Friday, May 1, 2026
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးတိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာဦးစီးဋ္ဌာနတွင် ဝန်ထမ်းခန့်အပ်ရန်စီစဉ်လျက်ရှိ

    တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာဦးစီးဋ္ဌာနတွင် ဝန်ထမ်းခန့်အပ်ရန်စီစဉ်လျက်ရှိ

    -

    အစိုးရအသစ်လက်ထက်၌ အသစ်ဖွဲ့စည်းလိုက်သည့် တိုင်​းရင်​းသားလူမျိုးများ ​ရေးရာဝန်​ကြီးဋ္ဌာနနှင့် ၄င်းဌာနအောက်ရှိ ပြည်နယ်/တိုင်းရုံး တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုဦးစီးဋ္ဌာန၊ တိုင်းရင်းသားအခွင့် အရေးများ ကာကွယ်စောင့်ရှောက် ရေးဦးစီးဋ္ဌာနတို့တွင် ဝန်ထမ်းများခန့်အပ်ရန် ပြည်ထောင်စုအဆင့်တွင် စီစဉ်ဆောင်ရွက်နေကြောင်း တိုင်းရင်းသားအခွင့် အရေးများ ကာကွယ်စောင့်ရှောက် ရေးဦးစီးဋ္ဌာန ဦးစီးအရာရှိ ဦးချစ်ဇော်လင်းမှ သိရသည်။

    ဦးချစ်ဇော်လင်းက “ ကျွန်တော်တို့ ဝန်ကြီးဋ္ဌာနတစ်ခုလုံး မှာကိုက ဖွဲ့စည်းပုံအရ ဝန်ထမ်းလိုအပ်ချက်ရဲ့ ၄ ပုံ ၁ ပုံပဲ ခန့်အပ်ထားရသေးတယ်၊ ထပ်ခန့်သွားဖို့ အများကြီးကျန်သေးတယ်၊ ဝန်ထမ်းခန့်အပ်ဖို့အတွက် အစိုးရဋ္ဌာနတွေကလည်း အခြားဋ္ဌာနတွေနဲ့ ချိတ်ဆက်နေတယ်၊ ဝန်ထမ်းအသစ်ကိုလည်း ခန့်ဖို့ရှိတယ်၊ ဒီအတွက် ပြည်ထောင်စုအဆင့်မှာ ညွှန်နှိုင်းဆွေးနွေးနေဆဲပါ” ဟု ပြောသည်။

    မွန်ပြည်နယ် တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုဦးစီးဋ္ဌာနနှင့် တိုင်းရင်းသားအခွင့် အရေးများ ကာကွယ်စောင့်ရှောက် ရေးဦးစီးဋ္ဌာန(MNA)
    ဝန်ထမ်းအသစ်ခန့်အပ်ရန်၊ လုပ်ငန်း စတင်အကောင်ထည်ဖော်ရန် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးဥပဒေကို ရေးဆွဲပြီးခဲ့သော်လည်း အကောင်ထည်ဖော်လုပ် ဆောင်မည့် နည်းဥပဒေ မပြီးမြောက်ရသေးကြောင်း၊ နည်းဥပဒေ ရေးဆွဲပြီးမြောက်သွားလျှင် လုပ်ငန်းစဉ်များ စတင်နိုင်တော့မည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

    မွန်ပြည်နယ်လွှတ်တော် ဒု-ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက “ ဒီဦးစီးဋ္ဌာနတွေက အသစ်ဖြစ်နေ တယ်၊ ဒီတော့ ခိုင်မာတဲ့အဖွဲ့စည်းတစ်ရပ် ဖြစ်စေချင်တယ်၊ ဒီတော့ တစ်ခုပြောချင်တာက ကျွန်တော်တို့ လွှတ်တော်မှာလည်း တိုင်းရင်းသား လူမျိုးများ အရေးဆိုင်ရာကော်မတီဖွဲ့ထားတာရှိတယ် သူတို့နဲ့လည်း လာရောက်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်သင့်တယ်” ဟု ပြောသည်။

    ယခင်အစိုးရလက်ထက် ၂၀၁၅ ခုနှစ်၌ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့် ရှောက်ရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး NLD အစိုးရသစ်လက်ထက်တွင် ပြည်ထောင်စုတိုင်းရင်းသားရေးရာဝန်ကြီးဌာနကို အသစ်ဖွဲ့စည်းပြီး ပြည်နယ်/တိုင်း ဦးစီးဋ္ဌာနရုံးခွဲများ ဖွင့်လှစ်ခဲ့ရာ မွန်ပြည်နယ်၌ ၂၀၁၇ မတ်လ (၁) ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,700SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks