Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးမွန်ပြည်နယ်ရှိ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသည့် စီမံကိန်းများ IEE ဆောင်ရွက်ထားမှုမရှိသေး

မွန်ပြည်နယ်ရှိ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသည့် စီမံကိန်းများ IEE ဆောင်ရွက်ထားမှုမရှိသေး

-

မွန်ပြည်နယ်တွင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်သည့်စီမံကိန်း ၂၆ ခုရှိနေပြီး ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း IEE ပြုလုပ်ထားမှုမရှိသေးဟု ဒီဇင်ဘာ ၁၃ ရက်နေ့က ကျင်းပသည့် ဒုတိယအကြိမ်မွန်ပြည်နယ် လွှတ်တော်အစည်းအဝေးတွင် မွန်ပြည်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက ပြောသည်။

ဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက “သဘာဝပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်း (EIA) ကို လုပ်ငန်း ၂ ခု ဆောင်ရွက် ထားရှိပြီး လုပ်ငန်း ၂၄ ခုကို ဆောင်ရွက်ရန်ညွန်ကြား ထားရှိပါတယ်။ ကနဦးပတ်ဝန်းကျင်ထိ ဆန်းစစ်ခြင်း (IEE) ပြုလုပ်ထားမှု မရှိသေးပါ” ဟု လွှတ်တော်တွင်အစည်းအဝေး၌ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

Long life ကုမ္မဏီ၏ လုပ်ငန်းခွင်နေရာအား တွေ့ရစဉ် (MNA)
Long life ကုမ္မဏီ၏ လုပ်ငန်းခွင်နေရာအား တွေ့ရစဉ် (MNA)
သဘာဝပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်း (EIA) ကို MCL နှင့် Long Life Aggate Mining စိစစ်ဆောင် ရွက်ထားရှိပြီး စိစစ်သုံးသပ်မှုခံယူရန် ပြည်ထောင်စုသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်သိမ်းရေးဝန်ကြီးဌာ နထံ တင်ပြထားကြောင်း ဒေါက်တာမင်းကြည်ဝင်းက ဆက်ပြောသည်။

သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က မွန်ပြည်နယ်အတွင်းရှိ သဘာ ဝပတ်ဝန်းကျင်ကို ဆိုးကျိုးသက်ရောက်စေနိုင်မည့်စီမံကိန်း၊ စီးပွားရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် ပတ်သက်ပြီး ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ထားခြင်းနှင့်ပတ်သက်၍ လွှတ်တော်၌ မွန်ပြည်နယ်အစိုးရအဖွဲ့အား မေးမြန်းခဲ့ခြင်း ဖြစ်သည်။

“ကျမမေးတာက ပြည်နယ်အတွင်းမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေနိုင်တဲ့ စီမံကိန်းဘယ်နှစ်ခုရှိလဲ။ ဒီစီမံကိန်းတွေအနေနဲ့ IEE၊ EIA လုပ်ထားတဲ့စီမံကိန်းဘယ်နစှ်ခုရှိလဲ၊ လုပ်ထားတဲ့အထဲမှာ ကျောက်ထုတ်လုပ် ငန်း ကျောက်မိုင်းဘယ်နှစ်ခုပါလဲ။ ဒါကိုသိချင်လို့ မေးမြန်းရတာဖြစ်ပါတယ်” ဟု ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်သည့်စီမံကိန်း ၂၆ ခုရှိသည့်အနက် ကျောက်ထုတ်လုပ်ငန်းလုပ်ကိုင်သည့် စီမံကိန်းမှာ ပေါင်မြို့နယ်ရှိ Long Life Agate Mining ကုမ္မဏီ၊ လင်းရွှေစင်ကုမ္ပဏီလီမိတက်၊ ထူးနိုင်ကုမ္ပဏီလီမိတက်၊ သထုံမြို့နယ်တွင် Mya Kan ကုမ္ပဏီနှင့် ထုံကျောက်ထုတ်လုပ်သည့် MCL June ဇေကမ္ဘာ ဘိလပ်မြေစက်ရုံ ၃ ရှိသည်ဟု ဝန်ကြီး၏ ဖြေကြားချက်အရ သိရသည်။

ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံး၊ လုပ်နည်းပြဌာန်ချက်အရ ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း (IEE) သို့မဟုတ် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း (EIA) ဆောင်ရွက်ရန်လိုအပ်သည့် စီမံကိန်းအမျိုး အစားနှင့် အရွယ်အစားသတ်မှတ်ထားရာတွင် အထူးရင်းနှီးမြုပ်နှံမှုစီမံကိန်းလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် သစ်တောဆိုင်ရာ ဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများ၊ အစားအစာနှင့် အသား၊ ငါးထုတ်လုပ်မှုလုပ်ငန်းများ၊ သစ်အခြေခံပစ္စည်ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ ပို့ဆောင်ရေးဆိုင်ရာလုပ်ငန်းများနှင့် သတ္တုတူးဖော်ခြင်းလုပ်ငန်း များအပြင် လုပ်ငန်းအမျိုးအစား (၁၄၁) ပါဝင်ကြောင်း မွန်ပြည်နယ်လွှတ်တော်က ဥပဒေပြဌာန်းထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts