spot_img
Friday, January 23, 2026
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးမွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဖွဲ့စည်း

    မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဖွဲ့စည်း

    -

    မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီကို ဇူလိုင်လ (၇)ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီးကြောင်း မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရုံး မှ သိရသည်။

    အဖွဲ့ဝင် (၇) ဦးဖြင့် ဖွဲ့စည်းထားသည့် အဆိုပါရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဌအဖြစ် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ နှင့် မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္မဏီများ ညွှန်ကြားရေးမှူးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်လွင်က အတွင်းရေးမှူးအဖြစ် တာဝန်ယူထားသည်။

    မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရုံးချုပ်(Internet)

    “ပြည်နယ်အဆင့်နဲ့ပဲ ပြီးပြတ်မယ့်ကိစ္စဆိုရင် တို့တတွေပဲ ဆုံးဖြတ်မယ်။ ဒီပြည်နယ်အဆင့်နဲ့ မပြီးပြတ်ဘူးဆိုရင် တော့ ဥပမာ ပတ်ဝန်းကျင်ကို ထိခိုက်စေမယ့် စီမံကိန်းအကြီးစားတွေဆိုရင် ပြည်ထောင်စုအဆင့်ကို တင်ပြရ တာပေါ့။ နိုင်ငံပိုင်မြေနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမယ့် စီမံကိန်းတွေဆိုရင် နေပြည်တော်အထိ တင်ရတာပေါ့” ဟု ဦးမြင့်လွင်က ပြောသည်။

    မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံအတွက် နည်းဥပဒေ လုပ်ထုံးလုပ်နည်းများကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ရေးဆွဲထားပြီး ဆက်လက်အကောင် အထည်ဖော်ဆောင်နိုင်ရန် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပသွားမည်ဟု ဆိုသည်။

    “ဒီအဖွဲ့အဝင်တွေအတွက် နှစ်ပတ်တစ်ကြိမ် အစည်းအဝေးခေါ်ရမယ်၊ ပြည်နယ်အတွင်းမှာ လာရောက် ရင်းနှီးမြှုပ်နှံတဲ့ ကုမ္မဏီတွေကို စီစစ်ရမယ်။ ပြီးရင် ခွင့်ပြုဖို့ ဆုံးဖြတ်ရမယ်” ဟု ကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သူ မွန်ပြည်နယ်အစိုးရ စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်က ပြောသည်။

    တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ရင်းနှီးမြုပ်နှံမှု ကော်မတီအနေဖြင့် တန်းဖိုးငွေ ဒေါ်လာ ၅ သန်း (မြန်မာငွေ သန်း ၆၀ဝဝ ခန့်) အောက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို နေပြည်တော်သို့ ခွင့်ပြုချက်တင်စရာမလိုဘဲ ဆုံးဖြတ်ပိုင်ခွင့်ရှိပြီး ၄င်းတန်ဖိုးနှင့်အထက် လုပ်ငန်းများကို ပြည်ထောင်စုအဆင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (ဗဟို) ထံက အဆုံးအဖြတ်ပေးသွားမည်ဖြစ်သည်။

    မြန်မာနိင်ငံရင်းနှီး မြှုပ်နှံမှု ကော်မရှင် Myanmar Investment Commission-MIC ၏ ကြေငြာချက် အမှတ် ၁၁ / ၂၀၁၇ အရ တိုင်းနဲ့ ပြည်နယ် အားလုံးတွင် ရင်းနှီးမြှုပ်နှံမှု ကော်မတီများ ဖွဲ့စည်းသွားမည်ဖြစ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဥက္ကဌ၊ သက်ဆိုင်ရာ MIC တိုင်းနှင့်ပြည်နယ် ညွှန်ကြားရေးမှူးများက အတွင်းရေးမှူးနှင့် အစိုးရအဖွဲ့ဝင် ၅ ဦးတို့ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

    NLD အစိုးရသစ်လက်ထက် ၂ဝ၁၆ တစ်နှစ်အတွင်း နိုင်ငံခြားမှတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ပမာဏ ၃ဝ ရာခိုင်းနှုန်းအထိ ကျဆင်းသွားရာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၆.၆၄ ဘီလျံ ရှိကြောင်း၊ လက်ရှိ ရင်းနှီးမြှုပ်နှံမှုအများစုမှာ စင်ကာပူက အမေရိကန်ဒေါ်လာ ၄ ဘီလျံနီးပါး၊ ဗီယက်နမ်က ဒေါ်လာ တစ်ဘီလျံခွဲနှင့် ဒုတိယလိုက်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts