spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင် ကျောင်းသူ/သား ၁၅၀ဝ ကျော် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ပျက်ကွက်

    မွန်ပြည်နယ်တွင် ကျောင်းသူ/သား ၁၅၀ဝ ကျော် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ပျက်ကွက်

    -

    မွန်ပြည်နယ်တွင် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ကျောင်းသူ/သား ၁၅၀ဝ ကျော် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရန် ပျက်ကွက်သည်ဟု မွန်ပြည်နယ် ပညာရေးမှူးရုံးထံမှ သိရသည်။

    မွန်ပြည်နယ်တစ်ခုလုံးတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် စာရင်းသွင်းထားသည့် ကျောင်းသူ/ကျောင်းသား ၂၄၁၈၀ ရှိပြီး မြန်မာစာဖြေဆိုသည့်နေ့တွင် ဖြေဆိုရန် ပျက်ကွက်သူ ၁၅၆၂ ဦး၊ အင်္ဂလိပ်စာဖြေဆိုသည့်နေ့တွင် ဖြေဆိုသူ ၁၅၇၄ ပျက်ကွက်မှုရှိသည်ဟု ပြည်နယ်ပညာရေးမှူးရုံးမှ ဒုညွှန်ကြားရေးမှူး ဒေါ်အေးမြင့်သန်းက ပြောသည်။

    မော်လမြိုင် အထက (၁) အင်္ဂလိပ်စာဖြေဆိုသည့်နေ့မြင်ကွင်း(MNA)

    “စာရင်းရှိတာက ၂၄၁၈၀ ဦး ပထမနေ့မှာ ၁၅၆၂ ဦးပျက်တယ်၊ ဒီနေ့ (အင်္ဂလိပ်စာဖြေဆိုတဲ့နေ့) မှာ ပျက်ကွက်သူ ၁၂ ဦး ထပ်တိုးလာပါတယ်၊ အကြမ်းဖျင်းကတော့ ပျက်ကွက်သူတွေက ပြင်ပက များတယ်” ဟု ဟု ဒေါ်အေးမြင့်သန်းက ပြောသည်။

    မွန်ပြည်နယ်တွင် အထကကျောင်း ၉၂ ကျောင်း၊ အထက (ခွဲ) ၆၆ ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ၉ ကျောင်း စုစုပေါင်း တက္ကသိုလ်ဝင်တန်းဖြေဆိုသည့်ကျောင်း ၁၆၇ ကျောင်းရှိကာ စာစစ်ဌာန ၅၀ ရှိသည်ဟု ၄င်းက ပြောသည်။

    ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုရန်ပျက်ကွက်မှုအများဆုံး မော်လမြိုင်မြို့နယ်တွင် ပျက်ကွက်သူ ၃၃၆ ဦး၊ ဒုတိယအများဆုံး ကျိုက်ထိုတွင် ပျက်ကွက်သူ ၂၂၄ ဦး၊ တတိယအများဆုံးသည် သထုံဖြစ်ပြီး ပျက်ကွက်သူ ၁၉၇ ဦးရှိသည်။

    ၂၀၁၆-၂၀၁၇ ပညာသင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၈ ရက်နေ့က စတင်ဖြေဆိုနေပြီး စာမေးပွဲစစ်ဆေးမှုသည် မတ်လ ၁၇ ရက်နေ့ထိ ရှိနေမည်ဖြစ်သည်။
    ၂၀၁၅-၂၀၁၆ ပညာသင်နှစ်က မွန်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေရန် စာရင်းရှိ ၂၀၇၂၉ ရှိခဲ့ပြီး ဖြေဆိုသူ ၁၉၆၈၁ ရှိခဲ့ကာ ဖြေဆိုရန် ပျက်ကွက်သူ ၁၀၄၈ ရှိခဲ့သည်ဟု ပြည်နယ်ပညာရေးမှူးရုံးရှိ စာရင်းအရ သိရသည်။

    မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနထုတ်ပြန်ချက်အရ ၂၀၁၇ ခုနှစ် မတ်လ ၈ ရက်နေ့ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် ချင်းပြည်နယ် ပျက်ကွက်မှုရာခိုင်နှုန်းအများဆုံးဖြစ်ပြီး မြန်မာဘာသာဖြေဆိုမှု ၁၆၄၅ ယောက် ပျက်ကွက်ကြောင်း၊ လူဦးရေအများဆုံး ရန်ကုန်တိုင်း၌ ဖြေဆိုစာရင်းရှိသူ ၁၁၄၂၃၇ ယောက်အနက် ၉၉၈၁ ယောက် ပျက်ကွက်ခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks