spot_img
Friday, March 14, 2025
More
    spot_img
    Homeသတင်းမွန်အမျိုးသားကျောင်းမှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် ၂၃ % ရရှိ

    မွန်အမျိုးသားကျောင်းမှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် ၂၃ % ရရှိ

    -

    ယနေ့ထုတ်ပြန်သည့် ၂၀၁၆/၂၀၁၇ တက္ကသိုလ်ဝင်စာမေးပွဲတွင် မွန်အမျိုးသားပညာရေးကျောင်းမှ ဝင်ရောက် ဖြေဆိုသည့် ကျောင်းသား/ကျောင်းသူအောင်ချက်သည် ၂၃ % ရရှိခဲ့သည်ဟု မွန်အမျိုးသားကျောင်း ပညာရေးဌာနမှ သိရသည်။

    မွန်အမျိုးသားပညာရေးကျောင်းမှ ဝင်ရောက်ဖြေဆိုသူများအနက် ညီစားအထက်တန်းကျောင်း ၃၉ ဦးမှ အောင်မြင်သူ ၉ ဦး၊ အင်ဒင် အထက်တန်းကျောင်း ၂၃ ဦးမှ အောင်မြင်သူ ၅ ဦးနှင့် ဝင်္ကပါအ ထက်တန်းကျောင်း ၁၆ ဦးမှ အောင်မြင်သူ ၄ ဦး စုစုပေါင်း ၇၈ ဦးဝင်ရောက်ဖြေဆိုရာ ၁၈ ဦး အောင်မြင်ခဲ့ခြင်း ဖြစ်သည်။

    မွန်အမျိုးသားကျောင်းမှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်(MNEC)
    မွန်အမျိုးသားပညာရေးကျောင်းတာဝန်ခံ နိုင်အောင်ဇေ က “ဒီနှစ်က ပြီးခဲ့တဲ့ပညာနှစ်ထက် အောင်ချက်အများ ကြီး ကောင်းလာပါတယ်” ဟု ဆိုသည်။

    ၂၀၁၅/၂၀၁၆ ပညာသင်နှစ်တွင် မွန်အမျိုးသားပညာရေးကျောင်းမှ ၁၁ % ကျော်သာ အောင်ချက်ရရှိခဲ့ပြီ ၂၀၁၆/၂၀၁၇ ပညာသင်နှစ်တွင် ၂၃% ရရှိခဲ့သောကြောင့် အောင်ချက်တိုးတက်လာသည်ဟု နိုင်အောင်ဇေ က ဆက်ပြောသည်။

    မွန်အမျိုးသားပညာရေးကျောင်း အင်ဒင်ကျောင်းအုပ်ဆရာ နိုင်သန်းထွန်းလေး က “ဆရာတို့ကျောင်းမှာက ယောင်္ကျာလေးတွေအောင်တာများတယ်” ဟု ဆိုသည်။

    ယခင် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် မွန်အမျိုးသားပညာရေးဌာနလက်အောက်ခံရှိ မွန်အမျိုးသားအထက်တန်း ကျောင်း ၃ ကျောင်းတွင် အစိုးရတက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၉၃ ဦးရှိပြီး အောင်မြင်သူ ၁၁ အနက် ညီစားအထက်တန်းကျောင်းတွင် ၃၆ ဦးဝင်ရောက်ဖြေဆိုရာ အောင်မြင်သူ ၄ ဦး၊ အံဒင် မွန်အမျိုးသား အထက်တန်းကျောင်းတွင် ၄၀ ဦး ဝင်ရောက်ဖြေဆိုရာတွင် အောင်မြင်သူ ၅ ဦး နှင့် ဝင်္ကပါ အထက်တန်း ကျောင်းတွင် ဝင်ရောက်ဖြေဆိုသူ ၁၇ ဦး အောင်မြင်သူ ၂ ဦးရှိပြီး အောင်ချက် ၁၁.၈၃% သာရှိကြောင်း သိရသည်။

    ၁၉၉၅ ခုနှစ်တွင် မွန်ပြည်သစ်ပါတီနှင့် အစိုးရတို့ အပစ်ရပ်စဲရေးသဘောတူညီခဲ့ပြီးနောက် မွန်အမျိုးသားပညာရေးကျောင်းမှ ကျောင်းသား/ကျောင်းသူတို့သည် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေ ဆိုခွင့် ရရှိခဲ့ပြီး ကျောင်းသား ၄၀ဝ ကျော်တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီး ဖြစ်သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    33,400SubscribersSubscribe
    spot_img

    Latest posts