Homeသတင်း၂၀၁၆ မွန်အမျိုးသားကွန်ဖရင့် လုပ်ငန်းစဉ် ၃ ရပ် ထုတ်ပြန်ကြေညာ

၂၀၁၆ မွန်အမျိုးသားကွန်ဖရင့် လုပ်ငန်းစဉ် ၃ ရပ် ထုတ်ပြန်ကြေညာ

-

ကျင်းပပြီးစီးခဲ့သော ၂၀၁၆ မွန်အမျိုးသားကွန်ဖရင့်မှ ဖက်ဒရယ်မူလေ့လာသုံးသပ်ရေးအဖွဲ့၊ မွန်အမျိုးသားညီ ညွတ်ရေးအဖွဲ့ ဖွဲ့စည်းရန်နှင့် MCL ဘိလပ်မြေစက်ရုံ ကျောက်မီးသွေးအသုံးပြုမှုကို ပြင်းထန်စွာ ကန့်ကွက်သွား ရန် လုပ်ငန်းစဉ် ၃ ရပ် ချမှတ်ကြောင်း ၂၀၁၆ ခုနှစ် မွန်အမျိုးသားကွန်ဖရင့် ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

မွန်အမျိုးသားကွန်ဖရင့်ကို ဖက်ဒရယ်ရေးရာနှင့်ပတ်သက်၍ ၂၁ ရာစုပင်လုံငြိမ်းချမ်းရေးညီလာခံသို့ တင်ပြနိုင် ရန်နှင့် မွန်တမျိုးသားလုံးညီညွတ်ရေး ရည်ရွယ်ချက်ဖြင့် သြဂုတ်လ (၂၂-၂၃-၂၄) ရက်နေ့က မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ပေါလောကုန်း (တောင်ပေါက်ကျေးရွာအုပ်စု) တွင် ၃ ရက်ကြာ ကျင်းပခဲ့ပြီးနောက် ယခုကဲ့သို့ ထုတ်ပြန်ခြင်းလည်းဖြစ်သည်။

၂၀၁၆ မွန်အမျိုးသားကွန်ဖရင့် အခမ်းအနား (MNA)
၂၀၁၆ မွန်အမျိုးသားကွန်ဖရင့် အခမ်းအနား (MNA)

မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင် နိုင်ဝင်းလှက “တိုင်းရင်းသား လူမျိုးစုများကြားမှာ ဖယ်ဒရယ်ပြည်ထောင်စု ကို တည်ထောင်မယ်ဆိုတော့ မွန်တမျိုးသားလုံး တသံတည်ထွက်ရှိဘို့အတွက်နဲ့ မွန်တမျိုးသားလုံ ညီညွတ်ရေး အတွက်လည်း သဘောတူညီမှုရရှိခဲ့တာရှိတယ်။ ပြီးတော့ ဖယ်ဒရယ်အခြေခံမူအပြင် သံယံဇာတ၊ ပညာရေး၊ ကျန်းမာရေးတို့အတွက်ရော အကျယ်တပြန့် ဆွေးနွေးရမဲ့ဟာတွေ အများကြီးကျန်နေသေးတယ်” ဟု ဆိုသည်။

ဖယ်ဒရယ်ပြည်ထောင်စုတည်ထောင်ရန်အတွက် ဖယ်ဒရယ်ပြည်ထောင်စု ဥပဒေရှိရန်လိုအပ်ကြောင်း၊ သူ့ပြည် နယ်နှင့်သူ အခြေခံဥပဒေထားရှိရန်လိုအပ်ကြောင်းနှင့် ပြည်နယ်အာဏာနှင့် ပြည်ထောင်စုအာဏာ ခွဲဝေထား မှုရှိရမည်ဖြစ်ကြောင်း၊ မည်သို့အခြေအနေရောက်ရောက် ပြည်နယ်အာဏာကို ပြည်ထောင်စုမှ ရုပ်သိမ်းလို့မရ ကြောင်း၊ အခြေခံဥပဒေခုံရုံး ထားရှိရန်လိုအပ်ကြောင်း နိုင်ဝင်းလှက ဆက်ပြောသည်။

ဖက်ဒရယ်မူသုံးသပ်ရေးအဖွဲ့တွင် အဖွဲ့ဝင် (၂၁) ဦးဖြင့်လည်းကောင်၊ မွန်အမျိုးသားညီးညွတ်ရေးအဖွဲ့တွင် အဖွဲ့ ဝင် (၂၁) ဖြင့်လည်းကောင် ဖွဲ့စည်းသွားရန် ကွန်ဖရင့်၏ သဘောတူညီချက်အရ မွန်ပြည်သစ်ပါတီ၊ မွန်နိုင်ငံရေး ပါတီ (MNP,AMDP)၊ မွန်သံဃာတော်၊ မွန်လူမှုအဖွဲ့အစည်းများနှင့် ဥပဒေပညာရှင်၊ မွန်မျိုးချစ်ပုဂ္ဂိုလ်များမှ စက် တင်ဘာလ (၁၀) ရက်နေ့တွင် အမည်စာရင်းများ ပေးပို့ရမည်ဖြစ်သည်။

နိုင်ဝင်လှက “အဲဒီအဖွဲ့နှစ်ခုကို မကြာခင်ဖွဲ့စည်းသွားမယ်၊ ရှေ့လ ၁၀ ရက်နေ့ကျရင် အမည်စာရင်းတွေ ပေးပို့ ရမှာဖြစ်ပြီးတော့ ၁၅ ရက်နေ့မှာ လုပ်ငန်းများ စတင်နိုင်အောင် လုပ်ဆောင်သွားမယ်” ဟု ဆိုသည်။

၂၀၁၆ မွန်အမျိုး သားကွန်ဖရင့်သို့ သံဃာတော်များ၊ နိုင်ငံရေးပါတီများ၊ လူမှုအခြေပြုအသင်းအဖွဲ့များ၊ မွန်မျိုး ချစ်ပုဂ္ဂိုလ်များနှင့် လေ့လာသူများအပါအဝင် ၄၄၆ ဦး တက်ရောက်ခဲ့သည်ဟု ထုတ်ပြန်ကြေငြာချက်တွင် ဖော်ပြသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts