Homeသတင်းမွန်ပြည်နယ်အတွင်း မြေမြှုပ်မိုင်းဒဏ်ထိခိုက်ဒဏ်ရာရမသန်စွမ်းများအား ကူညီမည့်အစီအစဉ်ဆွေးနွေး

မွန်ပြည်နယ်အတွင်း မြေမြှုပ်မိုင်းဒဏ်ထိခိုက်ဒဏ်ရာရမသန်စွမ်းများအား ကူညီမည့်အစီအစဉ်ဆွေးနွေး

-

မွန်ပြည်နယ်အတွင်း မြေမြှုန်မိုင်းဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရသူများနှင့် မသန်စွမ်းသူများအား ကူညီပံ့ပိုးပေး နိုင်မည့်အစီအစဉ်များနှင့်ပတ်သက်သည့် ဆွေးနွေးပွဲကို မေလ (၂၆) ရက်နေ့နံနက် (၁၀) နာရီအချိန်က မော်လမြိုင်မြို့၊ အတ္ထရံဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

World Education အဖွဲ့အနေဖြင့် မြေမြှုပ်မိုင်းဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရသည့်သူများ၊ မသန်စွမ်းဖြစ်နေ သည့်သူများအား ကူညီပံ့ပိုးပေးမည့် လုပ်ငန်းစီမံချက်များ စတင်နိုင်ရေးအတွက် ရည်ရွယ်ပြီး အဖွဲ့အစည်းများ ကို လုပ်ငန်းစဉ်ချပြသည့် အစည်းအဝေးဖြစ်ကြောင်း World Education အဖွဲ့မှ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်ခင်မာအောင်က ပြောသည်။

မြေမြှုပ်မိုင်းဒဏ်ထိခိုက်ဒဏ်ရာရမသန်စွမ်းများအား ကူညီမည့်အစီအစဉ်ဆွေးနွေးပွဲ(MNA)

ယင်းလုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ၂၀၁၂ ခုနှစ်က ကယားပြည်နယ်တွင် မိုင်းဒဏ်ရာရရှိထားသည့်သူများနှင့် မိသားဝင်များ၏ အသက်မွေးဝမ်းကြောင်း တိုးတက်ရေးနှင့် လူနေမှုဘဝတိုးတက်လာစေရေးကို ရည်ရွယ်ပြီး လိုအပ်နေသည့် ဝင်ငွေတိုးလုပ်ငန်းများကို လူဦးရေစုစုပေါင်း ၁၂၀ ဦးကို ပံ့ပိုးပေးနိုင်ခဲ့ပြီး ယခုနှစ်အတွင်း မွန်ပြည်နယ်တွင် မြေမြှုပ်မိုင်းဒဏ်သင့်ထားသည့် မသန်စွမ်းသူများ၏ ပံ့ပိုးပေးမည့်အစီအစဉ်ကို စတင်လုပ် ဆောင်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“World Education နဲ ့ကျွန်တော်တို့နဲ့က နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးထားပါတယ်။ အဲဒါကြောင့် မွန်ပြည်နယ်မှာ World Education အဖွဲ့နဲ့လက်တွဲပြီးဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု မွန်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ညွန်ကြားရေးမှူး ဦးကိုကိုနိုင်က ပြောသည်။

မွန်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် မိုင်းနှင့် ပတ်သက်သည့်အဖွဲ့အစည်းများနှင့် လက်တွဲပြီး မိုင်းအန္တရာယ်အသိပေးသည့်လုပ်ငန်းများကို အဓိကထားပြီးဆောင်ရွက်နေကြောင်း ယင်းအစီအစဉ်များကို ၂၀၁၅ ခုနှစ်က စတင်ပြီး ဘီးလင်းမြို့နယ်နှင့် သထုံမြို့နယ်တွင် ကျေးလက်ဒေသအထိကွင်းဆင်းပြီး ဆွေးနွေးပွဲများ၊ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

“မွန်ပြည်နယ်အနေနဲ့က မြေမြှုပ်မိုင်းအန္တရာယ် သိပ်ပြီး တော့ မရှိဘူးလို့ထင်ပါတယ်။ မိုင်းနင်းပြီး ထိခိုက်ဒဏ်ရာ ရတဲ့သူ အတော်လေးရှားပါတယ်။ တစ်နေရာမှာ မိုင်းထိပြီးတော့ ကျွန်တော်တို့ပြည်နယ်ကို ပြောင်းလာပြီးတော့ရှိရင် အခြေကျနေထိုင်တဲ့ သူတွေရှိနိုင်ပါတယ်”ဟု ဦးကိုကိုနိုင်က ဆက်ပြောသည်။

World Education အဖွဲ ့၏ လေ့လာဆန်းစစ်ချက်များ အရ ကယားပြည်နယ်တွင် မြေမြှုပ်မိုင်းဒဏ်သင့် မသန်းစွမ်းဦးရေ (၃၀ဝ) ခန့်ရှိကြောင်း၊ ပဲခူးတိုင်းဒေသကြီးတွင်လည်း စာရင်းအတိအကျမရသေးသော်လည်း မြေမြှုပ်မိုင်းဒဏ်သင့် မသန်စွမ်းဦးရေ (၂၀ဝ) ကျော် (၃၀ဝ) ခန့်ရှိကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts