Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးလျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးစီမံကိန်း ၂ ခုအား မွန်ပြည်နယ်လွှတ်တော်အတည်ပြု

လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးစီမံကိန်း ၂ ခုအား မွန်ပြည်နယ်လွှတ်တော်အတည်ပြု

-

မွန်ပြည်နယ် သံဖြူဇရပ်နှင့် ရေးမြို့နယ်အတွင်း Bedok Construction & Engineering Co; Ltd နှင့် အရှေ့တောင် အထွေထွေစွမ်းအင်နှင့် လျှပ်စစ်ကုမ္ပဏီလီမိတက် SEGEP တို့၏ လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးစီမံကိန်းများအား မွန်ပြည်နယ်လွှတ်တော်က မတ်လ ၂၄ ရက်နေ့တွင် အတည်ပြုလိုက်သည်။

Bedok Construction & Engineering Co; Ltd မှ မွန်ပြည်နယ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့် စီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်ရေးကိစ္စတင်ပြခြင်းနှင့်စပ်လျဉ်း၍ ရေးမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းစိုးလင်း၊ ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံနှင့် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးမင်းထင်အောင်ဟန်တို့မှ အကြံပြုဆွေးနွေးခဲဲ့ပြီး ကန့်ကွက်မည့်သူမရှိသဖြင့် လျှပ်စစ်ထုတ်လုပ်ရေးကိစ္စတစ်ခုတည်းကိုသာ ပြည်နယ်လွှတ်တော်မှ အတည်ပြုခြင်း ဖြစ်သည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ(Facebook)

Bedok Constrution & Engineering Co,Ltd ကုမ္ပဏီဆောင်ရွက်မည့် မွန်ပြည်နယ်ဒေသဖွံ့ဖြိုးရေးစီးမံကိန်းသည် သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်ကြားတွင် အကောင်အထည်ဖော်မည်ဖြစ်ပြီး ပြည်နယ်စက်မှုဇုန်၊ ငါးလုပ်ငန်းဇုန်၊ ရေနက်ဆိပ်ကမ်းဇုန်၊ အထူးစီးပွားရေးဇုန်၊ အိမ်ယာစီမံကိန်းဇုန်နှင့် မွန်ပြည်နယ် အစိုးရပိုင်စီမံခန့်ခွဲဇုံတို့ ကို လျာထားသည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

ထို့အတူ အရှေ့တောင် အထွေထွေစွမ်းအင်နှင့် လျှပ်စစ်ကုမ္ပဏီလီမိတက် (SEGEP)မှ သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်အတွင်းလျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးနိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရေးကိစ္စ တင်ပြခြင်းနှင့်စပ်လျဉ်း၍ ရေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင်၊ သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့၊ ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်၊ သထုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူနှင့် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးမင်းထင်အောင်ဟန်တို့မှ အကြံပြုဆွေးနွေးခဲ့ပြီး ကန့်ကွက်မည့်သူမရှိသဖြင့် ပြည်နယ်လွှတ်တော်မှအတည် ပြုကြောင်း ကြေညာခြင်း ဖြစ်သည်။

ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးကို မတ်လ ၁၅ မှ ၂၄ ရက်နေ့အတွင်း ၆ ရက်ကြာကျင်းပခဲ့ရာ၌ မေးခွန်း (၂၈)ခု၊ မေးမြန်း ဖြေကြားခြင်း၊ အဆို(၁)ခုအား ဆွေးနွေးအတည်ပြုခြင်း၊ အစီရင်ခံစာ(၃)ခုအား မှတ်တမ်းတင်ခြင်း၊ ဥပဒေကြမ်း(၂)ရပ်အား အတည်ပြုခြင်း၊ လွှတ်တော်ရေးရာကော်မတီ(၇)ရပ် ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် သက်တမ်းတိုးမြှင့်ခြင်းတို့အား အတည်ပြုခြင်း၊ မွန်ပြည်နယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် မည့်စီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်ရေးကိစ္စများမှ လျှပ်စစ်ထုတ်လုပ်ရေးကိစ္စတစ်ခုတည်းကိုသာ အတည်ပြုခြင်းနှင့် သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်အတွင်း လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးနိုင်ရေး အတွက် အကောင်အထည်ဖော်ဆောင်ရွက်ရေးကိစ္စ တင်ပြခြင်းတို့အား အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း မွန်ပြည်နယ်လွှတ်တော် အင်တာနက်သတင်းစာမျက်နှာတွင် ဖော်ပြထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts