spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များရန်ပုံငွေအစည်းအဝေး NCA လက်မှတ်မထိုးအဖွဲ့များတက်ရောက်

    ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များရန်ပုံငွေအစည်းအဝေး NCA လက်မှတ်မထိုးအဖွဲ့များတက်ရောက်

    -

    ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးကို နေပြည်တော်ရှိအမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနအစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီ ၂၃ ရက်နေ့၊ နံနက် ၁၀ နာရီတွင် စတင်ကျင်းပရာ NCA လက်မှတ်မရေးထိုးသေးသည့် UNFC ၊ “ဝ” UWSA နှင့် မိုင်းလား NDAA တက်ရောက်ရောက်ခဲ့သည်။

    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခြင်းမရှိသေးသည့်UNFC နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ဝင် နိုင်အောင်မငေး၊ ခူးပလူးရယ်နှင့် ဦးထွန်းဇော်၊ အကြံပေးဒေါ်ခေါင်နန်း၊ ဝ UWSA ပြည်ပဆက်ဆံရေးဌာနမှူး ဦးစံလော့၊ မိုင်းလားငြိမ်းချမ်းရေးနှင့် စည်းရုံးရေးကော်မတီ ဦးခမ်းမောင်တို့ တက်ရောက်ကြသည်။

    ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များရန်ပုံငွေအစည်းအဝေး( နိုင်ငံတော်၏အတိုင်ပင်ခံရုံး)
    ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များရန်ပုံငွေအစည်းအဝေးသို့ တက်ရောက်သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ( နိုင်ငံတော်၏အတိုင်ပင်ခံရုံး)

    နိုင်အောင်မငေးက “ကျနော်တို့ UNFC အဖွဲ့အနေနဲ့ ဒီအစည်းအဝေးမှာ ရန်ပုံငွေ အဆိုပြုချက် Proposalရေးဆွဲမပြီးသေးလို့ မတင်ပြနိုင်သေးဘူး၊ ဒါကိုအမြန်ပြီးစီးအောင် အသေးစိတ်ရေးဆွဲနေတယ်” ဟု ပြောသည်။

    အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးထွန်းထွန်းဦး၊ အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီဥက္ကဋ္ဌ ဒေါ်ရှီလာနန်ထောင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောတင်ဝင်း၊NCA လက်မှတ်ရေးထိုးထားသောတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ပဒိုစောကွယ်ထူးဝင်း(KNU)၊ ဦးခွန်ဥက္ကာ(PNLO) တို့ တက်ရောက်ကြသည်။

    အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC အမေရိကန်ဒေါ်လာ (၂.၅)သန်း၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC အမေရိကန်ဒေါ်လာ (၆.၅)သန်းနှင့်NCA လက်မှတ်ရေးထိုးပြီးသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ CT Office အတွက် အမေရိကန်ဒေါ်လာ (၄.၇)သန်း ခွင့်ပြုလိုက်ကြောင်းသိရသည်။

    “တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ကျင်းပတဲ့အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေအတွက် အများဆုံး သိန်း(၆၀ဝ) သတ်မှတ်ပေးထားတယ်၊ တစ်နေရာနဲ့ တစ်နေရာအသုံးစရိတ်ရန်ပုံငွေ အဆင့်အတန်းကွာဟမှုမရှိဖို့ပေါ့” ဟု နိုင်အောင်မငေးက ဆက်ပြောသည်။

    JCB စတင် ဖွဲ့စည်းစဉ်ကပင် လက်မှတ်ထိုးထားသောအဖွဲ့များသာမက လက်မှတ်ရေးထိုးခြင်း မရှိသေးသော အဖွဲ့များကိုပါ ထည့်သွင်းဖွဲ့စည်းဆောင်ရွက်ထားခြင်းဖြစ်ပြီး အထူးကိစ္စရပ်အနေဖြင့် JCB ဖွဲ့စည်းမှုတွင် အစိုးရဘက်မှ (၁၀) ဦး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ EAOs ဘက်မှ (၁၀)ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံရုံးအင်တာနက်သတင်းစာမျက်နှာတွင် ဖော်ပြထားသည်။

    JCB ဥက္ကဌ ဒေါ်အောင်ဆန်စုကြည်၏ နိဂုံးချုပ်မိန့်ခွန်း၌ နိုင်ငံတော်အစိုးရအနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အားလုံးပူးပေါင်းပါဝင်လာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများတွင် NCA လက်မှတ်ရေးထိုးပြီးသူများနှင့် လက်မှတ်မထိုးရသေးသူများကွဲပြားလျက် ရှိကြောင်း၊ တတ်နိုင်သမျှ ခွဲခြားဆက်ဆံခြင်းမပြုကြောင်း၊ နိုင်ငံရေးဆွေးနွေးပွဲများအပြည့်အဝပါဝင်နိုင်သည်မှာ (၂၁)ရာစုပင်လုံညီလာခံသာ ဖြစ်ကြောင်း၊ နိုင်ငံရေးကိစ္စရပ်များကိုစေ့စပ်ညှိနှိုင်းခြင်းများကိုလက်တွေ့ ဆောင်ရွက်မည့် ညီလာခံတွင် ပါဝင်သင့်ပါဝင်ထိုက်သူအားလုံးပါဝင်စေလိုကြောင်း အထက်ပါသတင်းဖော်ပြချက်တွင်ပါရှိသည်။

    အဆိုပါ JCB အစည်းအဝေးတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေ ခွဲဝေသုံးစွဲရန်အတွက် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကဏ္ဍ၊ စေ့စပ်ညှိနှိုင်းရေးနှင့် တွေ့ဆုံဆွေးနွေးရေးကဏ္ဍ၊ ငြိမ်းချမ်းရေးအထောက်အကူပြု ဖွံ့ဖြိုးရေးကဏ္ဍ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၏ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်သည့် ဦးစားပေးကဏ္ဍကြီး ၄ ရပ်အဖြစ် အစည်းအဝေးတွင် သဘောတူညီဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

    လာမည့် မတ်လ ၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC အဖွဲ့ခေါင်းဆောင်များ နေပြည်တော်၌ တွေ့ဆုံရန်စီစဉ်ထားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks