spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းရှေးမွန်ဂဝံယဉ်ကျေးမှု မြန်မာနိုင်ငံအောက်ပိုင်းတွင် အများဆုံးတွေ့ရှိ

    ရှေးမွန်ဂဝံယဉ်ကျေးမှု မြန်မာနိုင်ငံအောက်ပိုင်းတွင် အများဆုံးတွေ့ရှိ

    -

    ဂဝံကျောက်သားဖြင့် ထုဆစ်ထားသော စေတီပုထိုး၊ ဘုရားဆင်းတုတော်များကို မြန်မာနိုင်ငံအောက်ပိုင်း မွန်ပြည်နယ်အတွင်းရှိ ကျိုက်ထိုမြို့နယ်၊ သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်တွင် ရှေးမွန်ဂဝံယဉ်ကျေးမှုကို အများဆုံးတွေ့ရှိရသည်ဟု သမိုင်းပညာရှင် ဒေါက်တာနန်းလှိုင်က ‘ရာမညဒေသ သုတေသန’ စာတမ်းဖတ်ပွဲ တွင်ပြောသည်။

    ဒေါက်တာနန်းလှိုင်က “မြန်မာပြည်အောက်ပိုင်းက မွန်ပြည်နယ်မှာက ဂဝံတွေရှိတာများတယ်။ တချို့နေရာမှာ ကျတော့ ဂဝံမရှိဘူး။ ရှိပေမဲ့လည်း မလှဘူး။ ဒါပေမဲ့ လှအောင်ထုထားတာတော့တွေ့ရှိရတယ်” ဟု ဆိုသည်။

    ရာမညဒေသ သုတေသန’ စာတမ်းဖတ်ပွဲ(MNA)
    ‘ရာမညဒေသ သုတေသန’ စာတမ်းဖတ်ပွဲကို ဇန်နဝါရီလ ၁၅ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရာမည ဟိုတယ်၌ ပြည်လုပ်ခဲ့ရာ သံဃာတော်များ၊ မြန်မာ့သမိုင်းအဖွဲ့မှ ဒုတိယဥက္ကဌ ဒေါက်တာ တိုးလှ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းနှင့် စိတ်ပါဝင်စားသူ ၃၀ဝ ကျော်တက်ရောက်ခဲ့ကြောင်း တွေ့ရှိရသည်။

    အောက်မြန်မာပြည်သည် မိုးများဒေသဖြစ်သောကြောင့် ရှေးဟောင်းပစ္စည်းများပျက်စီးလွယ်ကြောင်းနှင့် ယခုစာတမ်း ပြုစုရာတွင် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ စစ်တောင်းမြစ်ဝှမ်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ကို ကိုယ်တိုင်သွားရောက်လေ့လာ၍ ပြုစုထားကြောင်း ဒေါက်တာနန်းလှိုင်က ဆက်ပြောသည်။

    “ကျနော်တို့မွန်တွေ ဒီဒေသမှာ နေထိုင်လာတာ အနှစ် လေးထောင်(၄၀ဝ၀) ကျော် ရှိနေပြီးဆိုတာ ဘယ်လိုမှ ငြင်းလို့ ရမှာမဟုတ်ဘူး။ ကျနော်တို့က ကျနော်တို့မှာ ရှိတဲ့ယဉ်ကျေးမှုကို ဘယ်သူ့ကိုမှ မထိခိုက်စေချင်ဘဲနဲ့ ဖော်ထုတ် ပြသချင်လို့ စာတမ်းဖတ်ပွဲလုပ်ရတာပါ” ဟု စာတမ်းဖတ်ပွဲဖြစ် မြောက်ရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ၁ ဒေါက်တာမင်းနွယ်စိုးက ဆိုသည်။

    ရှေးမွန်ဂဝံယဉ်ကျေးမှု အမွေအနှစ်များကို ထိုင်းနှင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသ၌သာတွေ့ရှိရပြီး ယင်းတို့အနက် ဂဝံကျောက်သားဖြင့် ထုဆစ်သော စေတီပုထိုး၊ ဘုရားဆင်းတုတော်၊ မြို့ရိုး၊ တံတိုင်းတို့မှ ယဉ်ကျေးမှု၏ သမိုင်းတန်ဖိုးတွေ့ရှိရာ ဒေသပေါင်း (၄၅) နေရာနှင့် အသုံးပြုခဲ့ပုံများကို စုစည်းပြီး ဒေါက်တာနန်းလှိုင်က စာတမ်းပြုဖတ်ကြားခြင်း ဖြစ်သည်။

    မွန်ပြည်နယ်အစိုးရသည် မုဒုံမြို့နယ် ကော့ပရံကျေးရွာ၊ ကျိုက်ထိုမြို့ရှိ ဂဝံကျောက်စေတီ၊ ဘီးလင်းမြို့နယ် ဝင်းကမြို့ဟောင်း၊ ဆင်တပ်၊ မြင်းတပ်၊ ကသာမြို့ဟောင်းနှင့် အရက်သည်မရွာ၊ သထုံမြို့ဟောင်းနှင့် သံဖြူဇရပ် မြို့နယ် ဝါးခရူကျေးရွာ (ဝါးခရူမြို့ဟောင်း) တို့ကို ရှေးဟောင်းယဉ်ကျေးမှုအဆောက်အအုံအဖြစ် သတ်မှတ်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks