spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းမူးယစ်ဆေးဝါးဖြတ်လိုသူများကို မဖမ်းဆီးသည့်အပြင် ထောက်ပံ့ကြေးပါပေးမည်ဟု ဆို

    မူးယစ်ဆေးဝါးဖြတ်လိုသူများကို မဖမ်းဆီးသည့်အပြင် ထောက်ပံ့ကြေးပါပေးမည်ဟု ဆို

    -

    မူးယစ်ဆေးဝါးဖြတ်လိုသူများကို မဖမ်းဆီးသည့်အပြင် မော်လမြိုင်မြို့နယ်ရဲတပ်ဖွဲ့နှင့် မွန်ပြည်နယ် မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းတို့ ပူးပေါင်းမှုဖြင့် ထောက်ပံ့ကြေးပါ ပေးဆောင်နေသည်ဟု မော်လမြိုင် မြို့နယ် ဒုရဲမှူး ဦးစိုးမောင်က ပြောသည်။

    ယင်းအစီအစဉ်ကို မော်လမြိုင်ရဲတပ်ဖွဲ့မှုး၏ ညွန်ကြားမှု၊ ခရိုင်ရဲတပ်ဖွဲ့မှုး၏ ကြီးကြပ်မှုဖြင့် ၂၀၁၆ စက်တင် ဘာလ (၉) ရက်နေ့တွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး တစ်ဦးလျှင် မြို့နယ်ရဲတပ်ဖွဲ့မှ (၃၀ဝ၀ဝ) ကျပ်နှင့် မွန်ပြည်နယ် မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းမှ (၃၀ဝ၀ဝ) ကျပ်ဖြင့် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

    စိတ်ကျန်းမာရေးနှင့် မူးယစ်ဆေး စွဲကုသဋ္ဌာန- မော်လမြိုင်မြို့(MNA)
    စိတ်ကျန်းမာရေးနှင့် မူးယစ်ဆေး စွဲကုသဋ္ဌာန- မော်လမြိုင်မြို့(MNA)
    “ဆေးဖြတ်ကုသမှုနဲ့ပတ်သတ်ပြီးတော့ ကျွန်တော်တို့ ရဲတပ်ဖွဲ့အနေနဲ့ အရေးယူဆောင်ရွက်မှု ဘာမှမရှိပါဘူး၊ ဘာမှစိုးရိမ်စရာမရှိရပါဘူး၊ သူတို့လိုအပ်တဲ့ ဆေးကုသမှုအခက်အခဲတွေကို တတ်နိုင်သမျှတော့ ကူညီပေးမယ်၊ အရေးကြီးတာက ဆေးပြတ်သွားဖို့ပဲ” ဟု ဒုရဲမှူး ဦးစိုးမောင်ကပြောသည်။

    မူးယစ်ဆေးဝါးထုတ်လုပ်သူများနှင့် သယ်ဆောင်သည့်သူများကိုသာ အရှိန်မြှင့်တင် ဖမ်းဆီးအရေးယူသွားမည်ဖြစ်သလို တစ်ဖက်တွင်လည်း သုံးစွဲသူ လျှော့နည်းရန် တတ်နိုင်သမျှ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

    “တကယ်တမ်းဖြတ်ချင်တဲ့သူမှ ကျွန်တော်တို့က ကူညီပေးမယ်၊ တာဝန်ခံပေးတယ်” ဟု မွန်ပြည်နယ် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း ခရိုင်အတွင်းရေးမှူး ဦးမြတ်ထွန်းက ပြောသည်။

    မွန်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးဖြတ်လိုသူများအား မော်လမြိုင်မြို့ရှိ စိတ်ကျန်းမာရေးနှင့် မူးယစ်ဆေး စွဲကုသဋ္ဌာနတွင် ကုသမှုပေးနေပြီး၊ ကိုယ်တိုင်ဖြတ်ချင်သည့်သူများကိုသာ ကူညီပေးမည်ဖြစ်ကြောင်း၊ လက် ရှိအချိန်၌ အဆိုပါဋ္ဌာနတွင် မူးယစ်ဆေးဖြတ်လိုသူ တစ်ဦးသာ လာရောက်ကုသနေကြောင်း ၄င်းက ဆက်ပြော သည်။

    “၁၉၉၇ ခုနှစ်က ကျောင်းတတ်နေရင်းနဲ့ မူးယစ်ဆေးဝါးစစွဲခဲ့တယ်၊ စမ်းသုံးကြည့်ရင်းနဲ့ ကြိုက်သွားတယ်၊ ကျွန်တော် WY တို့ သုံးတယ်၊ ကျွန်တော်တစ်နေ့ကို ၄ လုံး သုံးတယ်၊ ဆေးဝယ်လို့မရတဲ့အခါ ဘီယာတို့၊ ဘိန်းရွက်အရည် တို့ကို သောက်ရတယ်၊ အခုဖြတ်တာက ကျွန်တော့်ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ပါ၊ အခုဖြတ်စဆိုတော့ ညပိုင်း ၉ နာရီလောက်ဆို အံတွေကြိတ်လာတယ်၊ ဒီက ဆရာဝန်တွေက သောက်ဆေးပေးတော့ စိတ်က ငြိမ်သွားတယ်” ဟု မူးယစ်ဆေးကို (၁၅) နှစ်ကျော် သုံးစွဲခဲ့ပြီး ဆေးဖြတ်ရန် ကုသမှုခံယူနေသော ဦးမျိုးလွင်ဦးက ပြောသည်။

    ၄င်းမိဘများက ရပ်ကွက်လူကြီးတို့ဆီ အကြောင်းကြားပြီး နယ်မြေခံရဲစခန်းမှူးနှင့် ညှို့နှိုင်းကာ စိတ်ကျန်းမာရေးနှင့် မူးယစ်ဆေးစွဲကုသဋ္ဌာနသို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း ဦးမျိုးလွင်ဦးက ဆက်ပြော သည်။

    တိုးတက်သော မွန်လူငယ်များအစည်းအရုံးနှင့် မွန်လူငယ်ပညာပေးအဖွဲ့တို့၏ မြို့နယ်အသီးသီးတွင် ပြုလုပ်ခဲ့ သော မူးယစ်ဆေးဝါးအန္တရာယ်ပညာပေး ဆွေးနွေးပွဲရလာဒ်များအရ ယခုလက်ရှိအခြေအနေတွင် လူငယ်များ (အထူးသဖြင့် အမျိုးသားများ) မူးယစ်ဆေးဝါးသုံးစွဲမှုနှုန်း ယခင်နှစ်များထက် ပိုမိုမြင့်မားနေသည်ဟု ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks