spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းတရနာကျေးရွာသုဿာန်မြေအငြင်းပွားမှု မဖြေရှင်းနိုင်သေး

    တရနာကျေးရွာသုဿာန်မြေအငြင်းပွားမှု မဖြေရှင်းနိုင်သေး

    -

    မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၊ ရတနာကျေးရွာရှိ အများပိုင်ရွာသုဿာန်မြေပေါ်တွင် အဆောက်အဦးများ ဝင်ရောက်ကျူးကျော် တည်ဆောက်ထားသည့်ကိစ္စကို သက်ဆိုင်ရာသို့ တင်ပြထားသော် လည်း ယခုအချိန်ထိ ဖြေရှင်းပေးနိုင်ခဲ့ ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

    အဆိုပါ ၃ ဧကဝန်းကျင်ခန့်ရှိသော သုဿာန်မြေကိစ္စနှင့်ပက်သက်၍ သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်တွင် မွန်ပြည်နယ်လွှတ်တော်သို့ နှစ်ကြိမ်၊ ယခုအစိုးရသစ်လက်ထက်တွင် ပြည်ထောင်စုလွှတ်တော်သို့ ဆက်လက်တင်ပြ ထားသည်ဟု ဆိုသည်။

    တရနာကျေးရွာသုဿာန်မြေအငြင်းပွားနေရာ(MNA)
    တရနာကျေးရွာသုဿာန်မြေအငြင်းပွားနေရာ(MNA)
    တရနာကျေးရွာသား မင်းကရိုင်းက “၂၀၁၅ ခုနှစ်က အရင်အုပ်ချုပ်ရေးမှုးလက်ထက်ကလည်း အဲဒီကျူးကျော်တဲ့သူတွေကို တရား စွဲခဲ့ သေး တယ်၊ ဒါပေမယ့် မြို့နယ်တရားရုံးက ရွာသူရွာသားဘက်က သက်သေတွေကို ခေါ်ယူစစ်ဆေး ခြင်းမပြုပဲနဲ့ အဲဒီ အမှုကို ပလပ်လိုက်တယ်” ဟု ပြောသည်။

    အဆိုပါ သုဿာန်မြေပေါ်တွင် ၂၀၁၂ ခုနှစ်က (၆၀”x ၉၀”) အုတ်တံတိုင်းခတ်ကျူးကျော်ဆောက် လုပ်ထားသည်ကို ရွာသူ/သားများက အကြိမ်ကြိမ်ကန့်ကွက် တိုင်တန်းကြသဖြင့် သက်ဆိုင်ရာအာဏာပိုင်မှ တာဆီးခဲ့သော်လည်း အုပ်တံတိုင်းကို ဖယ်ရှားဖျက်ဆီးပေးခဲ့ခြင်းမရှိဘဲ ယခုအခါတိုက်ပုတစ်လုံးကို ထပ်မံ ဆောက် လုပ်ထားလျှက်ရှိသည်ဟု ၄င်းက ဆက်ပြောသည်။

    “ကျွန်မတို့အနေနဲ့ ဒီမြေဟာ ကျေးရွာပိုင်မြေဖြစ်တဲ့အတွက်ကြောင့် ဒီလိုဆောက်လုပ်တာကို ခွင့်မပြုဘူးဆိုတဲ့ အကြောင်းကို အဲဒီလူကို ပြောပါတယ်၊ သူကလည်း ကျွန်မတို့တားမြစ်ထားတာကို သိပါတယ်ဆိုတဲ့ အကြောင်း ကို ဝန်ခံချက်လက်မှတ်ထိုးပြီးသားပါ၊ ဒါပေမယ့် ညပိုင်းမှာတော့ ပြီးသွားတဲ့အထိကို သူဆောက်သွာတာပဲ” ဟု တရနာရွာအုပ်ချုပ်ရေးမှူး မိကျလွန်းထောက ပြောသည်။

    သုဿာန်မြေသည် ရွာ၏တောင်ဘက် တရနာ-ကော့ဘိန်း ကားလမ်းဘေးရှိ ကျွန်းကုန်းရွာ နတ်စင်ကြားတွင် ရွာစတင်တည်ထောင်ကတည်းက တည်ရှိခဲ့ခြင်းဖြစ်ပြီး ကျူးကျော်နေထိုင်သူများက အဆင့်ဆင့်လွှဲပြောင်းရောင်းချခဲ့ကြောင်း ဆိုသည်။

    ကျေးရွာသုဿာန်မြေကို အများသုံးမြေအဖြစ် ပြန်လည်ထားရှိပေးသည့်ကိစ္စနှင့်ပက်သက်၍ တောင်သူယ်သမားရေးရာကော်မတီ၊ အမျိုးသားလွှတ်တော်ရုံး နေပြည်တော်သို့ တင်ပြခဲ့ရာ သင့်တော်သလို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့စွဲဖြင့် အကြောင်းပြန်ကြားခဲ့သည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks