spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းအမျိုးသမီးပါတီ (မွန်) ပါတီတည်ထောင်လိုသူ ၆ ဦး နုတ်ထွက်

    အမျိုးသမီးပါတီ (မွန်) ပါတီတည်ထောင်လိုသူ ၆ ဦး နုတ်ထွက်

    -

    အမျိုးသမီးပါတီ (မွန်) ဒုဥက္ကဌအပါအဝင် ပါတီတည်ထောင်လိုသူ ၆ ဦးနုတ်ထွက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (နေ ပြည်တော်) သို့ ယမန်နေ့ စက်တင်ဘာလ (၁၂ ) ရက်စွဲဖြင့် အကြောင်းကြားထားသည်ဟု သိရသည်။

    ပါတီတာဝန်ကို ထမ်းဆောင်လိုခြင်းမရှိပါ၍ မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းခြင်းမပါဘဲ မိမိသဘောဆန္ဒ အလျောက် အမျိုးသမီးပါတီ (မွန်) မှ နုတ်ထွက်ခြင်းဖြစ်သည်ဟု တစ်ဦးချင်းအလိုက် တင်ပြသည့်နုတ်ထွက်စာများ တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

    အမျိုးသမီးပါတီ (မွန်) အလံ(Copy)
    အမျိုးသမီးပါတီ (မွန်) အလံ(Copy)

    “ကျွန်မတို့ပါတီက လူတစ်ဦးနှစ်ဦးနုတ်ထွက်လိုက်ရုံနဲ့ ပါတီလမ်းစဉ်တွေကို ဘာမှမထိခိုက်ပါဘူး ၊ သူတို့ပါတီ တာဝန်ကို မထမ်းဆောင်ချင်တော့လို့ နုတ်ထွက်ခွင့်တောင်းလာကြတာပဲလေ၊ ကျွန်မတို့အနေနဲ့တော့ မထွက်စေချင်ပါဘူး၊ ရွေးကောက်ပွဲ ကော်မရှင်အထိနုတ်ထွက်စာတင်ပြီး ကော်မရှင်က ပြောလာတဲ့အတွက်နုတ်ထွက်ခွင့် မပေးချင်ဘဲနဲ့ ပေးလိုက်ရတာပါ” ဟု အမျိုးသမီးပါတီ (မွန်) ဥက္ကဌ မိသန်းရှင်က ပြောသည်။

    ပါတီဝင်တစ်ဦးဦးက မိမိဆန္ဒအလျောက်ထွက်ချင်ဝင်ချင်သည့် ကိစ္စမှာ ဖြစ်ရိုးဖြစ်စဉ်ကိစ္စတစ်ခုသာဖြစ်ကြောင်း၊ မည်သူမဆို မိမိလူမျိုးအတွက် ပါဝင်ထမ်းဆောင်ချင်လျှင် ထမ်း ဆောင်ခွင့်ရှိကြောင်း၊ ထွက်မည်ဆိုလျှင်လည်း ခွင့်ပြုပေးရကြောင်းကို အမျိုးသမီးပါတီ (မွန်) ဥက္ကဌက ဆက်ပြောသည်။
    အမျိုးသမီးပါတီ (မွန်) ဒုဥက္ကဌ မိနီနီလွင်၊ ဗဟိုအလုပ် အမှုဆောင် များဖြစ်ကြသည့် ဒေါ်မေကြည်၊ မိစိုက်နွန် (ဒေါ်မြင့်သန်း)နှင့် ဗဟိုကော်မတီဝင် ဒေါ်အေးအေးသန်း၊ ဒေါ်သန်းဝေ၊ ဒေါ်ဝင်းသိန်းတို့ နုတ်ထွက်လိုက်ကြောင်း သိရသည်။

    အမျိုးသမီးပါတီ (မွန်) အနေဖြင့် ပါတီဝင်အင်အားနည်းသည်က တစ်ကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲပြီးကတည်းက မည်သည့်လုပ်ငန်းကိုမှ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း၊ မိမိ၏ ဆန္ဒသဘောအရ ပါတီတွင်း တာဝန်ထမ်းဆောင်ရန် ရေရှည်မဖြစ်နိုင်သောကြောင့် နှုတ်ထွက်စာတင်ရခြင်းဖြစ်ကြောင်း ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် မိစိုက်နွန် (မိမြင့်သန်း) က ပြောသည်။

    “ကျွန်မတို့ပါတီက ဘာလုပ်ငန်းအစီအစဉ်မှလည်း ချမထားဘူး၊ အစည်းအဝေးခေါ်တာလည်း မရှိဘူး၊ တွေ့ဆုံပြီး စကားပြောဆိုဖို့လည်း မရှိဘူး၊ အလုပ်ကိစ္စဆိုရင်လည်း ဘာတစ်ခုမှ မလုပ်ဖြစ်ခဲ့ဘူး၊ ကျွန်မက ပရဟိတ လုပ်ငန်း တွေကို လုပ်ချင်တယ်၊ ဒါကြောင့် အချိန်ပြည့်လုပ်နိုင်အောင် ပါတီကနေ နုတ်ထွက်ရတာပါ” ဟု မိစိုက်နွန်က ဆက်ပြောသည်။

    မိမိတို့မှာ ပါတီနာမည်သာရှိပြီး ပါတီဝင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ တကြိ်မ်တခါမှ မလုပ်ခဲ့ရသောကြောင့် နှုတ်ထွက်စာတင်ခဲ့ရခြင်းဖြစ်ကြောင်း ဗဟိုအလုပ်အမှုဆောင် ဒေါ်မေကြည်က ပြောသည်။

    အမျိုးသမီးပါတီ (မွန်) အနေဖြင့်၂၀၁၅ နိုဝင်ဘာရွေးကောက်ပွဲတွင် မွန်၊ ကရင်ပြည်နယ်နှင့်တနင်္သာရီတိုင်းတို့တွင် ကိုယ်စားလှယ်လောင်း (၄) ဦး ဝင်ရောက်ယှဉ်ပြိုင်ရွေးကောက်ခံခဲ့သော်လည်း တစ်ဦးမှ အနိုင်မရရှိခဲ့ကြောင်း သိရသည်။

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၁၅ ခုနှစ် ဇူလိုင် ၁၅ ရက်စွဲဖြင့် အမျိုးသမီးပါတီ (မွန်) အား နိုင်ငံရေးပါတီမှတ်ပုံတင်အမှတ် ၉၆ ဖြင့် ခွင့်ပြုခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks