၂၁ ရာစု ပင်လုံညီလာခံတွင် ကဏ္ဍအသီးသီးအတွက် မူဝါဒဆိုင်ရာ အကြံပြုတိုက်တွန်းချက်များကို စာတမ်း တင်သွင်း ဖတ်ကြားခွင့်ပြုရန်နှင့် ငြိမ်းချမ်းရေးကော်မရှင်၏ နည်းပညာအကြံပေးအဖွဲ့များ၌ အမျိုးသမီး နည်း ပညာ အကြံပေးများကို ထည့်သွင်းပေးရန် ငြိမ်းချမ်းရေးအတွက် ကျား/မ တန်းတူရေး မဟာမိတ်အဖွဲ့ AGIPP က ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဌ ဒေါက်တာတင်မျိုးဝင်းနှင့် တွေ့ဆုံစဉ်တင်ပြ တောင်းဆိုခဲ့ကြောင်း သိရသည်။
AGIPP မှ ကိုယ်စားလှယ်များသည် ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဌ ဒေါက်တာတင်မျိုးဝင်းအား သြဂုတ် ၁၉ ရက်နေ့တွင် ရန်ကုန်မြို ့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင် ့ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)ရုံး သို့ သွားရောက်တွေ့ဆုံစဉ် ထို့သို့တင်ပြ တောင်းဆိုခဲ့ခြင်းဖြစ်သည်။
“တိတိကျကျ ဆွေးနွေးဖြစ်တာတော့ မရှိပါဘူး၊ ညီလာခံမှာ မူဝါဒရေးရာနဲ့ ပတ်သက်ပြီး အကြံပြုတဲ့ စာတမ်း ကို ဖတ်ကြားခွင့်ပြုဖို့ တောင်းဆိုခဲ့တယ်။ပြီးတော့ ငြိမ်းချမ်းရေးကော်မရှင်ရဲ ့ နည်းပညာအကြံပေး အဖွဲ့တွေ မှာ အမျိုးသမီး နည်းပညာအကြံပေးတွေ ထည့်ပေးဖို့ တင်ပြခဲ့တယ်။ နောက်တစ်ခုက ၂၁ ရာစု ပင်လုံ ညီလာခံ မှာ အမျိုးသမီးတွေကို ဖိတ်ကြားမယ်ဆိုရင် အမျိုးသမီး ၃၀ ရာခိုင်နှုန်းကို ဖိတ်ပေးဖို့ တင်ပြခဲ့တယ်။ ဒါတွေနဲ့ ပတ်သက်ပြီး တိတိကျကျ အဖြေပြန်ပေးတာတော့မရှိဘူး၊ ဖိတ်ကြားသင့်တဲ့ အမျိုးသမီးတွေရှိရင် အဲ့ဒီသူတွေရဲ ့ စာရင်းကို ပေးပါလို့ တောင်းတယ်။ ကျွန်မတို့လည်း ဒါကို ပေးဖို့ ပြင်ဆင်သွားမယ်”ဟု ငြိမ်းချမ်းရေးအတွက် ကျား/မ တန်းတူရေး မဟာမိတ်အဖွဲ့ AGIPP ပဲ့ကိုင်ကော်မတီဝင် ဒေါ်မေစပါယ်ဖြူက ပြောသည်။
ထို့အပြင် ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဌနှင့် AGIPP တို့ ပထမဦးဆုံးအကြိမ်ပွဲဦးထွက် တွေ့ဆုံမှုတွင် ကော်မရှင်ဥက္ကဌထံမှ ၎င်းတို့၏ တင်ပြ ဆွေးနွေးမှုများကို အသိအမှတ်ပြု လက်ခံသည်ဆိုသော စကားကို ပြန်လည် ကြားသိခဲ့ရပါကြောင်း ၎င်းက ဆိုသည်။
အဆိုပါ တွေ့ဆုံမှုအပြီး AGIPP မှ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဌ ဒေါက်တာတင်မျိုးဝင်းထံသို့ အိတ်ဖွင့် ပေး စာတစ်စောင်ကိုလည်း ပေးပို့ခဲ့ကြောင်း ယင်းစာထဲတွင် (၁) ငြမ်းချမ်းရေး ဖော်ဆောင်မှု ဖြစ်စဉ်၏ နိုင်ငံရေး ဆွေးနွေးပွဲ အဆင့်ဆင့်၌ အမျိုးသမီးများ အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်မှုကို သေချာစေရန်၊ (၂) နိုင်ငံရေး ဆွေးနွေးမှု မူဘောင်တွင် အမျိုးသမီးများ ပါဝင်နိုင်မှု သေချာစေရေး တိကျသော အချက်အလက်များ ထည့် သွင်းရန်၊(၃) ငြိမ်းချမ်းရေးကော်မရှင်၏ နည်းပညာအကြံပေးအဖွဲ့များတွင် ကျား/မရေးရာ နည်းပညာအကြံ ပေး ထည့်သွင်းရန် ဆိုသည့် အချက်များ ပါဝင်သည်။
ထို့အပြင် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ အဆင့်ဆင့်တွင် ကျား/မ ရေးရာ အမြင်များ ထည့်သွင်းရန် နှင့် အမျိုးသမီးများ၏ အခွင့်အရေးဆိုင်ရာ အမြင်သဘောထားများကို ထင်ဟပ်စေရန် အမျိုးသမီးများ ကိုယ် တိုင် အဓိပ္ပာယ်ပြည့်ဝသော ပါဝင်ဆောင်ရွက်မှု ရရှိရန်၊ ပဋိပက္ခဖြစ်ပွားစဉ် နှင့် ပဋိပက္ခအလွန် ကာလများ တွင် အမျိုးသမီးများအား အကြမ်းဖက်မှု အပေါ် ကာကွယ်စောင့်ရှောက်မှု အထူးပြု ဆောင်ရွက်ရန် သက်ဆိုင်သော အဖွဲ့အစည်း အသီးသီးက လိုက်နာဆောင်ရွက်ရန်၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ကျူးလွန် သူများကိုလည်း ထိရောက်စွာ အရေးယူအပြစ်ပေးရန်၊ AGIPP မှလည်း လာမည့် ၂၁ ရာစု ပင်လုံညီလာ ခံ တွင် ကဏ္ဍအသီးသီးအတွက် မူဝါဒဆိုင်ရာ အကြံပြုတိုက်တွန်းချက်များကို စာတမ်းတင်သွင်း ဖတ်ကြား ခွင့် ပြုရန် စသည့် အချက်များလည်း ပါဝင်ကြောင်း သြဂုတ် ၁၉ ရက်နေ့က သဘောထား ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
AGIPP ကို ၂၀၁၄ ခုနှစ်၊ သြဂုတ်လတွင် အဖွဲ့အစည်း/ကွန်ရက် (၈) ခုဖြင့် အမျိုးသမီး၊ ငြိမ်းချမ်းရေး နှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၌ အမျိုးသမီးများ၏ ပါဝင်ဆောင်ရွက်မှုကို ပိုမိုတိုးတက်ကောင်းမွန်စေမည့် အမျိုးသားအဆင့် မူဝါဒရေးရာ ပြောင်းလဲမှုများအတွက် ပူးပေါင်းလုပ်ဆောင်နိုင်ရန် ရည်ရွယ်ချက် ဖြင့် တည်ထောင်ခဲ့ကြကြောင်း သိရသည်။
ထို့အဖွဲ့တွင် အေးချမ်းမြန်မာ အင်စတီကျူ(GDI) ၊ကျား/မ ရေးရာ တန်းတူ ညီမျှရေးကွန်ရက်(GEN)၊ ကချင် ပြည်နယ် အမျိုးသမီးများကွန်ရက်(KSWN) ၊မွန်အမျိုးသမီးများကွန်ရက်(MWN)၊ ငြိမ်းဖောင်ဒေးရှင်း (Shalom)၊ အမျိုးသမီးနှင့်ငြိမ်းချမ်းရေးလှုပ်ရှားမှုကွန်ရက်-ရှမ်းပြည်နယ်(WAPAN)၊အမျိုးသမီးများအဖွဲ့ချုပ် – မြန်မာနိုင်ငံ(WLB)၊အမျိုးသမီးအဖွဲ့များကွန်ရက်(WON)၊စသည့် အဖွဲ့အစည်း/ကွန်ရက်များ ပါဝင်သည်။