spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းAMDP ဗဟိုအလုပ်အမှုဆောင်တစ်ဦးအား ပါတီမှထုတ်ပယ်

    AMDP ဗဟိုအလုပ်အမှုဆောင်တစ်ဦးအား ပါတီမှထုတ်ပယ်

    -

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်အောက်စာ(ခေါ်) နိုင်အောင်ဘအား ပါတီမှ ထုတ်ပယ်လိုက်ကြောင်း သိရသည်။

    AMDP ပါတီ၏ မတ်လ (၂၄) ရက်နေ့တွင် ကျင်းပခဲ့သည့် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး၏ ဆုံးဖြတ်ချက် အရ နိုင်အောက်စာ ကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်း ပါတီတွဲဖက်အတွင်းရေးမှူး (၁) နိုင်စံတင်က မွန်သတင်းအေဂျင်စီကို ပြောသည်။

    နိုင်အောက်စာ(ခေါ်) နိုင်အောင်ဘ(MNA)

    နိုင်စံတင်က “နိုင်အောက်စာက ပါတီရဲ့စည်းကမ်းကို ဖောက်ဖျက်ကျူးလွန်တာ ၂ ခါ၊ ၃ ခါလောက်ရှိပြီ။ ကျွန်တော်တို့က ပါတီကနေ ထုတ်ပယ်မယ်။ တာဝန်ရော ပါတီထဲကပါ ထုတ်ပယ်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တယ်” ဟု ပြောသည်။

    AMDP တက်ရောက်ကြောင်းမပြုသည့် မွန်အမျိုးသားညီလာခံတွင် နိုင်အောက်စာအနေဖြင့် ပါတီကိုယ်စား တက်ရောက်တင်ပြခဲ့ခြင်း၊ ပါတီဝင်များကို ပါတီပြိုကွဲရေးအတွက် စည်းရုံးလှုံ့ဆော်ခြင်းနှင့် ပါတီထိပ်ပိုင်းခေါင်းဆောင်များကို ပုတ်ခတ်ပြောဆို ရေးသားခြင်း စသောပါတီစည်းမျဉ်းစည်းကမ်း ဖောက်ဖျက်ခြင်းတို့ကြောင့် ထုတ်ပယ်ကြောင်း နိုင်စံတင်က ဆက်ပြောသည်။

    သို့ရာတွင် မိမိအား ပါတီမှထုတ်ပယ်ကြောင်း အကြာင်းကြားစာကို မတ်လ (၂၅) ရက်နေ့လည်ပိုင်းအထိ ၎င်းထံ အကြောင်းကြားလာခြင်း မရှိသေး၍ ပါတီမှ ထုတ်ပယ်ရခြင်းအပေါ် အသေးစိတ် ပြောနိုင်ခြင်း မရှိသေးကြောင်း နိုင်အောက်စာက မွန်သတင်းအေဂျင်စီကို ပြောသည်။

    သူက “ပါတီက ထုတ်တယ်ဆိုရင်တော့ ဒါက တရားမျှတမှုမရှိဘူး။ ဆုံးဖြတ်ချက်ချတဲ့အထဲမှာ အလုပ်အမှုဆောင် ဘယ်လောက်အထိ ပါဝင်သလဲ။ ဒါတွေလဲ ပြန်ကြည့်ဖို့ လိုတယ်” ဟု ဆက်ပြောသည်။

    မတ်လ (၂၄) ရက်နေ့က ကျင်းပသည့် AMDP ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် ဗဟိုအလုပ်အမှုဆောင် (၂၁) ဦး ရှိသည့်အနက် (၁၂) ဦးသာ အစည်းအဝေးတက်ရောက်ကြောင်း သိရသည်။

    ရေးမြို့နယ်၊ သောင်ပြင်ရွာသား နိုင်အောက်စာသည် ၂၀၁၀ ခုနှစ်တွင် AMDP ပါတီ တည် ထောင်လိုသူ အဖွဲ့ဝင်ဖြစ်ပြီး (၂၀၁၅) ရွေးကောက်ပွဲ၌ ရေးမြို့နယ် (မြောက်ပိုင်း) အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၇) မွန်ပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks