Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးMCL ဘိလပ်မြေစက်ရုံ၏ EIA အစီရင်ခံစာ ပြည်နယ်အစိုးရထံတင်ပြခြင်းမရှိသေး

MCL ဘိလပ်မြေစက်ရုံ၏ EIA အစီရင်ခံစာ ပြည်နယ်အစိုးရထံတင်ပြခြင်းမရှိသေး

-

မွန်ပြည်နယ်၊ ကျိုက်မရောမြိုနယ်၊ ပျားတောင်ဒေသရှိ မော်လမြိုင်ဘိလပ်မြေစက်ရုံ Mawlamyine Cemant Ltd. (MCL) ကို ပြည်ထောင်စု သံယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သဘာပတ် ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ (EIA) ကို ပြန်လည်တင်ပြရန် ပြီးခဲ့သည့် မတ်လကညွှန်ကြားခဲ့ရာ အဆိုပါအစီရင်ခံစာအား မွန်ပြည်နယ်အစိုးရထံ တင်ပြထားခြင်းမရှိသေးဟု မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ သိရသည်။

“MCL က သူတို့ပြောတာ မေလ ၁၅ ရက်နေ့မှာ ပြည်ထောင်စုကို တင်လိုက်ပြီးလို့ပြောတယ်။ ဒါပေမဲ့ ပြည် ထောင်စုကို သူတင်ရင် ကျနော်တို့ဆီကို မိတ္တူပေးရမယ်။ မလာသေးဘူး” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံ ဇာတနှင့် သဘာပပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ဆိုသည်။
ယခင်က စက်ရုံတစ်ခုလုံးအတွက် EIA တစ်ခုသာ ပြုလုပ်ထားရှိပြီး ယခုညွန်းကြားချက်တွင် ထုံးကျောက်ထုတ် လုပ်မှု၊ စက်ရုံလည်ပတ်မှု၊ ကျောက်မီးသွေးနှင့်ထုတ်လုပ်သည့်လျှပ်စစ်စွမ်းအင်အပါအဝင် ဆိပ်ကမ်း Jetty အ တွက် ကနဦးပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း (IEE) အစီရင်ခံစာကို ထပ်မံပြုလုပ်ရန်ညွန်ကြားထားသည်ဟု ဒေါက်တာမင်းကြည်ဝင်းက ဆက်ပြောသည်။

ပျားတောင်ဒေသရှိ မော်လမြိုင်ဘိလပ်မြေစက်ရုံ(MNA)

မွန်ပြည်နယ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး
ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင် က “သူတို့က စက်မှုလိုင်းစင်လုပ်ဖို့လိုတယ်ပေါ့နော်။ သဘာဝပတ်ဝန်းကျင်းထိန်းသိမ်းရေးဌာနသဘောထားမှတ်ချက်ရမှ စက်မှုလိုင်စင်ရမှာလေ။ ကျနော်တို့သဘောထားကပြောထားပြီးသာပါ။ EIA သုံးမျိုးနဲ့ IEE တမျိုးလုပ်ထား ပါလို့ ပြောထားတာရှိပါတယ်” ဟု ဆိုသည်။

Test Running နှင့် Commerical Running စတင်ဆောင်ရွက်ချိန်နှင့်ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြရမည်ဖြစ်ပြီ ဓာတ်ငွေ့များအား မည်သို့ထုတ်လုပ်နေပြီး မည်သို့အန္တရာယ်မရှိကြောင်းကို သက်သေပြရန် လိုအပ်ကြောင်း၊ EIA အစီရင်ခံစာအား သက်ဆိုင်ရာဌာနသို့ ပေးပို့ပြီး ၁၅ ရက်ထက် နောက်မကျစေဘဲ ပြည်သူကို အဆိုပါအစီရင်ခံစာအကြောင်းချပြရမည်ဟု ဦးစိုးနိုင်က ဆက်ပြောသည်။

မော်လမြိုင်ဘိလပ်မြေစက်ရုံ Mawlamyine Cemant Ltd. (MCL) သည် စက်ရုံလည်ပတ်ရန်အတွက် လိုအပ် နေသည့် လျှပ်စစ်မီး ၄၉ မဂ်ဂါဝပ်ကို ကျောက်မီးသွေးမှ ၄၀ မဂ္ဂါဝပ် ထုတ်လုပ်နေသည့်အတွက် အဆိုပါ စက်ရုံ အား ဒေသခံပြည်သူအများ ကန့်ကွက်ခြင်းနေသည့် စက်ရုံတစ်ခုဖြစ်သည်။

ကျောက်မီးသွေးအသုံးပြုနေခြင်းကို ရန်တန့်ပေးရန် ဒေသခံများက မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် မွန်ပြည်နယ် လွှတ်တော်တို့ထံ တင်ပြထားသကဲ့သို့ ကျိုက်မရောမြို့နယ်၊ ပျားတောင်ဒေသတွင်လည်း ‘ကျောက်မီးသွေးအလိုမ ရှိ’ ဆိုင်းဘုတ်ထူခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ ကန့်ကွက်ဆန္ဒပြခြင်းဖြင့် ကျောက်မီး သွေးအသုံးပြုမှုကို ရန့်တန်းပေးရန်နည်းမျိုးစုံဖြင့် ကန့်ကွက်နေသည်။

ကျိုက်မရောမြို့နယ်၊ ကော့ဒွန်း၊ ကော့ပနော့ဒေသရှိ တစ်နေ့လျင် တန် ၅ ထောင်ကျ မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL ကို ၂၀၁၆ ခုနှစ် မတ်လ (၂၇) တွင် မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအုန်းမြင့်က ၎င်းစက်ရုံရှိ အိပ်သွပ်စက်ကို ဖွင့်လှစ်ပေးခဲ့ပြီး စက်ရုံစမ်းသပ်လည်ပတ်ခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts