spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းကော့ဒွန်း၊ ကော့ပနော့ကူးတို့ဆိပ်လေလံဈေး ကျပ်သိန်း ၆၀ဝ ကျော်၊ ကူးတို့သမားအချို့ လုပ်ငန်းရပ်နား

    ကော့ဒွန်း၊ ကော့ပနော့ကူးတို့ဆိပ်လေလံဈေး ကျပ်သိန်း ၆၀ဝ ကျော်၊ ကူးတို့သမားအချို့ လုပ်ငန်းရပ်နား

    -

    မွန်ပြည်နယ် ကျိုက်မရောမြို့နယ် အတ္ထရံမြစ်လမ်းကြောင်ပေါ်ရှိ စပယ်ဂူး-ကောဒွန်း၊ ကော့ပနော့ ကူးတို့ဆိပ်၏ ယခုနှစ်လေလံဈေးနှုန်း ကျပ်သိန်း ၆၆၀ သို့ မြင့်တက်ခဲ့ပြီးသည့်နောက် ငွေကြေး အခက်အခဲကြောင့် ဒေသခံကူးတို့သမား ၁၅ ဦးခန့် အလုပ်မှရပ်နားလိုက်ရကြောင်း သိရသည်။

    အဆိုပါကူးတို့ဆိပ်တွင် ကူးတို့ပြေးဆွဲလိုပါက လေလံအောင်မြင်ထားသူအား အရင်ဦးဆုံး ငွေ ၁၀ သိန်း ပေးသွင်းရမည့်အပြင် တစ်ရက်အတွင်းပြေးဆွဲပြီး ရရှိလာသည့်ဝင်ငွေများအနက် နှစ်သိန်းကျပ် ကိုလည်း ပေးသွင်းရမည်ဖြစ်ကာ ကျန်ရှိသည့်ငွေကိုသာ စက်သုံးဆီဖိုးနှုတ်ပြီး ခွဲဝေယူကြရမည်ဖြစ်သဖြင့် ဆက်လက်လုပ်ကိုင်ရန် မတတ်နိုင်ကြခြင်းဖြစ်ကြောင်း ကော့ဒွန်း-ကော့ပနော့ဒေသခံကူးတို့သမား များက ပြောသည်။

    ကော့ဒွန်း၊ကော့ပနော့ကူးတို့ဆိပ်(MNA)

    “ကူးတို့ဆက်လုပ်ချင်ရင် တစ်ယောက်ကို ဆယ်သိန်းပေးမှရမယ်တဲ့၊ အဲဒီဆယ်သိန်းကို ကျွန်မတို့က ဘယ်မှာသွားရှာရမှာလဲ၊ ပြီးတော့ တစ်ရက်ကိုလည်း ရတဲ့အထဲက နှစ်သိန်းစီသွင်းရဦးမှာဆိုတော့ ကျွန်မတို့ အတွက် သုံးလေးထောင်ပဲကျန်တယ် မပေးရင် သူ မပေးဆွဲဘူးဆိုတော့ လှေကိုအဲဒီ ဆိပ်မှာပဲ ချည်ထားရတာ တစ်လလောက်ရှိပြီ” ဟု ၃၆ နှစ်ကြာ ကူးတို့လုပ်ငန်း လုပ်ကိုင်သူ တစ်ဦး၏ ဇနီးဖြစ်သူ ဒေါ်သောင်းရွှေက ပြောသည်။

    ယခင်နှစ်များက လေလံတန်းဖိုး ကျပ်၂၆ သိန်းရှိသည့်အချိန်တွင် ကူတို့သမားပေါင်း ၂၆ ဦးရှိခဲ့သော် လည်း ကျိုက်မရောမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဈေးပြိုင်လေလံဆွဲခဲ့ပြီးသည့်နောက် လှေပြေး ဆွဲခွင့်ငွေ ၁၀ သိန်းပေးသွင်းနိုင်သူ ၁၁ ဦးသာ လုပ်ကိုင်လျက်ရှိကြောင်း ၄င်းက ဆက်ပြောသည်။

    “ခါတိုင်းနှစ်တွေမှာဆိုရင် လှေ ၂၆ စီးထဲက တစ်ရက်ကို ၁၂ စီး၊ နောက်ရက်ဆိုရင် ၁၄ စီး၊ ဒီလိုပဲ အလှည့်ကျသွားနေတာ၊ အဲဒီရတဲ့အထဲက ဆီးဖို့တို့ဘာတို့နှုတ်ပြီးဝေစုခွဲရင် တစ်ရက်ကို တစ်သောင်း ကျော်လောက်ကျန်တယ်၊ အခုဟာက ဆယ်သိန်းသူ့ကို အရင်ပေးရတယ်၊ ပြီးတော့ ရတဲ့ပိုက်ဆံထဲက တစ်ရက်ကို နှစ်သိန်းနှုတ်သွားပြီးမှ ကျန်တာကို ခွဲဝေပေးမှဆိုတော့ ဘာမှမကျန်တော့ဘူး” ဟု ဦးစိန်နိုင်က ပြောသည်။

    ကျိုက်မရောမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ အမှုဆောင်အရာရှိ ဦးစိုးနိုင်က အပြိုင်အဆိုင်ရှိသည်မှာ လေလံ၏ သဘာဝဖြစ်ကြောင်း၊ လေလံဆွဲသူများက ပေးနိုင်သဖြင့် ထိုဈေးနှုန်းကို ပေးကြခြင်းဖြစ် ကြောင်း၊ ဈေးနှုန်းအများဆုံး ပေးသည့်လူကို ပေးရမည်သာဖြစ်ကြောင်း၊ ယခင်နှစ်များက အပြိုင်အဆိုမရှိသောကြောင့် သိန်း ၃၀ ဝန်းကျင်သာ ရှိခဲ့ရာက ယခုနှစ်တွင် ပြိုင်ဆိုင်မှုကြောင့် ယခုကဲ့သို့ ဈေးတက်သွားခြင်းဖြစ်ကြောင်း သူကပြောသည်။

    အဆိုပါ ကူးတို့ဆိပ်လေလံရောင်းချပွဲကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်းက ကျိုက်မရောမြို့တွင် ပြုလုပ်ခဲ့ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်၍ တခြားလွှတ်တော်ကိုယ်စားလှယ်များလည်းပါဝင်ကြောင်း၊ မဲကရိုးရွာ ဦးထွန်းသောင်းက သိန်း ၃၈၀ ဖြင့်လည်းကောင်း၊ ကော့ဒွန်းကော့ပနော့ရွာမှ ဦးဗလိုင်းက သိန်း ၅၈၀ နှင့်ဦးအောင်မြင့်က သိန်း ၆၆၀ ဖြင့်လည်းကောင်း အသီးသီးဝင်ရောက်ယှဉ်ပြိုင်ထားခြင်းဖြစ်သည်။

    မိမိအနေဖြင့် လှေသမားများ အလုပ်လက်မဲ့မဖြစ်စေရန် ယခုကဲ့သို့ ရအောင်ဆွဲခဲ့ခြင်းဖြစ်သော်လည်း မိမိတို့အုပ်စုအထဲရှိ လှေသမား ၂၆ ဦးအနက် ၁၅ ဦးမှာ မတည်ငွေ မထည့်ဝင်နိုင်သဖြင့် လုပ်ငန်းရပ်နား လိုက်ရကြောင်း လေလံအောင်သူတစ်ဦးဖြစ်သူ ဦးအောင်မြင့်က ပြောသည်။

    “အမှန်က ကြမ်းခင်းဈေးရဲ့ နှစ်ဆလောက်ဆို သူတို့ ရပ်ခိုင်းသင့်ပြီပေါ့၊ အခုတော့မဟုတ်ဘူး၊ သူတို့ ကိုးကြိမ်အထိ လေလံပစ်တယ် (လေလံဈေးခေါ်တယ်)၊ ၄၅၅ သိန်း အရောက်မှာ ရပ်ပြီးတော့ ကိုယ်သဘောနဲ့ကိုယ် ချိတ်ပိတ်တင်ဒါခေါ်တော့ အဲဒီဈေးနှုန်းအောက်ကို ကျွန်တော်တို့ထည့်လို့ မရတော့ဘူးလေ” ဟု သိန်း ၆၆၀ ဖြင့် လေလံအောင်သူတစ်ဦးဖြစ်သူ ဦးအောင်မြင့်က ပြောသည်။

    စပယ်ဂူး-ကော့ဒွန်းကော့ပနော့ကူးတို့ဆိပ်တွင် ပျားတောင်ဒေသခံများ၊ မော်လမြိုင်ဘိလပ် မြေက်စက်ရုံမှ အလုပ်သမားတို့ အများဆုံးသွားလာကြပြီး လူတစ်ဦးလျှင် နှစ်ရာကျပ်၊ ဆိုင်ကယ်တစ်စီး လျှင် အတင်အချအပါအဝင် ၁၀ဝ၀ ကျပ်နှင့် သံဃာတော်၊ သီလရှင်၊ ကျောင်းဆရာ၊ ဆရာမ၊ ကျောင်းသား/သူများအား အခမဲ့အဖြစ် ဝန်ဆောင်မှုပြုရန် စည်းကမ်းချမှတ်ထားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks