Homeသတင်းတိုင်းရင်းမီဒီယာမူဝါဒတစ်ရပ်ရေးဆွဲရန် တိုင်းရင်းမီဒီယာညီလာခံကြေညာချက် ထုတ်ပြန်

တိုင်းရင်းမီဒီယာမူဝါဒတစ်ရပ်ရေးဆွဲရန် တိုင်းရင်းမီဒီယာညီလာခံကြေညာချက် ထုတ်ပြန်

-

ဒီမိုကရေစီဖက်ဒရယ်တည်ဆောက်နေသည့်ကာလတွင် တိုင်းရင်းသားမီဒီယာများ၏ အခန်းကဏ္ဍပီပြင်ရေး၊ သတင်းလွတ်လပ်စွာရယူခွင့်ရှိရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်ရပ်တည်ရေးတို့အတွက် တိုင်းရင်းသားမီဒီယာမူဝါဒ (မူကြမ်း) တစ်ရပ်ကို ရေးဆွဲသွားရန် ပဉ္စမအကြိမ်မြောက်တိုင်းရင်းမီဒီယာညီလာခံက ကြေငြာချက်ထုတ်ပြန်လိုက်သည်။

(၇) ပြည်နယ်မှ တိုင်းရင်းသားမီဒီယာအဖွဲ့အစည်းများ၊ ရန်ကုန်/ မန္တလေးအခြေစိုက် ပင်မမီဒီယာအဖွဲ့အစည်းများ၊ အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းမျာအပါအဝင် ကိုယ်စားလှယ် (၁၇၆) ဦး တက်ရောက်သည့် ပဉ္စမအကြိမ်မြောက်တိုင်းရင်းမီဒီယာညီလာခံကို ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဇွန်လ (၂၆) ရက်နေ့မှ (၂၈) ရက်နေ့အထိ ကျင်းပခဲ့ပြီး အချက် (၄) ခု ပါဝင်သော ကြေညာချက်တ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ပဉ္စမအကြိမ်မြောက်တိုင်းရင်းမီဒီယာညီလာခံအမှတ်တရဓါတ်ပုံမှတ်တမ်း(MNA)
“တိုင်းရင်းသားမီဒီယာတွေ အနေနဲ့ပဲ တိုင်းရင်းမီဒီယာ မူဝါဒ (Policy) တစ်ခုခုကို ရေးဆွဲသွားမယ်လို့ စဉ်းစားချက်တွေ ရှိတယ်။ အသေးစိတ် လုပ်ငန်းစဉ်က ရေရှည်လုပ်သွားဖို့ ရှိတယ်။ အရမ်းကြာနေလို့လည်း မဖြစ်ဘူး” ဟု BNI ဘုတ်အဖွဲ့ဝင် ကရင်သတင်းစဉ် KIC အယ်ဒီတာချုပ် နန်းဖော့ဂေက ပြောသည်။

ဗဟိုချုပ်ကိုင်မှု မဟုတ်ဘဲ လွတ်လပ်သော သတင်းမီဒီယာများအနေဖြင့် မိမိတို့ဒေသနှင့်ကိုက်ညီသည့် ပြည်နယ်ကို အခြေခံရေးဆွဲသွားမည်ဖြစ်ကြောင်း နန်းဖော့ဂေက ဆိုသည်။

နန်းဖော့ဂေက “လက်ရှိရှိနေတဲ့ဥပဒေကို ပြန်လည်သုံးသပ်ဖှို့၊ အဲဒီအထဲမှာ တိုင်းရင်းသားမီဒီယာကိုယ်စားပြုတဲ့သူတွေကို ထည့်သွင်းပြီးတော့ ပါဝင်ဆွေးနွေးသွားမယ်။ မြန်မာသတင်းမီဒီကောင်စီနဲ့ ဆက်စပ်ပြီးတော့ လုပ်ဆောင်သွားမဲ့ အပိုင်းတွေ ရှိပါတယ်” ဟု ဆက်ပြေသည်။

အဆိုပါ ပဉ္စမအကြိမ်မြောက်တိုင်းရင်းမီဒီယာညီလာခံသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ကိ်ုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးပြီး ညီလာခံကိုယ်စားလှယ်များမှ မိမိပြည်နယ်အတွင်းရှိ မီဒီယာအခြေအနေကို တင်ပြခြင်း၊ တိုင်းရင်းသားမီဒီယာ တိုးတက်ဖွံ့ဖြိုးရေးအခြေအနေကို ဆွေးနွေးခြင်း၊ မီဒီယာတွင် မသန်စွမ်းသူများနှင့် အမျိုးသမီးများ အခန်းကဏ္ဍ၊ ငြိမ်းချမ်းရေးလုပ်ငန်းတွင် သတင်းထောက်များ၏လုံခြုံရေးကိစ္စ၊ တိုင်းသူပြည်သားများ သတင်းရယူခွင့် ဥပဒေနှင့် တိုင်းရင်းသားမီဒီယာမူဝါဒပြုစုရေး လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့သည်ကို တွေ့ရှိရသည်။

ညီလာခံပထမနေ့ ကျင်းပနေစဉ်ကာလမှာပင် TNLA နယ်အတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် ပတ်သက်သောသတင်းရယူရန် သွားရောက်သည့် ဧရာဝတီသတင်းဌာနမှ သတင်းထောက်တစ်ဦးနှင့် ဒီဗီဘီသတင်းဌာနမှ သတင်းထောက် (၂) ဦးကို အစိုးရတပ်မတော်မှ ဖမ်းဆီးလိုက်ကြောင်း သိရှိရသဖြင့် ဖမ်းဆီးထားသည့် သတင်းထောက်များအား အမြန်ဆုံး ပြန်လွှတ်ပေးရန်၊ သတင်းရယူခွင့်နှင့် ရေးသားပြောဆိုခွင့် အခွင့်အရေးများအား ဖိနှိပ်ထားသည့် ဥပဒေများ ရုပ်သိမ်းပေးရန် တောင်းဆိုခဲ့ပါသည်။

ယခုပဉ္စမအကြိ်မ်မြောက် တိုင်းရင်းမီဒီယာညီလာခံမှ တိုင်းရင်းသားမီဒီယာများတွင် အရည်အသွေး၊ နည်းပညာ၊ ပစ္စည်းကိရိယာ၊ ဈေးကွက်နှင့် ရေရည်ရပ်တည်ရေးအတွက် အခက်အခဲ အများအပြား ရှိနေသေးသဖြင့် နိုင်ငံတကာအလှူရှင်များ၊ နည်းပညာပိုင်း ဆိုင်ရာအဖွဲ့အစည်းများနှင့် ပင်မမီဒီယာအဖွဲ့အစည်းများအနေဖြင့် ဝိုင်းဝန်းအကူအညီပေးကြရန် တိုက်တွန်းတောင်းဆိုခဲ့သည်ဟု သိရသည်။

လာမည့် ၂၀၁၈ ခုနှစ်တွင်ကျရောက်မည့် ဆဋ္ဌမအကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံအား ကရင်ပြည်နယ်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း ယခုညီလာခံမှဆုံးဖြတ်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts