spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းဒေသဖွံ့ဖြိုးရေးအတွက် ၂ ရာနှုန်းပေးသွင်းမည့်အမြတ်ငွေ မထွက်သေးဟု MCL ကုမ္ပဏီပြော

    ဒေသဖွံ့ဖြိုးရေးအတွက် ၂ ရာနှုန်းပေးသွင်းမည့်အမြတ်ငွေ မထွက်သေးဟု MCL ကုမ္ပဏီပြော

    -

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ပျားတောင်ဒေသတွင် လည်ပတ်လျှက်ရှိသည့် မော်လမြိုင်ဘိလပ်မြေစက်ရုံမှ Mawlamyine Cement Ltd. (MCL) ထွက်ရှိသော လုပ်ငန်းအမြတ်ငွေများထဲမှ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂ ရာနှုန်းပေးသွင်းမည့် အမြတ်ငွေ မထွက်သေးကြောင်း ကုမ္ပဏီမှ သိရသည်။

    MCL ဘိလပ်မြေကုမ္ပဏီ အမှုဆောင်အရာရှိ ဦးဇော်လွင်ဦး က “ ဦးတို့လုပ်ငန်းအမြတ်ရဲ့ ၂ ရာနှုန်း၊ အမြတ်အပေါ် ၂ ရာနှုန်းကို မွန်ပြည်နယ်အစိုးရအဖွဲ့နဲ့ ညှိနှိုင်းပြီးတော့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းမှာ အသုံးပြုမယ်၊ အခုလောလောဆယ်ဆယ်က အမြတ်က ဘာမှမရှိသေးဘူး၊ အခုမှစပြီးတော့ စက်ရုံက လည်နေတုန်းရှိသေး” ဟု ပြောသည်။

    မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL(MNA)

    ဒုတိယကြိမ်မွန်ပြည်နယ်လွှတ်တော် ဆဌမပုံမှန်အစည်းအဝေး ဇွန်လ ၁၅ ရက်နေ့တွင် ကျိုက်မရောမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် မင်းအောင်မွန်က “ MCL ဘိလပ်မြေစက်ရုံမှ ရရှိသော အမြတ်ငွေများမှ ဒေသဖွံ့ဖြိုးရေးအတွက် ထောက်ပံ့သည့်ကိစ္စ မေးမြန်းခဲ့ရာ အစိုးရအဖွဲ့အား မေးမြန်းခဲ့ခြင်း ဖြစ်သည်။

    မွန်ပြည်နယ်အစိုးရ လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီးဌာန ဝန်ကြီးဦးမင်းထင်အောန်ဟန် က “အစိုးရနဲ့ သဘောတူထားတဲ့ အမြတ်ငွေ ၂ ရာနှုန်းကို အရင်းကြေကာလလွန်ပြီးမှ အမြတ်ငွေ ၂ ရာနှုန်းကို ပြည်နယ်အစိုးရက ရရှိမှာဖြစ်ပါတယ်၊ အရင်းကြေပြီးမှ ပေးမယ်လို့ ပြောထားတာရှိပါတယ်” ဟု ဆိုသည်။

    ပြည်နယ်အစိုးရအနေဖြင့် ကုမ္ပဏီမှ သဘောတူထားသည့် အမြတ်ငွေ ၂ ရာနှုန်းအား အရင်းကြေကာလလွန်မှသာ ပေးသွင်းသွားမည်ဖြစ်ကြောင်း၊ အဆိုပါ အရင်းကြေကာလအား မည်သို့ သတ်မှတ်ထားသည်ကို ပြည်နယ်အစိုးရအဖွဲ့မှ ပွင့်ပွင့်လင်းလင်း မသိရှိထားသည့်အတွက် ပြည်ထောင်စုအစိုးရသို့ မေးမြန်းပြီးမှသာ စာဖြင့် ပြန်လည်ဖြေကြားသွားမည်ဖြစ်ကြောင်း ၄င်းက ထပ်မံဖြေကြားခဲ့သည်။

    ထို့အတူ မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ ဒေါ်တင်အိက “အရင်းကြေကာလဘယ်နှစ်နှစ်အတွင်းလည်းဆိုတာ စာချုပ်မှာ အတိအကျထည့်ရေးထားတာရှိလား?’’ ဟု လွှတ်တော်၌ မေးခွန်းထုတ်မေးမြန်းခဲ့သည်။

    မော်လမြိုင်ဘိလပ်မြေစက်ရုံ Mawlamyine Cement Ltd. (MCL) သည် စက်ရုံလည်ပတ်ရန်အတွက် လိုအပ် နေသည့် လျှပ်စစ်မီး ၄၉ မဂ္ဂါဝပ်နှင့် ကျောက်မီးသွေးမှ ၄၀ မဂ္ဂါဝပ် ထုတ်လုပ်နေသည့်အတွက် အဆိုပါ စက်ရုံ အား ဒေသခံပြည်သူများက ကန့်ကွက်နေရသည့် စက်ရုံတခုလည်း ဖြစ်သည်။

    လွှတ်တော်ကိုယ်စားလှယ် မင်းအောင်မွန် က “လက်ရှိစက်ရုံက လည်ပတ်နေပြီ၊ အဲဒီအပေါ်မှာကြည့်ခြင်းအားဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းက သူတို့စာချုပ်ထဲမှာပါနေတယ်၊ ဝန်ကြီးဖြေသွားသလို အရင်းကြေပြီးမှ အကျိုးအမြတ်လို့ ပြောသွားတယ်၊ ကျနော်ဆိုလိုချင်တာက တစ်နေ့ကို ဘိလပ်မြေ တန်ချိန် ၅၀ဝ၀ ထုတ်ရင် အဲဒီကနေထွက်ရှိတဲ့ရောင်းအားရဲ့ အမြတ်ငွေ ၂ ရာနှုန်းကို ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ပေးရမယ်” ဟု ပြောသည်။

    အဆိုပါစက်ရုံသည် ၂၀၁၆ စက်တင်ဘာလမှစတင်စမ်းသပ်လည်ပတ်ခဲ့ပြီး ကျောက်မီးသွေးနှင့် ဇီဝစွန့်ပစ်ပစ္စည်းများမှ လျှပ်စစ်စွမ်းအင်ကို အသုံးပြု၍ တနေ့လျှင် ဘိလပ်မြေ တန်ချိန် ၅၀ဝ၀ ထုတ်လုပ်လျှက်ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks