အောက်တိုဘာ ၅ ရက်တွင်ကျင်းပသည့် မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယနေ့တွင် မွန်ပြည်နယ်ဝန်ကြီးချုပ်၏ ကမ္ဘာ့ဆရာများနေ့သို့ တက်ရောက်ရန်အတွက် ခွင့်တိုင်ကြားခဲ့ရာ အဆိုပါ အခမ်းအ နားသို့ ဝန်ကြီးချုပ် တက်ရောက်ခဲ့ခြင်း မရှိသည့်အတွက် လွှတ်တော်ကိုယ်စားလှယ် ၂ ဦးမှ ကန့်ကွက်ခဲ့သည်။
မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယနေ့တွင် မွန်ပြည်နယ်ဝန်ကြီးချုပ်၏ ‘ကမ္ဘာ့ဆရာ များနေ့’ သို့ သွားရောက်ရန် ခွင့်ပန်ကြားထားသည့်အပေါ် အကြောင်းအရာကွဲလွဲနေသည့်ကိစ္စအား ယနေ့ ကျင်းပသည့် လွှတ်တော်အစည်းအဝေးတွင် မှတ်တမ်းတင်ထားကြောင်း သိရသည်။
လွှတ်တော်တက်ရောက်ရန် ပျက်ကွက်ပါက ဥပဒေအကြောင်းအရ အရေးယူခွင့်မရှိသော်လည်း ပြည်သူမှ ရွေးကောက်တင်မြှောက်ပြီး လွှတ်တော်ကိုယ်စားလှယ်မှတဆင့် ဝန်ကြီးချုပ်ဖြစ်လာသည့်အတွက် မိမိရဲ့ မဲဆန္ဒ နယ်အတွက် လွှတ်တော်တက်ရောက်ရန်တာဝန်နှင့် မဏ္ဍိုင် ၃ ရပ်ကို အပြန်အလှန်လေးစား ရန်လိုအပ်တယ်ဟု မွန်လွှတ်တော်ဥက္ကဌက ဆက်ပြောသည်။
ပေါင်မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ ဦးထွန်းမင်းအောင်က “မွန်ပြည်နယ် အုပ်ချုပ်ရေးပိုင်မှာဆိုရင် တာဝန်အရှိ ဆုံးပုဂ္ဂိုလ်ဖြစ်တယ်။ ပြီးတော့ မွန်ပြည်နယ်မှာပဲရှိနေတယ်ဆိုတာကို ပြည်သူတွေက ဖုန်းလဲဆက်လာတယ်။ လွှတ်တော် တက်ရမယ့်တာဝန် သူ့မှာအပြည့်ရှိတယ်။ ခွင့်ပန်ကြားထားနဲ့အကြောင်းအရာနဲ့ မြေပြင်အနေထား ကလည်း လွဲနေတယ်ဆိုတော့ ပြည်သူတွေရဲ့ကိုယ်စား ကန့်ကွက်ရတာပါ” ဟု ဆိုသည်။
မွန်ပြည်သူ ၂ သန်းကျော်တို့ရဲ့ ရေးရာကိစ္စများကို သည်ပြည်နယ်လွှတ်တော်တွင် ဆွေးနွေးနေသည့်အတွက် တချို့ ကိစ္စရပ်များတွင် ဝန်ကြီးချုပ်ဖြေကြားရန်အတွက်တာဝန်ရှိနေသောကြောင့် ယခုလို လွှတ်တော်စည်းဝေး မတက်ရောက် သည့်အတွက် စိတ်ပျက်မိတယ်ဟု ဦးထွန်းမင်းအောင် က ဆက်ပြောသည်။
ဝန်ကြီးချုပ်ဦးမင်းမင်းဦးသည် လွှတ်တော် ဒုတိယနေ့တွင် သံဖြူဇရပ်-ရေး လမ်းပိုင်အားစီစစ်ရန်အတွက် ခွင့်ပန်ကြားထားရှိပြီး အောက်တိုဘာ ၆/၇ ရက်နေ့တွင်လည်း ရန်ကုန်မြို့၌ ကျင်းပသည့် ‘နယ်စပ်ကုန် သွယ်မှု ဖြစ် ပေါ်လာရေး’ ဆွေးနွေးပွဲသို့ တက်ရောက်ရန်ရှိသဖြင့် မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး ကျန်ရှိသည့်ရက်များတွင်လည်း ခွင့်တိုင်ကြားထားသည်ဟု မွန်ပြည်နယ်လွှတ်တော် လွှတ်တော်စီစစ်ရေး ကော်မတီမှ သိရသည်။
ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးကို အောက်တိုဘာလ ၃ ရက်နေ့မှ စ တင်ပြု လုပ်ရာ အောက်တိုဘာလ ၇ ရက်နေ့ထိပြုလုပ်ရန်ရှိသည်ဟု မွန်ပြည်နယ်လွှတ်တော်ဥက္ကဌမှ သိရသည်။