spot_img
Tuesday, February 10, 2026
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးမွန်တွင် ကြက်ငှက်တုပ်ကွေး ဖြစ်ပွားမှုမရှိစေရေး ကြက်ခြံများလိုက်လံစစ်ဆေး

    မွန်တွင် ကြက်ငှက်တုပ်ကွေး ဖြစ်ပွားမှုမရှိစေရေး ကြက်ခြံများလိုက်လံစစ်ဆေး

    -

    မွန်ပြည်နယ်အတွင်း ကြက်ငှက်တုတ်ကွေးရောဂါ ကူးစက်ပြန့်ပွားမှု မရှိအောင် ကြက်ခြံများကို လိုက်လံစစ်ဆေးမှုများ၊ ပညာပေးမှုလုပ်ငန်းများ လုပ်ဆောင်နေသည်ဟု မွန်ပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနထံမှ သိရသည်။

    စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ ကြက်မွေးမြူရေးဇုန်အတွင်း၌ ကြက်ငှက်တုပ်ကွေး H5 နှင့် H9 ရောဂါ တွေ့ရှိချက်များကြောင့် မွန်ပြည်နယ် မြို့နယ် ၁၀ မြို့နယ်အတွင်းရှိ ကြက်မွေးမြူရေးခြံများ သန့်ရှင်းအောင်၊ ဇိဝလုံခြံမှုရှိအောင်နှင့် ဆေးဖြန်းခြင်း၊ ကြက်ခြံအတွင်း လူဝင် လူထွက် ထိန်းချုပ်မှု ရှိ၊ မရှိကို အထူးကွင်းဆင်း ဆောင်ရွက်လျက်ရှိသည်။

    မော်လမြိုင်မြို့နယ်ရှိ ကြက်မွေးမြူရေးခြံတစ်ခြံ(MNA)

    “ရောက်တဲ့ခြံတွေမှာ ဇိဝလုံခြုံရေးမြှင့်တင်ရေး ပညာပေးတယ်၊ ကြက်ငှက်တုတ်ကွေးရောဂါနဲ့ ပတ်သက်ပြီးတော့ ကြိုတင်ကာကွယ်နည်းစနစ်တွေပေါ့ ပိုးသတ်ဆေးစနစ်တကျဖြန်းဖို့၊ ပရိုစီဂျာအတိုင်း ကြက်ကာကွယ်ဆေးထိုးဖို့၊ လူဝင် လူထွက် ကန့်သတ်ဖို့ စနစ်တကျ ဝင် ထွက်ဖို့ နောက်တခုက ငှက်တွေ တိရစ္ဆာန်တွေ ကြက်ငှက်မဟုတ်တဲ့ တခြားတိရစ္ဆာန်တွေ မဝင်အောင် ထိန်းသိမ်းဖို့ ခွေး ကြောင်တွေကအစပေါ့” ဟု ပြည်နယ် မွေး/ကု ဦးစီးမှူး ဒေါက်တာ အောင်သန်းဝင်းက ပြောသည်။

    ကြက်မွေးမြူသူများအနေဖြင့်လည်း မသင်္ကာဖွယ်ရာ ကြက်သေဆုံးမှုဖြစ်ပွားပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ အာဏာပိုင်အဖွဲ့အစည်းနှင့် မွေး/ကု ဦးစီးဌာနသို့ အကြောင်းကြားရန်လည်း ညွှန်ကြားထားကြောင်း ဒေါက်တာအောင်သန်းဝင်းက ပြောသည်။

    ကြက်ငှက်တုတ်ကွေးရောဂါ ဝင်ရောက်နိုင်ခြင်းမရှိအောင် မွန်ပြည်နယ်အတွင်းသို့ အခြားတိုင်းနှင့် ပြည်နယ်တို့မှ တင်သွင်းလာသည့်ကြက်များနှင့် ပြည်နယ်အတွင်း တစ်မြို့နယ်မှ တစ်မြို့နယ်သို့ တင်သွင်းသည့် ကြက်အဝင်အထွက်များကိုလည်း တင်းကြပ်စွာ စစ်ဆေးလျက်ရှိသည်ဟု မော်လမြိုင်မြို့နယ် မွေး/ကု ဦးစီးမှူး ဒေါက်တာ ချစ်သိန်းက ပြောသည်။

    “ဒေသတွင်း ကြက်တွေကနေ ကူးစက်နိုင်တဲ့အနေအထားတော့မရှိဘူး၊ အဓိက စိုးရိမ်နေတာက ထိုင်းကနေ တရားမဝင် ဝင်လာနေတဲ့ကြက်တွေကိုဘဲ၊ အဲဒီကနေတဆင့် ဖြစ်လာမှာကိုဘဲ စိုးရိမ်နေရတယ်” ဟု ကြက်မွေးမြူရေးလုပ်ငန်းရှင် မွန်ပြည်နယ် မွေးမြူရေးအဖွဲ့ချုပ် အတွင်းရေးမှူး ကိုညိုမင်းက ပြောသည်။

    မွန်ပြည်နယ်တွင် ဥစားကြက် ၂ သိန်းကျော်၊ အသားစားကြက် ၉ သိန်းခန့်နှင့် ဥစားဘဲ ၂ သိန်းကျော်၊ အသားစားဘဲ တစ်သိန်းခွဲကျော် မွေးမြူးထားကြောင်း သိရသည်။

    ထိုင်းနယ်စပ်လမ်းကြောင်းမှတဆင့် မွန်ပြည်နယ်သို့ ကြက်၊ ကြက်သား၊ ကြက်သဲမြစ်၊ ကြက်ဥ၊ ဘဲဥများ တရားမဝင် တင်သွင်းနေကြပြီး ဈေးကွက်အခြေအနေအရ တစ်လလျှင် သုံးကြိမ်မှ ငါးကြိမ်ထိ တင်သွင်းခြင်းရှိသည်ဟု မွန်ပြည်နယ် မွေးမြူရေးအဖွဲ့ချုပ်ထံမှ သိရသည်။

    ၂၀ဝ၇ ခုနှစ်တွင် မော်လမြိုင်မြို့ရှိ ကြက်ခြံတစ်ခြံနှင့် သံဖြူဇရပ်မြို့ရှိ ကြက်ခြံနှစ်ခြံတို့တွင် မသင်္ကာဖွယ်ရာ ကြက်ငှက်တုပ်ကွေး တစ်ကြိမ်သာ ဖြစ်ပွားခဲ့ဖူးသည်ဟု ပြည်နယ် မွေး/ကု ဦးစီးဌာနထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks