Homeသတင်းရေးမြို့အဝေးပြေးယာဉ်ရပ်နားစခန်း အသုံးပြုရန်အဆင်သင့်မဖြစ်သေး

ရေးမြို့အဝေးပြေးယာဉ်ရပ်နားစခန်း အသုံးပြုရန်အဆင်သင့်မဖြစ်သေး

-

အသစ်တည်ဆောက်ထားရှိသည့် မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ‘အဏ္ဏဝါ’ အဝေးပြေးယာဉ်ရပ်နားစခန်းပြီးစီးနေသော်လည်း အရည်သွေးပိုင်း အားနည်းမှုများရှိနေသောကြောင့် အသုံးပြုရန်အတွက် အဆင်သင့်မဖြစ်သေးဟု ယာဉ်ရပ်စခန်းရှိ အခန်းပိုင်ရှင်များက ဆိုသည်။

အရည်သွေးပိုင်းအား ပြန်လည်းဖြည့်ဆည်းရန်နှင့် အခန်းအတွင်းပိုင်းရှိလိုအပ်ချက်များ ပြန်လည်ဖြည့်ဆည်းရန် အောက်တိုဘာ ၂၉ ရက်နေ့က ရေးမြို့နယ်အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်း၊ မြို့နယ်အ ထွေထွေအုပ်ချုပ်ရေးမှုး၊ စည်ပင်သာယာရေးကော်မတီဝင်များ အပါအဝင် အဆိုပါ အဝေးပြေးကားကွင်းအား ကန်ထရိုက်ရရှိထားသည့် ကုမ္မဏီတာဝန်ခံနှင့် အဝေးပြေးကားဝင်း အခန်းပိုင်းရှင်များက ယင်အဝေးပြေးကားကွင်းတွင် တွေ့ဆုံညှို့နှိုင်းခဲ့သည်။

ရေးမြို့အဝေးပြေးယာဉ်ရပ်နားစခန်း(MNA)
ရေးမြို့အဝေးပြေးယာဉ်ရပ်နားစခန်း(MNA)
ဦးမျိုးဝင်းက “လွန်ခဲ့တဲ့အပတ်က ကားကွင်းက ဖွင့်လှစ်ဘို့ အဆင်သင့်ဖြစ်ပြီးလားလို့ ကားကွင်းနဲ့သက်ဆိုင်တဲ့ လူတွေကို အစည်းဝေးခေါ်ပြီး မေးတဲ့အခါမှာတော့ သက်ဆိုင်တဲ့လူတွေက ကားကွင်းက အရည်သွေးပိုင်းတွေ လိုအပ်ချက်အများကြီး ရှိသေးတယ်။ ဒါကြောင့်လဲ အဲ့သည့်လိုအပ်ချက်တွေကို ပြန်လည်ဖြည့်ဆည်း ဘို့ ဒီနေ့ အားလုံးကို ခေါ်တွေ့ပြီးတော့ ညှို့နှိုင်ပေးတာ” ဟု ဆိုသည်။

ယခင်အစိုးရလက်ထက်တွင် ချုပ်ဆိုထားသည့် စာချုပ်စာတမ်းများသည် ပွင့်လင်းမြင်သာမှု မရှိခြင်း၊ နှုတ်မိန့်ဖြင့် ခွင့်ပြုထားသည့် အကြောင်းအရာများပါဝင်လာသောကြောင့် အရည်သွေးပိုင်းနှင့် ပြသနာများ ပေါ်ပေါက်လာ ရခြင်း ဖြစ်သည်ဟု ဦးမျိုးဝင်း က ဆက်ပြောသည်။

“အစကတည်းက မိမိတာဝန်ယူထားတယ်။ ဆိုတော့ မိမိတာဝန်ခံရတယ်။ ဒီစာချုပ်က စည်ပင်ကော်မတီက ကျနော်တို့ကိုယ်စား ကိုယ်စားပြုပြီးတော့ ကုမ္မဏီနဲ့ စာချုပ်ချုပ်တယ်။ ဒါကို စည်ပင်ကော်မတီ တာဝန်ယူပြီးတော့ ဖြေရှင်းပေးဘို့လိုတယ်” ဟု ထိဏ်လင်း ကူးသန်းရောင်း ဝယ်ရေးနှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်နေသူ ဦးကျော်ဝင်း ဆိုသည်။

အဆိုပါကားကွင်းသည့် အဆင့်မြင့်ကားကွင်းဟု ဆိုထားသော်လည်း ကားပါကင်ခင်းထားရာတွင် ကွန်ကရိသံအသုံးပြုထားခြင်းမရှိကြောင်း၊ ကားဝင်းအတွင်းရှိ အခန်းများ ခိုင်ခံမှုအားနည်းခြင်းနှင့် အခန်းတခန်းနှင့် တခန်းသို့ မျက်နှာကျက်မှ ကူးသွားလာနိုင်သည့်အတွက် လုံခြုံမှု အပိုင်းတွင်လည်း အားနည်းနေကြောင်း ဦးကျော်ဝင်း ကဆက်ပြောသည်။

ရေးမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌဦးရဲမြင့် က “ဒီပရောဂျက်ကို နှစ်နဲ့ချီပြီး ဆွေးနွေးခဲ့တယ်။ ပြည်နယ်အဆင့်ထိသွားရောက်တင်ပြခဲ့တာရှိတယ်။ ကျနော်တို့က ပညာရှင်တွေမဟုတ်တော့ လိုအပ်ချက်တွေရှိလာတာပေါ့။ တာဝန်ယူဆောက်လုပ်ခဲ့တဲ့ ကုမ္မဏီကို ပြန်လည်ပြုပြင်ပေးဘို့ မေတ္တာရပ်ခံထားပါတယ်” ဟု ဆိုသည်။

ရေးမြို့ အဏ္ဏဝါ အဝေးပြေးကားကွင်းအား ရာမညယူနီနိုက်တက်ကုမ္မဏီနှင့် တင်ဒါပြိုင်ဆိုင်ကြရာ Kaung Su aye Construction Co,Ltd ကုမ္မဏီ တင်ဒါအောင်မြင်ခဲ့ပြီး ၂၀၁၆ခုနှစ်၊ ဇန်နဝါရီလတွင် စတင်တည် ဆောက်ခဲ့ခြင်း ဖြစ်သည်။

Kaung Su aye Construction Co,Ltd ကုမ္မဏီတာဝန်ခံဖြစ်သူ ဦးဇော်ဇော်နေဝင်းက “ကျွန်တော်တို့က စာချုပ်နဲ့ အလုပ်လုပ်ရတာဖြစ်တဲ့အတွက် စာချုပ်ပါအတိုင်းပဲ ဆောက်လုပ်ပေးတာပါ၊ အခန်းပိုင်ရှင်တွေ ကျေးနပ်မှုမရှိရင် နှစ်ဖက်ညှိနှိုင်းပြီးတော့ အတတ်နိုင်ဆုံးပြန်လည်ဖြည့်ဆည်းပေးမယ်” ဟု ပြောသည်။

အဆိုပါ အဝေးပြေးကားဝင်းသည် ဧရိယာအကျယ်အဝန်း ၂ ဧကကျော်ရှိပြီး အခန်းပေါင်း ၅၅ ခန်းရှိရာ ဆက်လက်ရောင်းချရန်အတွက် ကားဝင်းအတွင်းပိုင်းတွင် ၆ ခန်း၊ ဝင်းအပြင်ဘက်တွင် ၁ ခန်း ကျန်ရှိနေသည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts