Homeသတင်း၉ လသက်တမ်းဒုတိယအကြိမ်မွန်လွှတ်တော် တိုင်ကြားစာ ၇၀၀ကျော်ရောက်ရှိ

၉ လသက်တမ်းဒုတိယအကြိမ်မွန်လွှတ်တော် တိုင်ကြားစာ ၇၀၀ကျော်ရောက်ရှိ

-

လက်ရှိ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ၉ လနီးပါးသက်တမ်းအတွင်း ပြည်သူလူထုများထံမှ တိုင်ကြားစာ ၇၀၀ကျော်ရောက်ရှိသည်ဟု မွန်ပြည်နယ်လွှတ်တော်ထံမှ သိရသည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးကို ဖေဖော်ဝါရီ ၈ရက်နေ့ကစတင်ကျင်းပခဲ့ပြီး အောက်တိုဘာလကုန်ထိ ပြည်သူလူထုထံမှတိုင်ကြားစာပေါင်း ၇၀၆ စောင်ကို မွန်ပြည်နယ်လွှတ်တော်လက်ခံရရှိထားခြင်းဖြစ်သည်။

မွန်ပြည်နယ်လွှတ်တော်(Internet)
မွန်ပြည်နယ်လွှတ်တော်(Internet)
“ကျနော်တို့ဆီ ရောက်လာတဲ့ တိုင်စာအများစုက မြေယာပြဿနာဖြစ်တယ်၊ကျနော်တို့ဆီ တိုင်ကြားစာရောက်လာရင် ကျနော်တို့က သက်ဆိုင်ရာအစိုးရအဖွဲ့တွေကို အသိပေးတယ်၊ အကြံပေးတယ်၊ လုပ်ပေးရမှာကတော့သူတို့အပိုင်းပေါ့” ဟု မွန်ပြည်နယ်လွှတ်တော် ဒု-ဥက္ကဌဒေါက်တာအောင်နိုင်ဦးက ပြောသည်။

တိုင်ကြားစာ အများစုသည် လယ်ယာမြေပြဿနာ၊သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာပြဿနာ၊ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စများနှင့် ပတ်သက်သည့် စာများ ဖြစ်သည်ဟုမွန်ပြည်နယ်လွှတ်တော် ဒု-ဥက္ကဌထံမှ သိရသည်။

မွန်လွှတ်တော်ရေးရာကော်မတီများတွင် ကိုယ်စားလှယ်စီစစ်ရေးကော်မတီ၊ တိုင်းရင်းသားလူမျိုးများရေးရာကော်မတီ၊ ဥပဒေအကြံပြုစီစစ်ရေးကော်မတီ၊ ဘဏ္႑ာရေး စီမံကိန်းနှင့် စီးပွားရေးကော်မတီ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ၊ တိုင်ကြားစာနှင့် အသနားခံစာများ လေ့လာသုံးသပ်စီစစ်ရေးကော်မတီ စသည့် ကော်မတီ ၆ ရပ်ကို ဖွဲ့စည်းခဲ့သည်။

တိုင်ကြားစာနှင့် အသနားခံစာများ လေ့လာသုံးသပ်စီစစ်ရေးကော်မတီထံသို့ တိုင်ကြားစာ ၄၀၀ ကျော်ရောက်ရှိကြောင်း ကော်မတီအနေဖြင့် တိုင်ကြားစာ ၅၀ ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပေးထားကြောင်း ပြောသည်။

တိုင်ကြားစာနှင့် အသနားခံစာများ လေ့လာသုံးသပ်စီစစ်ရေးကော်မတီ ဥက္ကဌ ဦးအောင်ကျော်သူက“ကျနော်တို့ ကော်မတီမှာက တိုင်ကြားစာ ၄၀၀ လောက်ရောက်တယ်၊ မြေယာပြဿနာက များတယ်၊ လက်ရှိမှာတော့ ၅၀ ရာခိုင်နှုန်းလောက် ဖြေရှင်းထားပေးတယ်”ဟု ပြောသည်။

ပြီးခဲ့သည့် ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော်သက်တမ်း ၅ နှစ်အတွင်း လွှတ်တော်သို့ ပြည်သူများမှ တိုင် ကြားလာသည့် တိုင်ကြားစာ စုစုပေါင်း ၁၆၆၁ စောင်ရှိခဲ့ကြောင်း အဆိုပါတိုင်ကြားစာများအနက်မှ အစိုးရနှင့် ညှိနှိုင်းတိုင်ပင်ပြီး တိုင်ကြားစာ ၃၇၀ စောင်ကို ဖြေရှင်းပေးနိုင်ခဲ့ကြောင်း ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် မှတ်တမ်းအရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts