Homeသတင်းဝါရင့်မွန်နိုင်ငံရေးခေါင်းဆောင် နိုင်ငွေသိမ်းရောဂါ စိုးရိမ်နေရဆဲအခြေအနေရှိ

ဝါရင့်မွန်နိုင်ငံရေးခေါင်းဆောင် နိုင်ငွေသိမ်းရောဂါ စိုးရိမ်နေရဆဲအခြေအနေရှိ

-

ရန်ကုန်ဆေးရုံကြီးတွင် ဇွန် ၂၃ ရက်နေ့က အရေးပေါ်ကုသခံနေရသူ ဝါရင့်မွန်နိုင်ငံရေးခေါင်းဆောင် နိုင်ငွေသိမ်း၏ ရောဂါသည် စိုးရိမ်နေရသည့်အခြေအနေတွင် ဆက်လက်ရှိနေကြောင်း သိရသည်။

“ဆရာ့အခြေအနေက စကားပြောနည်းနည်းပါးပါး ပြောနိုင်တယ်၊ ဒါပေမယ့် ဆီးသွားရင် သွေးပါနေတယ်၊ ဆရာဝန်က စိတ်ချလို့မရသေးတဲ့အခြေအနေလို့ ပြောပါတယ် ” ဟု အနီးကပ်ပြုစုနေသူ မင်းခိုင်စွမ်းက ပြောသည်။

နိုင်ငွေသိမ်းအား AMDP ခေါင်းဆောင် ဒေါက်တာမင်းနွယ်စိုး လာရောက်ကြည့်ရှုစဉ်(Nai Ko Thu)
မွန်အမျိုးသားပါတီ MNP နှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP ထိပ်ပိုင်းခေါင်းဆောင်များ၊ ရန်ကုန်မြို့ရှိ မွန်စာပေယဉ်ကျေးမှုအဖွဲ့ဝင်များက လူနာ(နိုင်ငွေသိမ်း)အား နေ့စဉ်လာရောက်ကြရှုကြကြောင်း သိရသည်။

လူနာကြည့်ရှုခဲ့သူ မွန်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး နိုင်လယီတမက “ အစာအိမ်သွေးကြော သွေးယိုစိမ့်မှု အနည်းငယ်ရှိနေသေးတယ်၊ ဒီနေ့ မနက်ပိုင်းမှာ အဲဒီသွေးယိုစိမ့်တာကို အစာအိမ်မှာ မှန်ဘီလူးထည့်ပြီးစမ်းသပ်တော့ ထူးထူး ခြားခြားရောဂါလက္ခဏာမတွေ့ရပါဘူး၊ အစာအိမ် အနည်းငယ်ယောင်နေတယ်၊ အစာမဝင်သေးလို့ အားအတော်ပြတ်နေတယ်၊ နလန်ပြန်ထူနိင်အောင် ဆက်ပြီးကုသဖို့လိုအပ်နေသေးတယ်၊ လောလောဆယ်စကားတောင်မပြောနိင်သေးဘူး၊ သတိတော့ကောင်းပါတယ် လာသမျှလူအားလုံးကို မှတ်မိပါတယ်” ဟု ပြောသည်။

အသက် ၉၄ နှစ်ရှိပြီဖြစ်သော နိုင်ငွေသိမ်း၏ ရောဂါသက်သာလာစေရန် အချိန်ယူ စောင့်ရှောက်ရဦးမည်ဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။

နိုင်ငွေသိမ်းအား MNP ခေါင်းဆောင် နိုင်တင်အောင်၊ နိုင်လယီတမ လာရောက်ကြည့်ရှုစဉ်(Nai Ko Thu)
နိုင်ငွေသိမ်းအနေဖြင့် အသက်ကြီးလာပြီဖြစ်သည့်အတွက် မွန်အမျိုးသားပါတီဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ပြီး သာမန်ပါတီဝင်အဖြစ်သာ နေထိုင်လိုကြောင်း ၂၀၁၆ စက်တင်ဘာလတွင် ပါတီခေါင်းဆောင်များထံ စာရေးသားပေးပို့ခဲ့သော်လည်း တရားဝင်ပြန်တမ်းထုတ် ပြန်ခဲ့ခြင်း မတွေ့ရှိရသေးပေ။

၁၉၄၅ ခုနှစ်များမှ စတင်၍ မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုတွင်၄င်း၊ မွန်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (၁၉၄၈-၅၈) တွင် ခေါင်းဆောင်တစ်ဦးအဖြစ်၄င်း၊ ၁၉၈၈ ခုနှစ်တွင်စတင်ဖွဲ့စည်းသော မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF ဒုဥက္ကဋ္ဌ (၁) အဖြစ်၄င်း၊ မွန်ဒီမိုကရေစီပါတီ MDP နှင့် မွန်အမျိုးသားပါတီ MDP ဥက္ကဌအဖြစ်၄င်း ဘဝကိုမြှုပ်နှံ၍ စဉ်ဆက်မပြတ်ပါဝင်လှုပ်ရှားခဲ့သူဖြစ်သဖြင့် နိုင်ငွေသိမ်းသည် မွန်နိုင်ငံရေးသမိုင်းတွင် အထင်ရှားဆုံးဝါရင့်နိုင်ငံရေးသမားတစ်ဦး ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts