spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းနိုဝင်ဘာလအတွင်း AMDP ဗဟိုကော်မတီအစည်းအဝေးမကျင်းပပေးပါက ချောင်းဆုံမြို့နယ်ပါတီဝင်များနှုတ်ထွက်မည်ဟုဆို

    နိုဝင်ဘာလအတွင်း AMDP ဗဟိုကော်မတီအစည်းအဝေးမကျင်းပပေးပါက ချောင်းဆုံမြို့နယ်ပါတီဝင်များနှုတ်ထွက်မည်ဟုဆို

    -

    မွန်တမျိုးသားလုံးကိုယ်စားပြု မွန်ပါတီပေါ်ထွန်းရေးဆိုင်ရာလမ်းစဉ် ရေးဆွဲနိုင်ရန် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP ဗဟိုအလုပ်အမှုဆောင်နှင့် ဗဟိုကော်မတီဝင်များဝါဝင်သည့် အစည်းအဝေးကို လာမည့်နိုဝင်ဘာလကုန်အထိ နောက်ဆုံးထားကျင်းပပေးနိုင်ခြင်းမရှိပါက ချောင်းဆုံမြို့နယ် AMDP မြို့နယ်အလုပ်အမှုဆောင်များအားလုံးနှင့်ပါတီဝင်များ အပြီးအပိုင်နှုတ်ထွက်ကြမည်ဟု ဆိုသည်။

    အောက်တိုဘာလ ၃၀ ရက်နေ့က ချောင်းဆုံမြို့နယ်၊ မုဒွန်းရွာတွင် ကျင်းပပြုလုပ်သော မြို့နယ်အလုပ်အမှုဆောင်များ၏ အစည်းအဝေး၌ ဆုံဖြတ်ချက်ချမှတ်ပြီး မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ (ဗဟို) ဥက္ကဋ္ဌထံသို့ လိပ်မူပေးပို့ခြင်းဖြစ်သည်။

    AMDP ပါတီ ချောင်းဆုံမြို့နယ်အလုပ်မှုဆောင်အစည်းအဝေး(MNA)
    AMDP ပါတီ ချောင်းဆုံမြို့နယ်အလုပ်မှုဆောင်အစည်းအဝေး(MNA)
    “ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းက မစည်းလုံးခဲ့ကြလို့ ကိုယ်စားလှယ်အများကြီးဝင်အရွေးခံတာလည်း မွန်တစ်ပြည်နယ်လုံးမှ လေးယောက်ပဲ အနိုင်ရတာဆိုတော့ ကျွန်တော်တို့ မွန်တမျိုးသားလုံးအတွက် အများကြီးနစ်နာတယ်၊ နောက်ထပ်ရွေးကောက်ပွဲတွေမှာလည်း ဒီလိုဖြစ်နေကြဦးမယ်ဆိုရင် ဘာမှထူးလာမှာမဟုတ်ဘူး မွန်တမျိုးသားလုံးအတွက် မွန်ပါတီတစ်ခုတည်းပဲ ရှိထိုက်တယ်လို့ ရည်ရွယ်ပြီး အခုလို ပြုလုပ်ရတာပါ” ဟု AMDP ဗဟိုအလုပ်အမှုဆောင် နိုင်စိန်ထွန်းက ပြောသည်။

    မွန်တိုင်းရင်းသားပြည်သူများနှင့် ရဟန်းသံဃာတော်များ၏ လိုအင်ဆန္ဒတောင်းဆိုချက်များဖြင့် မွန်တစ်မျိုးသားလုံး၏ ကိုယ်စားပြု မွန်ပါတီ တစ်ခုတည်းပေါ်ပေါက်ရေး အကောင်အထည်ဖော်ရန် ဗဟိုအဆင့်အလုပ်အမှုဆောင်အဖွဲ့မှ မွန်ပါတီပေါင်းစည်းရေးလမ်ပြမြေပုံကို ရေးဆွဲပေးနိုင်ခဲ့ခြင်း မရှိသည်ကို အဆိုပါ AMDP မြို့နယ်အလုပ်အမှုဆောင် သဘောထားတွင် ဖော်ပြထားသည်။

    “ မွန်ရဟန်းသံဃာတော်တွေနဲ့ ပညာရှင်တွေဖွဲ့စည်းထားတဲ့ ပေါင်းစည်းဖို့ညှိနှိုင်းတုန်းကလည်း ကျွန်တော်တို့ AMDP ဗဟိုက ဘာမှ လှုပ်ရှားမှုမရှိခဲ့ဘူး၊ ပြီးတော့ ပေါင်းစည်းရေးအတွက်လည်း မူဝါဒ မချမှတ်ထားဘူး ဒါတွေက မွန်တစ်မျိုးသားလုံး စည်းလုံးညီညွတ်ဖို့အတွက် အခက်အခဲဖြစ်လာနိုင်တယ်” ဟု ချောင်းဆုံမြို့နယ် AMDP အတွင်းရေးမှူး ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

    သို့ရာတွင် ၄င်းတို့သဘောထားပေးပို့ခြင်းနှင့်ပတ်သက်၍ AMDP ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးထိုင်ပြီးမှ ဆုံးဖြတ်နိုင်မည်ဖြစ်ကြောင်းကို မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ(ဗဟို) အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းနွယ်စိုးက ပြောသည်။

    ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ၌ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီကိုယ်စားလှယ်လောင်း ၃၅ ဦးဝင်ရောက်ယှဉ်ပြိုင်သည့်အနက် ချောင်းဆုံမြို့နယ် အမှတ်(၁) မဲဆန္ဒနယ်မြေ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦး တစ်ဦးသာ ရွေးချယ်တင်မြောက်ခြင်း ခံရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks