spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမွန်တွင် ၂၀၁၇ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသည့် မသန်စွမ်းကျောင်းသားနှစ်ဦးရှိ

    မွန်တွင် ၂၀၁၇ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသည့် မသန်စွမ်းကျောင်းသားနှစ်ဦးရှိ

    -

    မွန်ပြည်နယ်တွင် (၂၀၁၇) ခုနှစ် တက္ကသိုလ်ဝင်တန်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား/သူ (၂၄၁၈၀) ရှိသည့်အနက် မသန်စွမ်းသူ (၂) ဦးရှိနေကြောင်း မွန်ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ သိရသည်။

    အဆိုပါ မသန်စွမ်းသူ (၂) ဦးသည် ယော်ကျာ်းလေးများဖြစ်ပြီး ၄င်း ၂ ဦးစလုံးသည် ကျိုက်ထိုမြို့နယ်မှ ဖြစ်ကြောင်း သိရသည်။

    မြန်မာနိုင်ငံ မျက်မမြင်များအသင်း-မွန်ပြည်နယ်(MNA)

    “ဆရာတို့ မွန်ပြည်နယ်တစ်ခုလုံးမှမှာ ဆယ်တန်းကို ဖြေမယ့် မသန်စွမ်းက (၂) ယောက်ပဲရှိတယ်၊ ဆရာတို့က မသန်စွမ်းအတွက်ကို သူများတွေထက် အချိန်နာရီဝက် ပိုပေးထားတယ်” ဟု ပြည်နယ်ညွှန်ကြားရေးမှူး ဦးမျိုး တင့်အောင်က ပြောသည်။

    ၄င်းမသန်စွမ်းသည့် ကျောင်းသား (၂) ဦးလုံးသည် ခန္ဓာကိုယ် ပိုလီယိုဖြစ်နေကြောင်း၊ ယခုလက်ရှိ၌ စာစစ်ဋ္ဌာန အ-ထ-က (၁)ကျိုက်ထိုမှာ တစ်ဦး၊ အ-ထ-က (၂) ကျိုက်ထိုမှာတစ်ဦး ဝင်ရောက်ဖြေဆိုနေကြောင်း သိရသည်။

    ယခုကဲ့သို့ မသန်စွမ်းသူများ ဆယ်တန်းအထိ ရောက်ရှိလာခြင်း၊ ပညာရေးသင်ကြားခြင်း နည်းနေသော်လည်း (၂၁၀၅) ခုနှစ်တွင် မသန်စွမ်းသူများ ဥပဒေ ပြဋ္ဌာန်းပြီးနောက်ပိုင်း မသန်စွမ်းသူများအတွက် အခွင့်အရေးများ ရရှိလာခြင်းအပေါ် ပညာရေးအပိုင်းတွင်လည်း မသန်စွမ်းများ ပိုမိုတတ်ရောက်သင်ကြားလာပြီးဖြစ်ကြောင်း ချောင်းဆုံမြို့နယ်ရှိ မသန်စွမ်းအရင်းမြစ်ရုံးတာဝန်ခံ နန်းထူးထူးက ပြောသည်။

    “ဒါက အဓိက မိဘတွေရဲ့ ပံပိုးမှု၊ ပတ်ဝန်းကျင်ရယ်၊ သူကိုယ်တိုင်ကလည်း လိုချင်စိတ် ကြိုးစားချင်စိတ် ရှိမှပဲ အဆင်ပြေမှာလေ ဒါမှ မသန်စွမ်းတွေကလည်း ပညာရေးအပိုင်းမှာ ပိုများလာမယ်” ဟု နန်းထူးထူးက ပြောသည်။

    (၂၀၁၄) ခုနှစ် မွန်ပြည်နယ် သန်းခေါင်စာရင်း အစီရင်ခံစာအရ မွန်ပြည်နယ်တွင် လူဦးရေ (၂၀၅၄၃၉၃) ဦးရှိပြီး မသန်စွမ်းသူ (၁၀၉၂၉၈) ဦးရှိကြောင်း၊ ၄င်းမသန်စွမ်းအထဲမှ ခန္ဓာကိုယ်မသန်စွမ်း (၄၃၆၅၆) ဦး၊ မျက်မမြင်(၆၀၈၅၈) ဦး၊ နားမကြား (၂၉၈၇၆) ဦးနှင့် ဉာဏ်ရည်မမီသူ (၃၅၇၅၃) ဦးရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks