Homeသတင်းကျေးလက်လမ်း၊ တံတား၊ ရေပေးရေးလုပ်ငန်းကို သန်း ၁၆၀ဝ သုံးစွဲမည်

ကျေးလက်လမ်း၊ တံတား၊ ရေပေးရေးလုပ်ငန်းကို သန်း ၁၆၀ဝ သုံးစွဲမည်

-

၂၀၁၇- ၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေဖြင့် လမ်း၊ တံတား၊ ကျေးလက်ရေပေးရေးလုပ်ငန်း ၃ ခုကို တန်ဖိုးငွေ ကျပ်သန်းပေါင်း ၁၆၄၂ ဒသမ ၃၄၂ သန်း သုံးစွဲသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါလုပ်ငန်း ၃ ခုတွင် လမ်း ၇ ခု အတွက် ငွေကျပ် ၈၉၇.၅၅ သန်း၊ တံတား ၆ စင်း တန်ဖိုးငွေ ၅၉၁ သန်း၊ ရေးပေးရေးလုပ်ငန်း အတွက် ၁၅၃.၇၉၂ သန်း ရှိကြောင်း ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုလက်ထောက်ညွှန်ကြားရေးမှူး(နည်းပညာ)ဦးဝင်းနိုင် က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

ပြည်နယ်တင်ဒါရွေးချယ်ပွဲ(MNA)
ဦးဝင်းနိုင်က “ဒီ ၁၇-၁၈ မှာ လမ်း၊ တံတား၊ ရေပေးရေး လုပ်ငန်းသုံးခုအတွက် ငွေကျပ် ၁၆၄၂ .၃၄၂ သန်း သုံးစွဲသွားမယ်၊ လုပ်ငန်းတန်ဖိုး သန်း ၁၀ဝ အထက်ကို ပြည်နယ်မှာ တင်ဒါပစ်တယ်၊ ၁၀ သန်း နဲ့ သန်း ၁၀ဝ ကြားကိုတော့ သက်ဆိုင်ရာ ခရိုင်တွေမှာ ပစ်တယ်၊ ၁၀ သန်းအောက်လုပ်ငန်းကိုတော့ ဌာနကနေ ဆောင်ရွက်တယ်” ဟု ပြောသည်။

လက်ရှိတွင် ၄င်းလုပ်ငန်းများအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရန် တင်ဒါလျှောက်လွှာတင်သွင်းခဲ့သည့် ကုမ္ပဏီပေါင်း ၅၇ ခုအား ပဏာမအရည်အချင်းစစ်ဆေးလျှက်ရှိပြီး ယင်းအနက် ကုမ္ပဏီ ၁၉ ခုကို ရွေးချယ်သွားမည်ဖြစ်သည်။

ဦးဝင်းနိုင်က “ တင်ဒါတင်သွင်းလာတဲ့ ကုမ္ပဏီတွေကို အဓိက မှတ်ပုံတင်၊ အင်ဂျင်နီယာအင်အား၊ ငွေကြေးပိုင်ဆိုင်မှုတွေ၊ စက်ယာန္ဒရား၊ ကွင်းဆင်းထားတာတွေ ရှိမရှိ ပဏာမဖွင့်ဖောက် စီစစ်တယ်၊ ပြီးရင် စကာတင်ရွေးချယ်ပြီး ပြည်နယ်အစိုးရအဖွဲ့ကိုတင်ပြီးတော့ တင်ဒါအောင် ကုမ္ပဏီတွေကို ကြေငြာသွားမယ်” ဟုပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့တွင် မော်လမြိုင်ခရိုင်နှင့် သထုံခရိုင်မှ တင်ဒါတင်သွင်းခဲ့သည့် ကုမ္ပဏီများနှင့် ဇွန်လ ၂၀ ရက်နေ့တွင် ပြည်နယ်ရှိ လမ်း၊ တံတား၊ ရေပေးရေးလုပ်ငန်းအတွက် ကုမ္ပဏီများကို ဖွင့်ဖောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက် လမ်း၊ တံတား၊ ရေပေးရေးလုပ်ငန်း၊ ကျေးလက် အိမ်ယာ၊ အိမ်သာ ဆောက်လုပ်ခြင်း၊ မြစိမ်းရောင် ကျေးရွာ စီမံကိန်းလုပ်ငန်း၊ CTT ကျေးရွာစီမံကိန်း စသည့်လုပ်ငန်းများအား အကောင်အထည်ဖော် ဆောက်ရွက်လျှက်ရှိကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts