spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်၌ ၁၀ လအတွင်း လောင်းကစား ၁၀၀ မှုကျော် ဖမ်းဆီးရမိ

    မွန်ပြည်နယ်၌ ၁၀ လအတွင်း လောင်းကစား ၁၀၀ မှုကျော် ဖမ်းဆီးရမိ

    -

    မွန်ပြည်နယ် ၁၀ မြို့နယ်အတွင်း လောင်းကစားဝိုင်းများကို အရှိန်မြှင့် ဖမ်းဆီးလှျက်ရှိရာ ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလထိ လောင်ကစားမှု ၁၁ရ မှု ဖမ်းဆီးရမိကြောင်း မွန်ပြည်နယ် ပြည်နယ်ရဲတပ်ဖွဲ့မှုးရုံးမှ သိရသည်။

    ဖမ်းဆီးရမိသော လောင်းကစားမှုများတွင် ၂လုံး/၃လုံး (ချဲ)၊ ဘော်လုံး၊ ဖဲဝိုင်းများက ပိုမိုဖမ်းဆီးရမိပြီး လောင်း ကစားမှုနှင့် သက်ဆိုင်သည့် ကြက်ဝိုင်းအပါအဝင် တခြားလောင်းကစားဝိုင်းများကိုလည်း ဖမ်းဆီးအရေးယူ ဆောင်ရွက်မှုရှိသည်ဟု မွန်ပြည်နယ်ရဲတပ်ဖွဲ့မှုးရုံး ပြည်နယ်ရဲမှုးလှမြင့် ကဆိုသည်။

    အစင်ကျေးရွာ သီတင်းကျွတ်ဘုရားပွဲမှ အန်ဂလုံလောင်းကစားဝိုင်း(Facebook)
    အစင်ကျေးရွာ သီတင်းကျွတ်ဘုရားပွဲမှ အန်ဂလုံလောင်းကစားဝိုင်း(Facebook)
    ပြည်နယ်ရဲမှုးလှမြင့် က “လောင်းကစားမှုကို ၂၀၁၆ မှာ ပြီးခဲ့သည့် ၂၀၁၅ ထက် ဖမ်းဆီးရမှု ပိုများပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနှစ်မှာက အရင်နှစ်ကထက် အရှိန်မြှင့်ပြီးတော့ ဖမ်းဆီးနေလို အမှုအရေအတွက်က ပိုမိုများလာပါတယ်” ဟု ဆိုသည်။

    ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလထိ ၁၀ လအတွင်း မွန်ပြည်နယ်တွင် လောင်းကစားမှု ၉၅ မှု ဖမ်းဆီးရမိသည်ဟု မွန်ပြည်နယ် ပြည်နယ်ရဲတပ်ဖွဲ့မှုးရုံးမှ သိရသည်။

    လောင်းကစားမှု ပပျောက်လှျော့နည်းသွားရန်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့တခုထဲသာ တာဝန်ရှိသည်ဟု သ ဘောမထားဘဲ ပြည်သူလူထုကလဲ လောင်းကစားဝိုင်းနှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များကို တာဝန် သိပြည်သူတယောက်အနေနဲ့ သက်ဆိုင်ရာရဲစခန်းများကို သတင်းပေးရန်အတွက် တာဝန်ရှိသည်ဟု ပြည်နယ် ရဲမှုးလှမြင့် ကဆက်ပြောသည်။

    အစိုးရသစ်လက်ထက်တွင် မူယစ်ဆေးဝါးဖမ်းဆီးအရေးယူမှုနှင့်လောင်းကစားဝိုင်းဖမ်းဆီးအရေးယူမှုတို့ကို ဦး စားပေး ဖမ်းဆီးထိန်းသိမ်းဆောင်ရွက်နေသည်ဟု ပြည်နယ်ရဲတပ်ဖွဲ့မှုးရုံးမှ သိရသည်။

    ၂၀၁၆ ခုနှစ် ၁၀ လအတွင်း မွန်ပြည်နယ်တွင် ဖမ်းဆီရမိသည့် လောင်းကစားမှု ၁၁ရ မှုထဲတွင် ရေးမြို့နယ် ရ မှု၊ သံဖြူဇရပ်မြို့နယ် ၅ မှု၊ မုဒုံမြို့နယ် ၂ မှု၊ ကျိုက်မရောမြို့နယ် ၃ မှု၊ မော်လမြိုင်မြို့နယ် ၂၁ မှု၊ ချောင်းဆုံမြို့နယ် ၂ မှု၊ ပေါင်မြို့နယ် ၁၉ မှု၊ ကျိုက်ထိုမြို့နယ် ၁၈ မှု၊ သထုံမြို့နယ် ၂ရ မှုနှင့် ဘီလင်းမြို့နယ်တွင် ၁၃ မှု ဖမ်းဆီးရမိ သည်ဟု ပြည်နယ်ရဲ တပ်ဖွဲ့မှုးရုံးမှ သိရသည်။

    သို့ရာတွင် မွန်ပြည်နယ်အတွင်း ဘောလုံးပွဲလောင်းကစားဒိုင်ကြီးများနှင့် ချဲဒိုင်ကြီးများကို ဖမ်းဆီးရမိသည့်သတင်း မကြားသိရပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks