spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမွန်တွင် `နိုင်ငံတော်ထောက်ပံ့ငွေရရှိမည့် အသက် ၉၀ နှင့်အထက် ဘိုးဘွားများဦးရေ ၁၈၀ဝ ကျော်ရှိ

    မွန်တွင် `နိုင်ငံတော်ထောက်ပံ့ငွေရရှိမည့် အသက် ၉၀ နှင့်အထက် ဘိုးဘွားများဦးရေ ၁၈၀ဝ ကျော်ရှိ

    -

    ၂၀၁၆ ခုနှစ်အတွင်း မွန်ပြည်နယ် ၁၀ မြို့နယ်မှ `နိုင်ငံတော် ထောက်ပံ့ငွေရရှိမည့် အသက် ၉၀ နှင့်အထက် ဘိုးဘွား များဦးရေ ၁၈၄၃ ဦးရှိကြောင်း မွန်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ သိရသည်။

    အဆိုပါစာရင်းတွင် ပါရှိသည့် ဘိုးဘွားများအနက် အသက် ၉၀ နှင့်အထက် ၁၇၆၇ ဦးနှင့် အသက် ၁၀ဝ နှင့်အထက်က ၇၆ ဦးပါဝင်ပြီး ယင်းဘိုးဘွားများအား နိုင်ငံတော်ဘတ်ဂျက်ဖြင့် ထောက်ပံ့ငွေများ ပေး အပ်သွားမည်ဖြစ်ကြောင်း သိရသည်။

     မွန်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံး(MNA)
    မွန်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံး(MNA)
    မွန်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်က “စာရင်းတွေကို သက်ဆိုင်တဲ့မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဋ္ဌာနကနေ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးတို့နဲ့ချိတ်ဆက်ပြီး ရက်ကွက်အလိုက် ကျေး ရွာအလိုက် ကောက်ခံတယ်၊ အဲ့ဒီစာရင်းတွေကို မြို့နယ်ထွေအုပ်ကနေ ပြည်နယ်ကိုတင်မယ်၊ ပြီးရင် နေပြည် တော်ကိုပို့ရ တယ်၊ နေပြည်တော်ကနေ ထောက်ပံ့ငွေများ ပြန်ကျလာရင် မြန်မာ့စီးပွားရေးဘဏ်မှာ သက်ဆိုင် တဲ့မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးတွေက သူ့မြို့နယ်အလိုက် ထုတ်ယူပြီးတော့ နာမည်နှင့်တကွ ဘိုးဘွားဆီ တွေကို အဆင်ပြေသလို ပို့ရတယ်” ဟု ပြောသည်။

    စာရင်းကောက်ခံရာတွင် အသက်အမှန်တကယ်ပြည့်ကြောင်း သက်ဆိုင်ရာအမျိုးသားမှတ်ပုံတင် (လဝက) ထောက်ခံစာ၊ သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံစာ၊ မှတ်ပုံတင်မိတ္တူ၊ အိမ် ထောင်စုစာရင်းမိတ္တူ၊ ဓာတ်ပုံ (၃) ပုံတို့ပါရှိရမည်ဖြစ်ပြီး ယင်းအချက်တို့နှင့်ပြည့်စုံသည့် ဘိုးဘွားများကိုသာ ထောက်ပံ့ငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ သိရသည်။

    မွန်ပြည်နယ်ရှိ အသက် ၉၀ နှင့်အထက် ဘိုးဘွားများအတွက် နိုင်ငံတော်ဘတ်ဂျက်ဖြင့် ထောက်ပံ့ငွေပေး အပ်သည့် အစီစဉ်သည် ၂၀၁၅ ခုနှစ်တွင် ၂၄ ဦး၊ တစ်ဦးလျှင် ငွေ ၁၈၀ဝ၀ (တစ်သောင်းရှစ်တောင်) ကျပ်ဖြင့် စတင်ပေးအပ်ခဲ့ပြီး ၂၀၁၆ ခုနှစ်၌ အသက် ၉၀ နှင့်အထက်ကို ၁၅၀ဝ၀ ကျပ်ဖြင့်လည်းကောင်း၊ အသက် ၁၀ဝ နှင့် အထက်ကို ၂၀ဝ၀ဝ ကျပ်ဖြင့်လည်ကောင်း ထောက်ပံ့ငွေများ တစ်နှစ်တစ်ခါ ပေးသွားမည်ဖြစ်သည်။

    ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မွန်ပြည်နယ်တွင် လူဦးရေစုစုပေါင်း (၂,ဝ၅၄,၃၉၃) ဦးရှိသည့်အနက် အသက် (၉၀) နှင့်အထက်က မော်လမြိုင်ခရိုင်တွင် (၂,၇၀၉) ဦးနှင့် သထုံခရိုင်တွင် (၁,၂၅၇) ဦး၊ စုစုပေါင်း (၃,၉၆၆) ဦးရှိကြောင်း ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks