spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းကျေးရွာမီးလင်းရေးကော်မတီစာရင်းရှင်းတမ်းများစစ်ဆေးရန် မွန်လွှတ်တော်တိုက်တွန်း

    ကျေးရွာမီးလင်းရေးကော်မတီစာရင်းရှင်းတမ်းများစစ်ဆေးရန် မွန်လွှတ်တော်တိုက်တွန်း

    -

    မွန်ပြည်နယ်ရှိ လျှပ်စစ်မီးလင်းရေးကော်မတီများ၏ ပြဿနာကို ဖြေရှင်းနိုင်ရေး စာရင်းစစ်ပါသော အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းပြီး ၄င်းတို့၏စာရင်းရှင်းတမ်းများကို စစ်ဆေးရန် မွန်ပြည်နယ်လွှတ်တော်မှ ပြည်နယ်အစိုးရထံ တိုက်တွန်းလိုက်ကြောင်း မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောသည်။

    “မီးလင်းရေးကော်မတီပြဿနာက ရပ်ရွာတိုင်းမှာ ဖြစ်နေတဲ့ကိစ္စကို ရှင်းလင်းပေးဖို့ စာရင်းစစ်ဖို့ ဆိုပြီးတော့ အစိုးရကို အန်တီတို့ တိုက်တွန်းထားတာက မီးလင်းရေးကော်မတီက မရှိမဖြစ် လိုအပ်နေတော့ မူဝါဒတစ်ရပ်ရေး ဆွဲပေးဖို့၊ စာရင်းစစ်ပါသော အဖွဲ့အစည်းလေး တစ်ခု ဖွဲ့ပေးပါ။ ဒီအဖွဲ့ကနေ ကျေးရွာမီးလင်းရေးစာရင်းတွေကို စစ်ပါ။ ဒါမှ ပြဿနာတွေကို ရှင်းနိုင်မယ်လို့ အစိုးရကို တိုက်တွန်းတယ်”ဟု ၎င်းက ပြောသည်။

    လျှပ်စစ်မီးတပ်ဆင်ထားပုံ(Internet)

    ထို့ပြင် မီးလင်းရေးကော်မတီသည် ကျေးရွာအဆင့်တွင် မရှိမဖြစ် လိုအပ်နေသောကြောင့် မီးလင်းရေးကော် မတီ၏ ပြဿနာများ၊ စာရင်းရှင်းတမ်း ပြဿနာများ စသဖြင့် ထပ်မံမဖြစ်ပွားစေရေး မီးလင်းရေးကော်မတီများ အတွက် မူဝါဒတစ်ရပ်ရေးဆွဲရန် တိုက်တွန်းထားသည်ဟု ဆိုသည်။

    ထို့အတူ မွန်ပြည်နယ် လျှပ်စစ်မီးလင်းရေးကော်မတီကိစ္စရပ်များကို ဖြေရှင်းရန်အတွက် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာကို ဥက္ကဋ္ဌအဖြစ် ကော်မတီတစ်ရပ်ဖွဲ့စည်းထားပြီး မီးလင်းရေးနှင့် ပတ်သက်သည့် မည်သည့်ပြဿနာမဆို ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စက်မှု၊စွမ်းအင်နှင့် လျှပ်စစ်ဝန်ကြီး ဦးမင်းထင်အောင်ဟန်က ပြောသည်။

    ထို့ပြင် မီးလင်းရေးကော်မတီ၏ စာရင်းရှင်းတမ်းများကို စစ်ဆေးသည့်အခါတွင်လည်း ပြည်နယ်စာရင်းစစ်ချုပ်ထံ တင်ပြပြီး အစိုးရလက်မှတ်ရ စာရင်းစစ်များကို ထည့်သွင်းစစ်ဆေးရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

    “အချို့မီးလင်းရေးကော်မတီတွေက စာရင်းတွေကို မချပြဘူး။ ဘယ်လိုကောက်ထားလဲ။ ဘယ်လိုသုံးထားလဲ မချပြဘူး။ အဲဒါကြောင့် သူများတိုင်တယ်။ တိုင်တော့ စစ်ပေးရမှာက အစိုးရအလုပ်ဖြစ်သွားပြီး ဘယ်အချိန်စစစ်မလဲဆိုတော့ စက်စဲမီးလင်းရေးနဲ့ နှီးပဒေါမီးလင်းရေးတွေကို စစစ်မယ်။ ရွာတိုင်းမစစ်ဘူး။ ပြဿနာတက်တဲ့ရွာပဲ စစ်မယ်”ဟု ဦးမင်းထင်အောင်ဟန်က ပြောသည်။

    အဆိုပါ လျှပ်စစ်မီးလင်းရေးကော်မတီပြဿနာကို ဖြေရှင်နိုင်ရေး ပြည်နယ်အစိုးရထံ တိုက်တွန်းသည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး သြဂုတ်လ ၁ ရက်နေ့က ကျင်းပသည့် မွန်ပြည်နယ်လွှတ်တော် လုပ်ငန်းညှိနှိုင်းရေး အစည်းအဝေးတွင် ဆုံးဖြတ်ထားကြောင်း သိရသည်။

    ကျေးရွာအချို့တွင် လျှပ်စစ်မီးတပ်ဆင်နိုင်ရန် အစိုးရမဆောင်ရွက်နိုင်သည့်အခါ သက်ဆိုင်ရာကျေးရွာများမှ မိမိတို့မီးလင်းရေးကော်မတီများဖွဲ့စည်းဆောင်ရွက်ရာ၌ ငွေကြေးများကောက်ခံစီမံရာတွင် ပွင့်လင်းမြင်သာမှုမရှိသည့်အပေါ် တိုင်ကြားမှုများဖြစ်ပေါ်လာကြောင်း လေ့လာသိရှိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks