Homeသတင်းမွန်ပြည်သစ်ပါတီ NCA လက်မှတ်အမြန်ထိုးရေး ပြည်နယ်အစိုးရအဖွဲ့တိုက်တွန်း

မွန်ပြည်သစ်ပါတီ NCA လက်မှတ်အမြန်ထိုးရေး ပြည်နယ်အစိုးရအဖွဲ့တိုက်တွန်း

-

မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ NMSP နှင့် ယနေ့(မေလ ၁၆ ရက်နေ့) တွေ့ဆုံကြရာတွင် မွန်ပြည်သစ်ပါတီ NMSP အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်အမြန်ရေးထိုးရန် မွန်ပြည်နယ်အစိုးရ တိုက်တွန်းခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

“NCA လက်မှတ်ကို ထိုးဖို့ သူတို့မှာလည်း ဆုံးဖြတ် ထားတဲ့သဘောရှိတယ်၊ ပြည်နယ်အစိုးရကတော့ ဒီကြားထဲမှာ NCA လက်မှတ်မြန်မြန်ထိုးစေချင်တယ်။ အဲဒီကိစ္စကိုလည်း ညှိနှိုင်းကြတာပေါ့လေ ကျွန်တော်တို့ ပြည်နယ်အစိုးရကတော့ NCA ကို မြန်မြန်ထိုး စေချင်တယ်”ဟု ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

ဗဟိုကော်မတီအစည်းအဝေး၌ မွန်ပြည်သစ်ပါတီ ဥက္ကဌမိန့်ခွန်းပြောကြားစဉ်(NMSP)

မွန်ပြည်သစ်ပါတီ NCA လက်မှတ်ရေးထိုးမည်ဆိုပါက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပြည်နယ်အစိုးရတို့ ထဲထဲဝင်ဝင်ပူးပေါင်း ဆောင်ရွက်ပြီး အကောင်အထည်ဖော် မည်ဆိုပါက ပိုပြီးအားကောင်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် လာမည့် ၂၄ ရက်နေ့တွင် ကျင်းပမည့် ဒုတိယအကြိမ် ၂၁ ပင်လုံညီလာခံကို မွန်ပြည်သစ်ပါတီအနေဖြင့် တက်ရောက်ရန် တိတိကျကျ ဆုံးဖြတ်ထားခြင်းမရှိသေးဟုဆိုကြောင်း ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

“ကျနော်တို့ မွန်ပြည်သစ်ပါတီအနေနဲ့ NCA ထိုးဖို့ဆုံးဖြတ်ထားပြီးပြီ၊ ဒါပေမယ့် တစ်ဖွဲ့ထဲထိုးမှာမဟုတ်၊ UNFC အဖွဲ့ဝင်တွေနဲ့အတူ လက်မှတ်ထိုးမယ့်ကိစ္စညှိနှိုင်းနေတုန်းပဲ” ဟု DPN အဖွဲ့ဝင် မွန်ပြည်သစ်ပါတီကိုယ်စားလှယ် ဒေါက်တာနိုင်ရွှေသိန်းက ပြောသည်။

UNFC နိုင်ငံရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးရေးအဖွဲ့ DPN အနေဖြင့် အစိုးရငြိမ်း ချမ်းရေးကော်မရှင်နှင့် မကြာမီတွေ့ဆုံသွားမည်ဖြစ်ပြီး ၂၁ ရာစုပင်လုံညီလာခံတွင် UNFC အဖွဲ့ဝင်များ ဆွေးနွေးတင်ပြခွင့်မရှိပါက တက်ရောက်ရန်မသေချာဟု ဆိုသည်။

UNFCခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီအဖွဲ့ဝင်(၅)ဖွဲ့ဖြစ်သည့် မွန်ပြည်သစ်ပါတီNMSP ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ရခိုင်အမျိုးသားကောင်စီANC လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU အဖွဲ့တို့သည် NCAလမ်းကြောင်းကိုလက်ခံကြောင်းဆုံးဖြတ်ခဲ့ကြောင်း UNFC ခေါင်းဆောင်တွေများထံမှ သိရသည်။

အဆိုပါတွေ့ဆုံပွဲသည် မွန်ပြည်နယ်ဝန်ကြီးချုပ်သစ်နှင့် မွန်ပြည်သစ်ပါတီ ပထဆုံးအကြိမ်တွေ့ဆုံခြင်းဖြစ်ပြီး ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်နိုင်ဦး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းအပါအဝင် ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ မွန်ပြည်သစ်ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပြည်တွင်းရေးရာဌာနတာဝန်ခံ နိုင်ဝင်းလှ၊ ဗဟိုကော်မတီဝင် နိုင်ဟံသာဗွန်ခိုင်းအပါအဝင် အဖွဲ့ဝင် ၅ ဦး မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts