spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်-ရေး-ထားဝယ်ဓါတ်အားလိုင်းစီမံကိန်းအား ADB ၏ ချေးငွေဖြင့် ဆောင်ရွက်မည်

    မော်လမြိုင်-ရေး-ထားဝယ်ဓါတ်အားလိုင်းစီမံကိန်းအား ADB ၏ ချေးငွေဖြင့် ဆောင်ရွက်မည်

    -

    အာရှဖွံဖြိုးရေးဘဏ် ADB ၏ ချေးငွေရရှိပါက မော်လမြိုင်-ရေး-ထားဝယ်ဓါတ်အားလိုင်းနှင့် ဓါတ်အားခွဲရုံးစီမံ ကိန်းများအား စတင်အကောင်အထည်ဖော်သွားမည်ကြောင်း စက်တင်ဘာ ၂၆ ရက်နေ့က ကျင်းပသည့် ဒုတိ ယအကြိမ် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေးတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက် တာထွန်းနိုင်က ပြောကြားသည်။

    မွန်ပြည်နယ် ရေးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်ထွန်းခိုင်က လျှပ်စစ်မီး မရရှိ သေးသော ရေးမြို့နယ်အား လာမည့်ဘဏ္ဍာနှစ်အတွင်း မဟာဓါတ်အားလိုင်းမှ လျှပ်စစ်မီးသွယ်တန်းပေးနိုင်ရေး အစီအစဉ် ရှိ/မရှိ မေးမြန်းမှုအပေါ် ဒုဝန်ကြီးက ယင်းကဲ့သို့ ပြန်လည်ဖြေကြားထားခြင်းဖြစ်သည်။

     မော်လမြိုင်-ရေး-ထားဝယ်ဓါတ်အားလိုင်းနှင့် ဓါတ်အားခွဲရုံးစီမံကိန်းကိစ္စ လွှတ်တော်၌မေးမြန်း(ပြည်သူ့လွှတ်တော်)
    မော်လမြိုင်-ရေး-ထားဝယ်ဓါတ်အားလိုင်းနှင့် ဓါတ်အားခွဲရုံးစီမံကိန်းကိစ္စ လွှတ်တော်၌မေးမြန်း(ပြည်သူ့လွှတ်တော်)
    ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် ၈/၂၀၁၆ အရ ADB မှ ဓါတ်အားလိုင်းစီမံကိန်း ၃ ခုအတွက် လျာထားချီးငွေ အမေရိကန်ဒေါ်လာ သန်း ၅၀ဝ အောက်မှ အဆိုပါစီမံကိန်းကို ထည့်သွင်း၍ အဆိုပြုလွှာပေးပို့ခဲ့ ပြီး ADB နှင့်ဆွေးနွေးညှိနှိုင်းရာတွင် ADB မှ စီမံကိန်းအား ကူညီထောက်ပံ့မည်ဖြစ်ကြောင်း လွှတ်တော်တွင် ဝန်ကြီး၏ ဖြေကြားချက်အရ သိရသည်။

    “သို့သော် လိုအပ်သည့် ချေးငွေပမာဏမှာ ၄င်းတို့က ထုတ်ချေးနိုင်သည့်ပမာဏ ကန့်သတ်ထားမှုရှိသည့် အ တွက် ထပ်မံလိုအပ်မည့် ချေးငွေများကို ထုတ်ချေးပေးနိုင်မည့် မိတ်ဖက်ငွေချေးမည့်သူအား ရှာဖွေသင့် ကြောင်း၊ ထို့သို့ရှာဖွေရာတွင် ၄င်းတို့ကလည်း အကူအညီပေးမည်ဖြစ်ကြောင်း သဘောထားမှတ်ချက် ပြန်ကြားခဲ့တယ်” ဟု ချေးငွေနှင့် ပတ်သက်၍ ဒေါက်တာထွန်းနိုင်က ထည့်သွင်းပြောကြားခဲ့သည်။

    ၂၃၀ ကေဗွီအဆင့်ရှိ အဆိုပါစီမံကိန်းအတွက် အတိုးနှုန်းမပါ တွက်ချက်ထားသည့် ခန့်မှန်းကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာသန်းပေါင်း ၁၀၃.၄ သန်းဖြစ်ပြီး ADB ၏ အတိုးနှုန်းမှာ ဆိုင်းငံ့ကာလ ၈ နှစ်အတွင်း တစ် ရာခိုင်နှုန်းနှင့် ပြန်ဆပ်ကာလ ၂၄ နှစ်အတွင်း အတိုးနှုန်းမှာ ၁.၅ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

    ယခင်အစိုးရက တရုတ်နိုင်ငံ Exim Bank ဘဏ်၏ ချေးငွေဖြင့် ဆောင်ရွက်ရန် လျာထားခဲ့သော်လည်း ချေးငွေ ဆိုင်ရာ လုပ်ထုံးလုပ်နည်းအရ အချိန်ကြန့်ကြာခြင်း၊ အတိုးနှုန်းများခြင်းနှင့် တရုတ်နိုင်ငံထုတ်ကုန်ပစ္စည်းများ သာ ဦးစားပေးဝယ်ယူရခြင်းတို့ကြောင့် စီမံကိန်းကို တရုတ်နိုင်ငံချေးငွေဖြင့် ဆက်လက်ဆောင်ရွက်ရန် မသင့် လျော်သဖြင့် လက်ရှိအစိုးရသစ်က ပယ်ဖျက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    မွန်ပြည်နယ်ရှိ ၉ မြို့နယ်တွင် လျှပ်စစ်မီးရရှိနေပြီးဖြစ်သော်လည်း ရေးတစ်မြို့နယ်တည်းသာ လျှပ်စစ်မီးမရရှိ သေးကြောင်း၊ ထို့အပြင် ပထမအကြိမ်လွှတ်တော်သက်တမ်းတွင် ရေးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ် စားလှယ်က လွှတ်တော်သို့ သုံးကြိမ်တိုင်တိုင် မေးမြန်းမှုရှိခဲ့သော်လည်း ယခုအချိန်အထိ လျှပ်စစ်မီးရရှိခြင်းမရှိ သေးကြောင်း ဒေါက်တာအောင်ထွန်းခိုင်က ထည့်သွင်းပြောကြားခဲ့သည်။

    ချေးငွေများ ရရှိပါက တည်ဆောက်ရေးလုပ်ငန်းများ စတင်အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး ရေးမြို့နယ် လျှပ်စစ်ဓါတ်အားရရှိရေးအတွက် ဝန်ကြီးဌာနအနေဖြင့် ဆက်လက်ကြိုးစားသွားမည်ဖြစ်ပါကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဖြေကြားခဲ့သည်။

    လက်ရှိရေးမြို့နယ်အတွင်း ပုဂ္ဂလိကလျှပ်စစ်မီးဖြန့်ဖြူပေးနေသော မြတ်သူရထွန်းကုမ္မဏီအနေဖြင့် ရေးမြို့ပေါ်ရပ် ကွက် (၉) ရပ်ကွက်နှင့် ချောင်းတောင်၊ အစင်၊ ဓမင်းဆိပ်၊ အဘော်၊ ဇီးဖြူတောင်၊ ဒူရားကျေးရွာတို့၌သာ (၁) ယူနစ်ကို (၃၅၀) ကျပ်နှုန်းဖြင့် ၂၄ နာရီ လျှပ်စစ်မီးများ ဖြန့်ဖြူပေးလျှက်ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts