spot_img
Tuesday, February 10, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်မြို့ မွန်ဓမ္မာရုံထိန်းသိမ်းရေးကော်မတီပြန်လည်ဖွဲ့စည်းရန် ဇူလိုင်လလယ်တွင်အစည်းဝေးခေါ်ယူမည်

    မော်လမြိုင်မြို့ မွန်ဓမ္မာရုံထိန်းသိမ်းရေးကော်မတီပြန်လည်ဖွဲ့စည်းရန် ဇူလိုင်လလယ်တွင်အစည်းဝေးခေါ်ယူမည်

    -

    မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ မိုင်ဒါကွင်းအနီးရှိ မွန်ဓမ္မာရုံ ထိန်းသိမ်းရေးကော်မတီအသစ်ပြန်လည် ဖွဲ့စည်းရန် လာမည့် ဇူလိုင်လလယ်တွင် အစည်းအဝေးခေါ်ယူ ဆုံးဖြတ်သွားမည်ဟု သိရသည်။

    လက်ရှိမွန်ဓမ္မာရုံထိန်းသိမ်းရေးကော်မတီ ဒု-ဥက္ကဋ္ဌ နိုင်ပန်းအောင်က “ကျွန်တော်တို့ ကော်မတီဟောင်းတွေ အနေနဲ့ လာမည့် ဇူလိုင်လ ၁၆ ရက်နေ့မှာ ကော်မတီအသစ်ဖွဲ့ဖို့ လက်ရှိဓမ္မာရုံထိန်းသိမ်းရေးကော်မတီနဲ့ ဆွေးနွေးဆုံးဖြတ်မယ်လို့ ပြောထားတာတယ်” ဟု ဆိုသည်။

    မော်လမြိုင်မြို့ မွန်ဓမ္မာရုံ(MNA)
    အဆိုပါ မွန်ဓမ္မာရုံကို မွန်လူမျိုးများ၏ အမျိုးသားရေး၊ ပညာရေး၊ ဘာသာရေး၊ စီးပွားရေးစသည့် လုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေမှုရှိစေရန်ရည်ရွယ်ပြီး မွန်တိုင်းရင်းသားများ၏ အလှူငွေဖြင့် ၁၉၈၅ ခုနှစ်ကတည်းက ဝယ်ယူထားခြင်း ဖြစ်သည်။

    သို့ရာတွင် မွန်ဓမ္မာရုံအတွက် ထိန်းသိမ်းရေးကော်မတီတစ်ရပ်ကို ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့က အဖွဲ့ဝင် ၁၅ ဦးဖြင့် အသစ်ထပ်မံဖွဲ့စည်းလိုက်ကြောင်း အသစ်ထပ်မံဖွဲ့စည်းလိုက်သည့် ကော်မတီမှ ဥက္ကဋ္ဌ ဖြစ်လာသူ နိုင်သောင်းရှိန်က ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့တွင် ယခင်မွန်ဓမ္မာရုံထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ထံ စာရေးသား ပေးပို့ခဲ့သည်ဟု သိရသည်။

    နိုင်သောင်းရှိန်က “ကျွန်တော်တို့ ဒီကော်မတီမဖွဲ့ခင်ကတည်းက အရင်ကတာဝန်ယူခဲ့တဲ့ ကော်မတီအဖွဲ့ဝင်ဟောင်းတွေကို ကျွန်တော်တို့ ဓမ္မာရုံထိန်းသိမ်းရေးကော်မတီ အသစ်ထပ်ဖွဲ့မယ်ဆိုပြီး သူတို့ကိုအသိပေးတယ်၊ သူတို့က ခွင့်ပြုတယ်ဆိုတော့၊ ကျွန်တော်တို့ဖွဲ့လိုက်တယ်၊ အသစ်ဖွဲ့တယ်ဆိုပေမယ့် အရင်ကကော်မတီဝင်တွေလည်းပါတယ်လေ၊ ကျွန်တော်တို့ဖွဲ့ရတဲ့ရည်ရွယ်ချက်ကလည်း ဒီဓမ္မာရုံကို ထိန်းသိမ်း လိုတဲ့ဆန္ဒတစ်ခုတည်းနဲ့ပဲ ” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    လက်ရှိဓမ္မာရုံထိန်းသိမ်းရေးကော်အားမတီ မဖျက်သိမ်းရသေးဘဲ အသစ်ထပ်မံဖွဲ့စည်းခဲ့သည့်ကော်မတီမှာ တရားမဝင် သည့်အတွက် ပြန်လည်ဖျက်သိမ်းပေးရန်လက်ရှိကော်မတီဝင်မှ ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့က ကန့်ကွက်စာ ပေးပို့ထားသည်ကို တွေ့ရသည်။

    နိုင်ပန်းအောင်က “ကော်မတီအသစ်ဖွဲ့ဖို့ လက်ရှိဓမ္မာရုံထိန်းသိမ်းရေးကော်မတီနဲ့ ဆွေးနွေးဆုံးဖြတ်မယ်လို့ ပြောထားတာ သူတို့က မစောင့်ဘဲနဲ့ကော်မတီအသစ်တစ်ခုထပ်ဖွဲ့လိုက်တယ်၊ ကျွန်တော်တို့က အစည်းအဝေးခေါ်ယူမယ် ပြောထားတာပဲ” ဟု ဆိုသည်။

    မွန်အမျိုးသားရေးနှင့်ပတ်သက်သည့်လုပ်ငန်းများ ဆောင်ရွက်ရာတွင် နွေရာသီမွန်စာသင်တန်းကျောင်းဖွင့်လှစ်ခြင်း၊ အင်္ဂလိပ်စကားပြော သင်တန်း၊ ကွန်ပျူတာသင်တန်း မွန်ယဉ်ကျေးမှုသင်တန်းနှင့် အစည်းအဝေးများကို မွန်ဓမ္မာရုံ၌သာ ကျင်းပလေ့ရှိသည်။

    မွန်အမျိုးသားတို့၏ထင်ရှားသည့် မွန်ဓမ္မာရုံများကို ရန်ကုန်၊ ပဲခူး၊ မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်နှင့် ရေးမြို့တို့တွင် အသီးသီးဆောက်လုပ်ထားရှိကြသည်ကို တွေ့ရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks