Homeသတင်း၂၆၀ နှစ်ပြည့် မွန်ဟံသာဝတီပျက်သုဉ်းနေ့ အောက်မေ့ဘွယ်အခမ်းအနားကျင်းပ

၂၆၀ နှစ်ပြည့် မွန်ဟံသာဝတီပျက်သုဉ်းနေ့ အောက်မေ့ဘွယ်အခမ်းအနားကျင်းပ

-

မြန်မာသက္ကရာဇ် (၁၁၁၉) ခုနှစ်၊ ကဆုန်လဆုတ် (၈) ရက်နေ့တွင် ပျက်သုဉ်းခဲ့သည့် မွန်လူမျိုးတို့၏ ဟံသာဝတီနေပြည်တော်ပျက်သုဉ်းခြင်း နှစ် (၂၆၀) ပြည့် အခမ်းအနားကို မေလ (၁၈) ရက်နေ့၌ မုဒုံမြို့နယ် မွန်လူငယ်များအသင်းမှ ဦးဆောင်ကာ မွန်ပြည်နယ် မုဒုံမြို့ရှိ ကန်ကြီးစေတီတော်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

မုဒုံမြို့နယ် မွန်လူငယ်များအသင်းမှ နိုင်တော်ပနအောင်က “ဒီအခမ်းအနားက တစ်ချိန်တုန်းက အန္တာရာယ်မျိုးစုံနဲ့ (အစိမ်းသေ) ဆုံးပါးသွားခဲ့ရတဲ့သူတွေ ကျွတ်လွတ်သွားဖို့အတွက် ကျွန်တော်တို့က ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ပြီးတော့ သူတို့တွေဆီကို အမျှဝေပေးတဲ့ ပွဲလေးပါပဲ” ဟုပြောသည်။

မုဒုံမြို့နယ် ၂၆၀ နှစ်ပြည့် မွန်ဟံသာဝတီပျက်သုဉ်းနေ့အခမ်းအနား(MNA)

အဆိုပါအခမ်းအနားတွင် မွန်လူငယ်များမှ ကန်ကြီးစေတီအား သုံးပတ် ပတ်ပြီး ဘုရားဆီမီးများ ပူဇော်ခြင်း၊ တရား နားခြင်း၊ ထိုကောင်းမှုကုသိုလ်များကို အမျှဝေခြင်းအစီအစဉ်များဖြင့် ပြုလုပ်ခဲ့သည်။

“ဒီပွဲ ကျင်းပတာက အဃာတတရားထားပြီး ပြုလုပ်တာ မဟုတ်ပါဘူး၊ မွန်လူမျိုးတွေ အဲအချိန်တုန်းက မညီ ညွတ်ကြလို့ ပျက်စီးဆုံးရှုံးခဲ့ရတယ်ဆိုတာ သိဖို့နဲ့ ခုဒီအချိန်မှာ ညီညီညွတ်တ်နဲ့ ကိုယ့်လူမျိုးရေးအတွက် အတူ တကွ လုပ်ဆောင်သွားဖို့အတွက်ပါ” ဟု မုဒုံမြို့နယ် တာပသွန်ကျေးရွာရှိ အောင်မေတ္တာကျောင်းမှ အရှင်သီဟ က မိန့်ကြားတော်မူသည်။

ဗမာဘုရင် ဦးအောင်ဇေယျ (ခေါ်) အလောင်းမင်းတရားသည် မြန်မာသက္ကရာဇ် (၁၁၁၉) ခုနှစ်၊ ကဆုန်လပြည့်ကျော်မှစတင်၍ လက်ရှိပဲခူးဟုခေါ်ဆိုသော ဟံသာဝတီမွန်နေပြည်တော်အား ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာမှ မွန်တို့၏မင်းဆက်အဆုံးသတ်ခဲ့သည်ဟု သိရသည်။

အဆိုပါနှစ် (၂၆၀) ပြည့် အောက်မေ့ဘွယ်အခမ်းအနားကို မွန်လူများနေထိုင်ရာဒေသအသီးသီးတွင် နှစ်စဉ်ကျင်းပကြပြီး ထိုစဉ်ကကျဆုံးခဲ့သော စစ်သည်တော်များ၊ ရဟန်းတော်များနှင့် ပြည်သူလူထုများအား ကောင်းရာသုဂတိလားစေရန် အမျှဝေဆုတောင်းပေးခြင်းဖြစ်ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts