Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးအမျိုးသမီးငယ်ကိုရေးနွေးပူလောင်းချသည့် ထမင်းချက်ကန်ထရိုက်အား ထောင်ဒဏ် ၇ နှစ်ချ

အမျိုးသမီးငယ်ကိုရေးနွေးပူလောင်းချသည့် ထမင်းချက်ကန်ထရိုက်အား ထောင်ဒဏ် ၇ နှစ်ချ

-

မော်လမြိုင်တက္ကသိုလ်၌ ထမင်းချက်အကူလုပ်ကိုင်နေသည့် အသက် ၁၄ နှစ်အရွယ် မခင်ခင်ထွန်းကို ရေးနွေးပူလောင်းချခဲ့သည့် ထမင်းချက်ကန်ထရိုက်ဖြစ်သူ ဒေါ်အေးအေးစိုးအား မေလ ၁၈ ရက် ညနေ ၄ နာရီခွဲက မော်လမြိုင်မြို့နယ် တရားရုံးက ထောင်ဒဏ် ၇ နှစ်အမိန့်ချမှတ်လိုက်သည်။

“စွဲဆိုထားတဲ့စွဲချက်အတိုင်းပဲ တရားသူကြီးက ထောင်ဒဏ်တွေ ချမှတ်လိုက်တယ်၊ ချုပ်ရက်တွေကို ခံစားဖို့အတွက် အမိန့်ချမှတ်ပြီးတော့ ပြီးသွားတယ်”ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်ယဉ်မင်းစန်းက ပြောကြားသည်။

တရားခံ ဒေါ်အေးအေးစိုးအား ရဲများခေါ်ဆောင်သွားစဉ်(MNA)

မော်လမြိုင်မြို့နယ်တရားရုံးမှ အပြင်းအထန်နာကျင်စေမှုဖြင့် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၂၆ အရ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၇ နှစ်နှင့် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၂၃ အရ ထောင်ဒဏ် ၁ နှစ် အမိန့်ချမှတ်ခဲ့ပြီး ပြစ်ဒဏ်ကို တစ်ပေါင်းတည်းကျခံစေရန်နှင့် ချုပ်ရက်များကိုလည်း ခံစားခွင့်ပေးခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

“၃၂၆ အရ ထောင်ဒဏ် ၇ နှစ် ကျခံရမည် ပြီးတော့ ၃၂၃ အရ ထောင်ဒဏ် ၁ နှစ် ကျခံရမည် ပြစ်ဒဏ်နှစ်ရပ်ကို တစ်ပေါင်းတည်းကျခံစေ ချုပ်ရက်ကို ထောင်ဒဏ်ကနေပြီးတော့ ထုတ်နှုတ်ကျခံစေ၊ သူ့ကို ချုပ်ထားတယ်၊ အဲဒီရက်ကနေစပြီးတော့ ဒီနေ့အထိကို ၇ နှစ် ချတဲ့အထဲမှာ နှုတ်သွားမှာ ဒါက ထောင်ကလုပ်ရမယ့်အလုပ်”ဟု မော်လမြိုင်မြို့နယ်တရားသူကြီး ဦးစိုးမင်းက ပြောကြားသည်။

မော်လမြိုင်တက္ကသိုလ် (၁၀) မြို့နယ်အဆောင်၌ ထမင်းချက်အကူလုပ်ကိုင်နေသည့် မခင်ခင်ထွန်း လိမ္မော်သီးနှစ်လုံးအား ခိုးစားသည်ဟု ထမင်းချက်ကန်ထရိုက် အလုပ်ရှင် ဒေါ်အေးအေးစိုးမှ စွပ်စွဲပြီး ရေးနွေးပူဖြင့် လောင်းချနှိပ်စက်ခဲ့သည့်ဖြစ်ရပ် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် ဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts