spot_img
Tuesday, February 10, 2026
More
    spot_img
    Homeသတင်းပဉ္စမအကြိမ် တိုင်ရင်းမီဒီယာညီလာခံ စတင်ကျင်းပ

    ပဉ္စမအကြိမ် တိုင်ရင်းမီဒီယာညီလာခံ စတင်ကျင်းပ

    -

    တိုင်းရင်းသားသတင်းဌာနများစုဖွဲ့ထားသည့် နိုင်ငံတကာမြန်မာ့သတင်း BNI နှင့် ပြည်နယ်အခြေစိုက် ကန္တရဝတီတိုင်းတို့ ကြီးမှူး၍ ပဉ္စမအကြိမ် တိုင်းရင်းမီဒီယာညီလာခံကို ယနေ့ဇွန်လ (၂၆) ရက်နေ့ နံနက် (၁၀) နာရီအချိန်တွင် ကယားပြည်နယ် လွိုင်ကော်မြို့ မြို့တော်ခန်းမ၌ စတင်ကျင်းပကြောင်း တွေ့ရှိရသည်။

    “ဒီနေ့ နိုင်ငံရေးအပြောင်းလဲကာလမှာ တိုင်းရင်းသားမီဒီယာတွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ဖို့ ဒီညီလာခံကို ကျင်းပခြင်း ဖြစ်ပါတယ်” ဟု BNI ဘုတ်အဖွဲ့ ဒါရိုက်တာ နိုင်ကဆော့မွန်မှ ပြောကြားသည်။

    ပဉ္စမအကြိမ် တိုင်းရင်းမီဒီယာညီလာခံပထမနေ့အခမ်းအနား(MNA)

    ညီလာခံပထမနေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်၊ ကယာပြည်နယ် ဝန်ကြီးချုပ် အယ်လ်ဖောင်းရှိုနှင့် ပြည်နယ်အစိုးရဖွဲ့များ၊ ပြည်နယ်လွှတ်တော် လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့သည်။

    ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် သတင်းမီဒီယာနှင့် ပတ်သက်သောအပိုင်းနှင့် စာပေဖွံဖြိုးတိုးတက်ရေးအပိုင်းတို့တွင် တာဝန်ရှိကြောင်းနှင့် တိုင်းရင်းသားများနှင့်ပတ်သက်သော ကဏ္ဍတို့တွင် ဆောင်ရွက်ရန်အစီအစဉ်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ညီလာခံတွင် ပြောကြားခဲ့သည်။

    “တိုင်းရင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကို တတ်စွမ်းသမျှ အထောက်ကူပြုဖို့ ရှိပါတယ်” ဟု ဝန်ကြီး ဒေါက်တာဖေမြင့်က ပြောသည်။

    တိုင်းရင်းမီဒီယာသို့ တက်ရောက်နေသော အစိုးရဝန်ကြီးများ(MNA)

    ညီလာခံကိုယ်စားလှယ်များအဖြင့် BNI အဖွဲ့ဝင် တိုင်းရင်းသားမီဒီယာအဖွဲ့မှ ကိုယ်စားလှယ်များ၊ ပြည်တွင်းမီဒီယာများ၊ သတင်းကွန်ယက်များမှ ကိုယ်စားလှယ်များ၊ အလှူရှင်အဖွဲ့များ၊ CSO အဖွဲ့များအပါဝင် စုစုပေါင်း ကိုယ်စာလှယ် (၂၀ဝ) ခန့် တက်ရောက်ကြောင်း တွေ့ရှိရသည်။

    ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် တိုင်းရင်းသားမီဒီယာတို့၏ အခန်းကဏ္ဍအရေးကြီးကြောင်း ကန္တာရဝတီတိုင်း အယ်ဒီတာချုပ် ကိုသားငယ်က ဆိုသည်။

    “ငြိမ်းချမ်းရေးကိစ္စဟာ တိုင်းရင်းသားတွေနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့အတွက် ဒီကိစ္စကို ဆောင်ရွက်တဲ့အခါမှာ တိုင်းရင်းမီဒီယာရဲ့ အခန်းကဏ္ဍကို ချန်လှပ်ထားလို့ မရဘူး” ဟု ကန္တာရဝတီတိုင်း အယ်ဒီတာချုပ်က ပြောသည်။

    ညီလာခံဆောင်ပုဒ် Promoting Ethnic Media in Political Transition in Myanmar နှင့်အညီ ဒီမိုကရေစီအသွင်ကူပြောင်းရေးကာလမှာ တိုင်းရင်းသားမီဒီယာတို့၏ အခန်းကဏ္ဍအရေးကြီးပုံတို့ကို (၃) ရက်တာ ဆွေးနွေးကြမည်ဟု သိရသည်။

    နိုင်ငံတကာ မြန်မာ့သတင်း Burma News International (BNI) အဖွဲ့ကို ပြည်ပ၌အခြေစိုက်၍ ၂၀ဝ၃ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် မွန်သတင်းအေဂျင်စီ (MNA) ကချင်သတင်းဌာန KNG ၊ ကုလားတန်သတင်းဌာန၊ ကန္တာရဝတီတိုင်း(မ်) KT, ဟင်္သာမီဒီယာ၊ ကရင်သတင်းဌာန (KIC)၊ ခိုနှုမ်းထုန်သတင်းဌာန၊ နိရဉ္ဇရာသတင်းဌာန၊ သတင်းနှင့်မီဒီယာကွန်ယက် NMG၊ သျှမ်းသံတော်ဆင့်၊ သံလွင်တိုင်းမ်၊ မဇ္ဇျိမသတင်းဌာနနှင့် ချင်းဝေါလ်တို့ ပါဝင်လျက်ရှိပြီး ယခုအခါပြည်တွင်း၌မှတ်ပုံတင်ထားပြီး ဖြစ်သည်။

    ပထမအကြိမ် တိုင်းရင်းမီဒီယာညီလာခံကို မွန်ပြည်နယ် မော်လမြိုင်မြို့တွင်လည်ကောင်း၊ ဒုတိယအကြိမ်ကို ရှမ်းပြည်နယ် တောင်ကြီးမြို့တွင်လည်ကောင်း၊ တတိယအကြိမ်ကို ချင်းပြည်နယ် ဟားခါးမြို့တွင်လည်ကောင်း စတုတ္ထအကြိမ်ကို ရခိုင်ပြည်နယ် မြောက်ဦးမြို့တို့တွင် ကျင်းပခဲ့ပြီး ဖြစ်သည်။

    နိုင်ငံတကာ မြန်မာ့သတင်း (BNI) အဖွဲ့ဝင်များသည် လွတ်လပ်သော သတင်းစာနယ်ဇင်း ကျင့်ဝတ်ကို စွဲကိုင်ကာ လွတ်လပ်စွာ သတင်းထုတ်ဖော်ခွင့်ကိုလည်း မြှင့်တင်သွား မည်ဖြစ်ပြီး တိုင်းရင်းသားဒေသများနှင့် မြန်မာနိုင်ငံအတွင်းရှိ အဖြစ်အပျက်များကို ဘက်လိုက်မှု ကင်းပြီး ညီမျှမှုရှိသော သတင်းများဖြင့် ပြည်တွင်း၊ ဒေသတွင်း နှင့် နိုင်ငံ တကာသို့ ရည်ရွယ် ရေးသားထုတ်ဝေနေသည့် သတင်းမီဒီယာ ကွန်ယက် တစ်ခု ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks