spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင် ခွင့်ပြုလမ်းခင်းကျောက်မိုင်းလုပ်ငန်း ၈၈ ခုရှိနေ

    မွန်ပြည်နယ်တွင် ခွင့်ပြုလမ်းခင်းကျောက်မိုင်းလုပ်ငန်း ၈၈ ခုရှိနေ

    -

    မွန်ပြည်နယ်တွင် လမ်းခင်းကျောက်ထုတ်လုပ်ရန် ၂၀၁၅/၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုအစိုးရ တရားဝင်ခွင့်ပြုထားသည့် လမ်းခင်းကျောက်မိုင်း ၈၈ ခု ရှိသည်ဟု ပြည်ထောင်စုအစိုးရ ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ် စိုးအောင်က အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၃၇ ရက်မြောက်နေ့တွင် ဖြေကြားချက်အရ သိရသည်။

    အဆိုပါ ကျောက်မိုင်းလုပ်ငန်းများသည် ရေးမြို့နယ်တွင် ၁၃ ခု၊ ကျိုက်မရောမြို့နယ် ၄ ခု၊ သထုံမြို့နယ် ၅ ခု၊ ကျိုက်ထိုမြို့နယ် ၄၄ ခု နှင့် ပေါင်မြို့နယ် ၂၂ ခု တို့ဖြစ်သည်။

    ကျောက်မိုင်းကန့်ကွက်ဆန္ဒထုတ်ဖော်ပွဲ(MNA)
    ကျောက်မိုင်းကန့်ကွက်ဆန္ဒထုတ်ဖော်ပွဲ(MNA)
    ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၃၇ ရက်မြောက်နေ့တွင် မွန်ပြည်နယ် အတွင်း ရှိ ကျောက်ထုတ်လုပ်ရေးမိုင်းများအား တရားဝင်ခွင့်ပြုချက် ရှိ/မရှိ နှင့် ပြန်လည်စိစစ် စစ်ဆေးပေးရန် ရှိ/မရှိ မွန်ပြည်နယ်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် အမှတ် ၁၀ မဲဆန္ဒနယ်မှ ဦးစိုးသီဟ က မေးမြန်းခဲ့ခြင်း ဖြစ်သည်။

    ပြည်ထဲရေး-ဒုဝန်ကြီး က “ကျောက်မိုင်းထုတ်လုပ်ရာတွင် တရားဝင် ခွင့်ပြုချက်ရှိ/မရှိ ကွင်းဆင်းစစ်ဆေးလျှက်ရှိပြီး တရားမဝင် ဓါတ်သတ္တုတူးဖော်မှု မရှိစေရေးအတွက် ခရိုင်/မြို့နယ်အလိုက် ဌာနဆိုင်ရာ မြို့နယ်အလိုက် တာဆီးရေးကော်မတီများဖွဲ့စည့်ထားပြီး တရားဝင်ခွင့်ပြုချက်ရှိ/မရှိ ရှောင်တခင် ဝင်ရောက်စစ်ဆေးလျှက်ရှိသည်” ဟု ပြန်လည် ဖြေကြားခဲ့သည်။

    တရားမဝင်လုပ်ကိုင်မှုတွေကို တာဝန်ရှိသူတွေ စစ်ဆေးတွေ့ရှိတာပဲဖြစ်ဖြစ် သို့မဟုတ် ဒေသခံပြည်သူများ၏ ဆန္ဒအရ တင်ပြလာမှု စစ်ဆေးပေါ်ပေါက်လာပါက သက်ဆိုင်ရာအစိုးရအနေနဲ့ တည်ဆဲဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဟု ပြည်ထဲရေး ဒုဝန်ကြီးက ဆက်လက်ဖြေကြားထားသည်။

    ပေါင်မြို့နယ်တွင် လမ်းခင်းကျောက်ထုတ်လုပ်နေသည့်ကျောက်မိုင်း ၃၇ မိုင်းရှိသည့်အနက် တရားဝင်ခွင့်ပြုချက် ရရှိထားသည့် ကျောက်မိုင်း ၂၄ မိုင်းသာရှိပြီး တခြားမြို့နယ်တွင်လည်း တရားဝင်ခွင့်ပြုချက်ရရှိထားမှု မရှိသည့် ကျောက်မိုင်း အများပြားတွေ့ရှိနေသည်ဟု အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသီဟက ထည့်သွင်းမေးမြန်းခဲ့သည်။

    ဦးစိုးသီဟ က “မွန်ပြည်နယ်မှာတရားဝင်ကျောက်မိုင်းတွေရှိသလို တရားမဝင်ကျောက်မိုင်းတွေကလည်း အများ ကြီးရှိတယ်။ တချို့မိုင်းတွေ သစ်တောက ခွင့်ပြုချက်ရရှိထားပေမယ့် တချို့မိုင်းတော်တော်များတွေက MIC ခွင့်ပြုချက်တွေ မရထားဘူး။ တချို့မိုင်းတွေကလည်း စည်းမျည်းစည်းကမ်းနဲ့ မညီညွတ်တာလဲ အများကြီး နေရှိတယ်” ဟု ဆိုသည်။

    မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာ၊ ကလယ်မတောင်ပေါ်ရှိ Long Life ကုမ္မဏီက ထုတ်လုပ်သည့် ကျောက်မိုင်းသည် စမ်းချောင်းနှစ်ကြားပေါ်ရှိ ကျောက်ပြင်တွင် တည်ဆောက်ထားပြီး ကျောက်မိုင်းခွဲခြင်းကြောင့် ကျောက်သားနံရံများ ကွဲအက်ကာ တောင်အောက်နေ လူနေရပ်ကွက်သို့ ကျရောက်လာမည့် အန္တရာယ်ကိုလည်း ရွာသူရွာသားများ စိုးရိမ်နေရကြောင်း၊ ကျောက်မိုင်းခွဲမှုကြောင့် မြေအောက်ရေကြောများ ပျောက်ဆုံးသွားသည့်အတွက် ရွာအတွင်းရှိ ရေတွင်း ရေကန်များသည်လည်း ရေခန်းခြောက်လျှက် ရှိနေကြောင်း ဦးစိုးသီဟ က ဆက်ပြောသည်။

    ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာ၊ ကလယ်မတောင်ပေါ်ရှိ ကျောက်ထုတ်လုပ်နေသည့် Long Life Aggregate Mining Co.Ltd လုပ်ငန်း ဖျက်သိမ်းပေးရန်၂၀၁၆ ခုနှစ်၊ ဇွန်လ ၅ ရက်တွင် ဒေသခံ ၅၀ဝ ခန့်က ဥတ္တံတားရွာမှ Long Life ကျောက်မိုင်းကုမ္ပဏီအထိ လမ်းလျှောက်ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks