spot_img
Wednesday, February 11, 2026
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးမွန်ပြည်နယ်အတွင်း တန်ဖိုးသင့်အိမ်ရာတိုက်ခန်းများဆောက်လုပ်ရန် ကုမ္ပဏီများကို တင်ဒါခေါ်ယူသွားမည်

    မွန်ပြည်နယ်အတွင်း တန်ဖိုးသင့်အိမ်ရာတိုက်ခန်းများဆောက်လုပ်ရန် ကုမ္ပဏီများကို တင်ဒါခေါ်ယူသွားမည်

    -

    မွန်ပြည်အတွင်းရှိ မြို့နယ်အချို့တွင် တန်ဖိုးသင့် အိမ်ရာ တိုက်ခန်းပေါင်း ၄၆၀ဝ ကျော်ကို ဆောက်လုပ်သွားရန် စီမံကိန်းရေးဆွဲပြီးဖြစ်သည့်အတွက် အဆိုပါ အိမ်ရာများဆောက်လုပ်ရန် ကုမ္ပဏီများကို တင်ဒါခေါ်ယူသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာမှ သတင်းရရှိသည်။

    အဆိုပါ စီမံကိန်းကိုရေးဆွဲပြီးနောက် ပြည်နယ်အစိုးရမှ အတည်ပြုထားပြီး ထိုမှတစ်ဆင့် ပြည်ထောင်စု အစိုးရထံ တင်ပြထားပြီးဖြစ်ကြောင်း၊စီးပွားရေးရာ ကော်မတီမှ ခွင့်ပြုသည်နှင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသင်းဇော်မိုး က ပြောသည်။

    မော်လမြိုင်မြို့ရှိ သီရိမင်္ဂလာအိမ်ရာ တန်ဖိုးနည်းတိုက်ခန်းများကို ဇွန်လ(၅) ရက်နေ့က မြင်တွေ့ရစဉ်(MNA)

    “မွန်ပြည်နယ်မှာ တန်ဖိုးသင့်အိမ်ရာ တိုက်ခန်း(၄၆၀ဝ) ကျော်လုပ်ဆောက်လုပ်ဖို့ တင်ပြထားပါတယ်။ကျိုက်မရောမြို့နယ်က မင်းရွာနဲ့သံဖြူဇရပ်မြို့နယ် ဖောင်စိန်ကျေးရွာမှာ ဆောက်လုပ်သွားမှာပါ။ဒီစီမံကိန်းအတွက် ဘတ်ဂျက်ငွေတွေကိုကျတော့ နည်း(၃)နည်းနဲ့ ဆောင်ရွက်ရမှာပေါ့။ပထမတစ်နည်းက တိုင်းဒေသကြီးနဲ့ပြည်နယ်အစိုးရဘတ်ဂျက်နဲ့ဆောက်တာရှိမယ်။ကုမ္ပဏီတွေနဲ့ အကျိုးတူပူးပေါင်းပြီးလုပ်ဆောင်တာ။ပြည်နယ်အစိုးရက တိုက်ခန်းဘယ်နှခန်းယူ၊ကုမ္ပဏီက ဘယ်နှခန်းယူ စသဖြင့်ပေါ့။နောက်ဆုံးတစ်ခုကလှည့်ပတ်ရံပုံငွေတွေကနေ သုံးသွားမလားပေါ့ ဒါတွေစဉ်းစားရမယ်”ဟု ၄င်းကဆက်ပြောသည်။

    ယင်းကဲ့သို့ဆောက်လုပ်ခြင်းဖြင့် ပြည်သူများအလုပ်အကိုင်ပိုမိုရရှိကာ နေထိုင်ရေးအဆင်ပြေလာစေမှာဖြစ်ကြောင်း၊ ကုမ္ပဏီများကိုလည်း တင်ဒါခေါ်ယူမည်ဟု ဆိုသည်။

    “ကုမ္ပဏီတွေ တင်ဒါခေါ်တာကျတော့ ပြည်နယ်အစိုးရက လုပ်ဆောင်မှာပါ။အခုက ကျိုက်မရောက မင်းရွာမှာဆိုရင် တိုက်ခန်းပေါင်း(၂၄၃၂) ခန်းအတွက် မြေဧကပေါင်း(၄၄) လောက်အသုံးပြုသွားမယ် တိုက်ခန်းကျဉ်းတာတွေလည်းရှိမယ်၊ကျယ်တာတွေလည်းရှိမယ် စတုရန်းပေ (၃၂၄) ကတစ်မျိုး၊ စတုရန်းပေ(၄၀ဝ) ကတစ်မျိုး၊နောက် စတုရန်းပေ(၆၅၀) က တစ်မျိုးပေါ့”ဟု ၄င်းကဆိုသည်။

    ကျိုက်မရောမြို့နယ် မင်းရွာက တန်ဖိုးသင့်အိမ်ရာ တိုက်ခန်းများတွင် လူဦးရေ (၁၀ဝ၀ဝ) ခန့်နေထိုင်နိုင်ပြီး မီး၊ရေ စသည့် အခြားလိုအပ်ချက်များကို ဖယ်ရှားလိုက်ပါကို တိုက်ခန်းဈေးနှုန်းသိန်း(၅၀) ဝန်းကျင်ခန့်သာ ရှိနိုင်ကြောင်း ၄င်းက ပြောသည်။

    ထို့အပြင် တန်ဖိုးသင့် အိမ်ရာတိုက်ခန်းအများစုသည် သီရိမင်္ဂလာအိမ်ရာကဲ့သို့ သိန်းရာချီပေးနေရသည့်အတွက် အခြေခံလူတန်းစားအများအတွက် ခံစားခွင့်မရှိကြောင်း မော်လမြိုင်ဒေသခံများက ဝေဖန်နေသည့်အပေါ် ဦးသင်းဇော်မိုးက “သံလွင်တံတားနားမှာ ကျွန်တော်တို့ရဲ့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှာ ငွေစုထားလိုက်ပါ။ တစ်သောင်းကစပြီးစုလို့ရပါတယ်။ အဲ့လိုငွေစုထားမယ်ဆိုရင် ဘဏ်အတိုးတွေ ရမယ့်အပြင် တန်ဖိုးသင့် အိမ်ရာတိုက်ခန်းက သိန်း(၁၀ဝ) တန်တယ်ဆိုရင် အရင်ဆုံးသိန်း(၃၀) ပဲ ပေးသွင်းရမှာပါ။ ကျန်တာကို (၈) နှစ် အရစ်ကျပေးလို့ရပါတယ်။ ကျွန်တော်တို့က အဲ့ဒီဘဏ်မှာငွေစုထားတဲ့သူတွေကို ဦးစားပေးပါတယ်”ဟု ဦးသင်းဇော်မိုးက ရှင်းပြသည်။

    အဆိုပါ စီမံကိန်းနှင့်ပတ်သက်ပြီး မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မှ ဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက “ အဲ့ဒီကိစ္စက လက်ရှိမှာတော့ စီမံကိန်းရေးဆွဲပြီး တင်ပြထားပါတယ် ကျွန်တော်တို့က တင်ဒါစနစ်နဲ့ အတိအကျလုပ်ရမှာပေါ့ အကောင်အထည်ဖော်တဲ့ လုပ်ငန်းကတော့ မစရသေးပါဘူး” ဟု ၄င်းက ပြောကြားခဲ့သည်။

    သံဖြူဇရပ်မြို့နယ်နှင့် ကျိုက်မရောမြို့နယ်အပါအဝင် မွန်ပြည်နယ်တွင် တန်ဖိုးသင့် အိမ်ရာ တိုက်ခန်းပေါင်း(၄၆၇၂) ခန်းကို ဆောက်လုပ်သွားမည်ဖြစ်ပြီး အခြေခံလူတန်းစားများအနေဖြင့် အဆိုပါတိုက်ခန်းများကို သိန်း(၃၀) ပေးချေပြီးပါက အရစ်ကျစနစ်ဖြင့် ရယူနိုင်ပြီး ယင်းအဆောက်အအုံတွင် ကားပါကင်များအပါအဝင် မူလတန်းကျောင်းများပါ ဆောက်လုပ်သွားရန် တင်ပြထားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks