတိုင်းပြည်ကို ဖက်ဒရယ် ပြည်ထောင်စုအနေနဲ့ တည်ဆောက်သွားမယ်ဆိုတဲ့ ရပ် တည်ချက် သဘေားထားက အစိုးရနဲ့ တပ်ကြားမှာ မတူကြဘူး။ အစိုးရကတော့ တက်ကြွမှုနဲ့ ဆန္ဒအပြည့်အဝ ရှိ တယ်။ တစ်ချိန်က သူလည်း အတိုက်အခံဖြစ်ခဲ့တာပဲ။ တပ်မတော်ဘက်ကကြတော့ သိတဲ့အတိုင်းပဲလေ။ သူက တော့ အရင် ယန္တရားအဟောင်းနဲ့ စနစ်အဟောင်းကနေ ဖြစ်တည်လာခဲ့တဲ့ Institution ကို ကိုယ်စားပြုနေတဲ့ အကြီးအကဲ ခေါင်းဆောင်တစ်ယောက်ပေါ့လေ။ နောက်သူ့ရဲ့ စိတ်နေစိတ်ထားနဲ့ ပြုပြင်ဖို့ကတော့ ပြောင်းလဲမှု မရှိသေးဘူးလို့ ဒီလိုဖြစ်နေတယ်လို့ပဲ မြင်ပါတယ်။

    မင်းရန်နိုင် – ဒါဆိုရင် နောက်ထပ်နောက်ထပ်တွေမှာလည်း ဒီအချက် (၉) ချက်အပေါ်မှာပဲ အခြေခံပြီး ဆွေးနွေး ရမယ်ဆိုတော့ သူတို့ အပိုင်းကတော့ တစ်ပိုင်းပေါ့နော်၊ ဒါပေမဲ့ ဒီဘက်က ဒါမျိုးကျန်နေတာတွေကို သိပ်ပြီး ဘဝင်မကျဘူးလို့ ကျွန်တော်တို့ထင်တယ်။ ဆိုတော့ နောက်ဆွေးနွေးမှုတွေမှာရော ကျန်ရှိနေတဲ့အချက်တွေကို ဒီဘက်က ဘယ်လိုပုံစံမျိုးနဲ့ ဆွေးနွေးဖို့ ပြင်ဆင်သွားမလဲ။

    ဦးထွန်းဇော် – ဒီတစ်ခေါက် ကျွန်တော်တို့ ဆဋ္ဌမအကြိမ်အစည်းအဝေးအရဆိုရင် အစိုးရရယ်၊ တပ်မတော်ရယ် ဘက်က နည်းလမ်းရှာဖို့အတွက်ကို သူတို့လမ်းဖွင့်ထားဆဲ ဖြစ်တယ်။ တွေ့ဆုံဆွေးနွေးမှုအဖြေရှာဖို့လည်း ဆန္ဒ တော့ ရှိနေတယ်။ အဲဒီဆန္ဒအရ ကျွန်တော်တို့ကလည်း တွေ့ဆုံဆွေးနွေးဖို့ အသိအမှတ်ပြုပြီးတော့ ကျွန်တော် တို့လည်း ဆက်ဆွေးနွေးမယ်။ အဖြေရှာမယ်။ ကျွန်တော်တို့က တိုက်ပွဲနည်းလမ်းနဲ့တော့ အဖြေရှာတာက အဖြေမထွက်ဘူး။ စားပွဲဝိုင်းနည်းလမ်းနဲ့ အဖြေရှာမယ်ဆိုပြီး နည်းလမ်းကို ကျင့်သုံးသမျှကာလပတ်လုံး စားပွဲ ဝိုင်းနည်းလမ်းနဲ့ ကျွန်တော့်တို့က ညှိနှိုင်းအဖြေရှာသွားမယ်ဆိုတဲ့ စိတ်ဆန္ဒရှိပါတယ်။

    မင်းရန်နိုင် – UNFC အကြောင်း နည်းနည်း မေးချင်ပါတယ်ခင်ဗျ။ UNFC ကနေပြီး နှုတ်ထွက်တဲ့ အဖွဲ့တွေက လည်း ရှိတယ်ဆိုတော့ တချို့က UNFC ဟာ အားပျော့သွားပြီဆိုပြီး သုံးသပ်နေတာတွေ ရှိပါတယ်။ အဲဒီသုံး သပ်ချက်တွေအပေါ် ဘာများ ပြန်ပြောလိုပါသလဲ။

    ဦးထွန်းဇော် – UNFC ရဲ့အနေအထားကို အပေါ်ယံအားဖြင့် ကြည့်မယ်ဆိုရင် ကျွန်တော့်တို့ရဲ့ အရေအတွက်အ ရ အဖွဲ့ဝင်တွေကတော့ လျော့သွားတယ်လို့ ပြောလို့ရပေမယ့် ဒီထွက်သွားတဲ့အဖွဲ့တွေအနေနဲ့ကတော့ ကျွန် တော်တို့နဲ့ မူဝါဒကွဲပြားပြီးတော့မှ သဘောထားဆန္ဒမတိုက်ဆိုင်လို့ မဟုတ်ဘူး။ ကျွန်တော်တို့နဲ့ သူ့ရဲ့ရောက်ရှိ နေတဲ့ ပထဝီအနေအထားအရ ဖြစ်တည်နေတဲ့ သူ့ရဲ့ဒေသ နိုင်ငံရေးအခြေအနေအရ သူတို့မြောက်ပိုင်းမှာ စုပြီး ရပ်တည်ရမယ်ဆိုတဲ့အနေအထားဖြစ်သွားလို့သာ သူတို့ ရပ်တည်နေရခြင်း ဖြစ်တယ်။ ဒါပေမဲ့ UNFC ရဲ့ မူဝါဒနဲ့ ရပ်တည်ချက်နဲ့ သဘောထားအပေါ်မှာတော့ ကျွန်တော်တို့နဲ့ ဆန့်ကျင်ဘက် ကွဲလွဲချက်တော့ မရှိဘူးလို့ ဒီလိုပဲ ပြောလို့ရပါတယ်။ အဲဒါကြောင့် အင်အားကို ကြည့်တဲ့အခါမှာတော့ အရေအတွက်အားဖြင့်ပြောရင်တော့ ကျွန် တော်တို့က နည်းသွားတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ နိုင်ငံရေးအရ ကြည့်မယ်ဆိုရင်တော့ ကျွန်တော်တို့ကြားမှာ ဘာမှမူဝါဒပြဿနာတွေ ကြီးကြီးမားမားမရှိတဲ့အတွက် အဲဒါကြောင့် ကျွန်တော်တို့ကြား မှာ ပြဿနာလည်း မရှိဘူး။ မသင့်မြတ်မှုတွေလည်း မရှိဘူး။ ကျွန်တော်တို့က အတူတကွ လုပ်နိုင်တဲ့အနေအ ထားတွေ ရှိတယ်။ အရင်က ရှိနေတဲ့ စိတ်နေစိတ်ထားအတိုင်းပဲ။ ဒီအဖွဲ့ ခေါင်းစဉ်ပြောင်းချင်ပြောင်းသွားမယ်။ ကျွန်တော်တို့ လူတွေရဲ့ စိတ်နေသဘောထားနဲ့ ကျွန်တော်တို့ နိုင်ငံရေးအရ ရပ်တည်ချက်ကတော့ မကွဲပြားဘူး လို့ ဒါကိုတော့ ကျွန်တော်တို့ ပြောလို့ရပါတယ်။

    မင်းရန်နိုင် – အပြင်က သုံးသပ်နေတာက UNFC မှာ နှုတ်ထွက်တဲ့အဖွဲ့တွေရှိတဲ့အတွက် UNFC ရဲ့ သဘော ထားက NCA ကို လက်မှတ်ထိုးလာနိုင်တယ်ဆိုပြီး သုံးသပ်နေတာတွေလည်း ရှိတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ ရော ဘယ်လိုဆုံးဖြတ်ချက်မျိုးတွေ ရှိလဲ။

    ဦးထွန်းဇော် – ကျွန်တော်တို့ UNFC ရဲ့ ရပ်တည်ချက်က စကတည်းက ဒီ NCA စာချုပ်ကို UNFC ကနေပြီးတော့ ပဲ နောက်ကနေ ကူပေးခဲ့တာ တောက်ရှောက် NCCT ဖြစ်ပေါ်ဖို့ အခင်းအကျင်းကစပြီးတော့ဆိုတော့ NCA ကို လက်မှတ်ထိုးဖို့ UNFC ရဲ့ ဆန္ဒက အခုမှပဲ ပြောင်းလဲလာတဲ့ အခြေအနေအရ ဖြစ်လာတာမဟုတ်ဘူး။ NCA စာချုပ် လက်မှတ်ရေးထိုးမယ်ဆိုတာ အခြေအနေက ရှိနေပြီးသား ဖြစ်တယ်။ အရင်ကတည်းကလည်း အတူတူ လုပ်ခဲ့တယ်။ ဒါကို ခုနပြောတဲ့ ကျွန်တော်တို့က လက်မှတ်ရေးထိုးဖို့ အနေအထားမှာ အခြေအနေက မပေးခဲ့ ဘူး။ ဘာကြောင့် မပေးလဲ၊ အားလုံးပါဝင်ရေးမူကြောင့်၊ အားလုံးပါဝင်ရေးမူနဲ့သက်ဆိုင်တဲ့အခါကြတော့ ယုံ ကြည်မှုက ပျက်သွားပြီ။ ယုံကြည်မှုပျက်သွားတဲ့အတွက် ကျွန်တော်တို့ အခု ယုံကြည်မှု ပြန်တည်ဆောက်နေ တယ်။ ကျွန်တော်တို့ ယုံကြည်မှုသာ အခိုင်အမာ ရရှိမယ်ဆိုရင် အတိုင်းအတာတစ်ခုထိ ယုံကြည်မှု ပြန်တည် ဆောက်နိုင်မယ်ဆိုရင် NCA လက်မှတ်ရေးထိုးနိုင်မယ့်အဆင့်ကို ရောက်မှာပါ။ ကျွန်တော်တို့က စားပွဲဝိုင်းမှာ ဆွေးနွေးနေတဲ့အချိန်မှာပဲ အချက်အလက်အရ စာရွက်ပေါ်မှာ သဘောတူပြီး အဲဒီစာရွက်ပေါ်မှာ သဘောတူညီ နိုင်တဲ့အထိ မြေပြင်အနေထားတွေကိုလည်း ကျွန်တော်တို့က ကြည့်ဖို့လိုတယ်။ မြေပြင်အနေအထားရဲ့ အပြုအ မူတွေကလည်း ကျွန်တော်တို့ NCA လက်မှတ်ရေးထိုးနိုင်ခြင်း အနေအထားပေါ်မှာ အများကြီးမူတည်တယ်လို့ ပြောလို့ ရပါတယ်။

    မင်းရန်နိုင် – ဒီတစ်ခေါက် ဆွေးနွေးလို့ ရလာတဲ့ ရလဒ်အပေါ်ကိုရော ဘယ်လိုသုံးသပ်ချင်ပါသလဲ။

    ဦးထွန်းဇော် – ဒီနေ့ ကျွန်တော်တို့ ရလာတဲ့ ရလဒ်ကတော့ ဘာပဲပြောပြော ကျွန်တော်တို့ ရှေ့ဆက်သွားဖို့အ တွက်တော့ အထောက်အကူဖြစ်စေတယ်လို့ ကျွန်တော်တို့ သုံးသပ်လို့ ရပါတယ်။ အချက်အလက်အားဖြင့် ပြော မယ်ဆိုရင်တော့ လေးချက်ရတယ်။ ကိုးချက်ကျန်တယ်။ အဲဒီလိုမျိုးတော့ အခြေခံအားဖြင့် သုံးသပ်လို့ မရပါဘူး။ ကျွန်တော်တို့ ဒီ (၈) ချက်လုံး ပြေလည်မှပဲ ကျွန်တော်တို့က NCA လက်မှတ်ရေးထိုးမယ့် အဆင့်ကို ရောက်မှာ ဖြစ်တဲ့အတွက် အဲဒီ (၈) ချက်စလုံး ပြေလည်နိုင်ဖို့အတွက် ကျွန်တော်တို့ ထပ်ပြီးတော့ ကြိုးစားရဦးမယ်၊ ကြိုး ပမ်းရဦးမယ်။ အဲဒီအတွက်ကတော့ ဒီနေ့ ဆဋ္ဌမအကြိမ်ဆွေးနွေးမှုက ဆက်သွားဖို့အတွက် အထောက်အကူ ဖြစ်စေတယ်လို့ ပြောလို့ရပါတယ်။

    မင်းရန်နိုင် – ကျွန်တော် မေးခဲ့တဲ့မေးခွန်းတွေအပြင် တခြားပြောချင်တာများ ရှိရင်လည်း ပြောပေးပါဦးခင်ဗျ။

    ဦးထွန်းဇော် – ကျွန်တော်ပြောချင်တာကတော့ အခု ဒီတစ်နှစ်ကျော် ဆွေးနွေးလာတဲ့ ကျွန်တော်တို့ရဲ့ ဆွေးနွေး ချက် (၉) ချက်က ဒီနေ့ထက်ထိ မပြေလည်နိုင်သေးတာကတော့ အဓိက ကျွန်တော်တို့ ယုံကြည်မှု တည် ဆောက်တဲ့အခါမှာ အဖုအထစ်ဖြစ်နေတဲ့အတွက် ဒီအပေါ်မှာ သွားပြီးတော့ ရိုက်ခတ်တယ်လို့ ကျွန်တော်တို့ ပြောလို့ရပါတယ်။ နောက်တစ်ခါ ကျွန်တော်တို့ အရင်တုန်းက အတူတကွ လုပ်လာတဲ့ အဖွဲ့အစည်းတွေကြားထဲ မှာ ကျွန်တော်တို့ ဒီယုံကြည်မှုတည်ဆောက်တဲ့ အစိတ်အပိုင်းဖြစ်စဉ်အရ အခိုင်အမာရပ်တည်နေတဲ့ကြားကမှ ကျွန်တော်တို့ ကွဲပြားအောင်လုပ်တဲ့ အခြေအနေကို ဖန်တီးလိုက်တယ်။ အဲဒါကြောင့်မို့ ကျွန်တော်တို့ ဒီဆွေးနွေး မှုတွေကလည်း နှောင့်နှေးသွားတယ်။ အခုအဲဒီလိုမျိုးကို ကျွန်တော်တို့က မဖြစ်စေချင်ပါဘူး။ အစိုးရအနေနဲ့ သူရဲ့ တာဝန်ရှိတဲ့အလျောက် သူတို့မှာ ရှိနေတဲ့ Institution တွေပေါ့။ အစိုးရထဲမှာ ပါဝင်နေတဲ့ အစိုးရရယ်၊ တပ်မတော်ရယ် Institution တွေကို ပိုင်ပိုင်နိုင်နိုင်ဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်းလေး လုပ်နိုင်မယ့်အနေအ ထားဖြစ်အောင် လုပ်ဖို့လိုတယ်လို့ ကျွန်တော်တို့ မြင်ပါတယ်။ NCA လက်မှတ်ရေးထိုးပြီး နောက်ပိုင်းမှာလည်း ကျွန်တော်တို့က အစိုးရသက်သက်၊ တပ်မတော်ကသက်သက်လို့ ပြောလို့မရအောင် ဒီမိုကရေစီ နိုင်ငံတစ်ခုဖြစ် ဖို့ဆိုရင်တော့ တပ်မတော်ဆိုတာ ဒီမိုကရေစီ အုပ်ချုပ်မှုအောက်မှာ ရှိနေမှာ ဖြစ်တယ်။ အဲဒီအဆင့်ကိုတော့ ကျွန်တော်တို့က ဖြည်းဖြည်းချင်း ဝင်ရောက်နေပြီ။ သွားနေပြီ။ ပြီးတော့ ဒီနေ့အကြောင်းအမျိုးမျိုးကြောင့် ဒီမိုက ရေစီ အုပ်ချုပ်မှုအောက်ကို အရပ်ဖက်အုပ်ချုပ်မှု အစိုးရအောက်ကို တပ်မတော်က မရောက်သေးတဲ့အနေအ ထားအောက်မှာ ကျွန်တော်တို့ ငြိမ်းချမ်းရေးတည်ဆောက်ရေး အစိတ်အပိုင်းဟာလည်း အခက်အခဲအဖြစ်တော့ ရှိနေတုန်းပဲ ဖြစ်တယ်။ ကျွန်တော်တို့ဘက်ကတော့ ဒီအနေအထားကို ရောက်ရှိလာဖို့အတွက် အစိုးရဘက်က လည်း ဒီထက်အားစိုက်ပြီးတော့မှ ကြိုးစားဖို့ ကြိုးပမ်းဖို့လိုတယ်လို့ ကျွန်တော်တို့ မြင်မိတယ်။

    မင်းရန်နိုင် – ကျေးဇူးတင်ပါတယ်ခင်ဗျာ။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts