Homeသတင်းမိုင်ဂျာယန်အစည်းအဝေးတွင် ဘုံသဘောထားများချမှတ်နိုင်ခဲ့ပြီး အစိုးရနှင့်ဆက်လက်ဆွေးနွေးမည်ဟုဆို

မိုင်ဂျာယန်အစည်းအဝေးတွင် ဘုံသဘောထားများချမှတ်နိုင်ခဲ့ပြီး အစိုးရနှင့်ဆက်လက်ဆွေးနွေးမည်ဟုဆို

-

ဇူလိုင် ၃၀ ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ မျက်နှာစုံညီအစည်းအဝေး၌ နိုင်ငံရေးဆွေးနွေးမှုများတွင် အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်နှင့် နိုင်ငံရေးပါတီ သုံးပွင့်ဆိုင်ဆွေးနွေးမှုကို အခြေခံရန်၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ခြင်းဆိုင်ရာ အခြေ ခံမူရှစ်ချက်၊ ပြည်ထောင်စုတပ်မတော်ကို အရပ်ဘက်အောက်တွင် ထားရှိရေး စသည့်ဘုံသဘောထား ချမှတ်နိုင်ခဲ့ပြီး အစိုးရနှင့်ဆက်လက်ဆွေးနွေးကြမည်ဟု သိရသည်။

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတွင် ဖက်ဒရယ်တပ်မတော်အားအရပ်ဘက် အုပ်ချုပ်မှုအောက် တွင်ထားရှိရေး၊ ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံတွင် မဖြစ်မနေပါဝင်ရမည့်အချက် ၈ ချက်ဖြစ်သည့် အချုပ်အခြာအာဏာ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု၊ တိုင်းရင်းသား လူနည်းစု အခွင့်အရေးကို ကာကွယ်ရေး၊ ဒီမိုကရေစီ အခွင့်အရေး၊ကျားမ တန်းတူရေး၊ ပါတီစုံ ဒီမိုကရေစီနှင့် ဘာသာရေးကိုအခြေမခံသည့်နိုင်ငံ ဖြစ်ပေါ်ရေးကို စသည့်ဘုံသဘောထား ချမှတ်နိုင်ခဲ့သည်။

EAO’s Plenary Meeting Statement on 30 July 2016(Copy)
EAO’s Plenary Meeting Statement on 30 July 2016(Copy)

UNFC ဒုဥက္ကဋ္ဌ နိုင်ဟံသာက ‘‘UNFC အနေနဲ့ ပြောရမယ်ဆိုရင် အဖွဲ့အားလုံးပါဝင် လက်မှတ်ရေးထိုးခွင့်ရှိတဲ့ အနေအထားမျိုးဆိုရင် ကျနော်တို့က လက်မှတ်ထိုးမယ့် အမြင်သဘောထားရှိပါတယ်’’ဟု ပြောသည်။

မကြာမီကျင်းပမည်ဆိုသည့် ၂၁ ရာစုပင်လုံ ညီလာခံတွင် အားလုံးပါဝင်နိုင်ရေးသည် အစိုးရနှင့် သက်ဆိုင်သည့် အစုအဖွဲ့ အသီးသီးတို့ ဆက်လက်ဆွေးနွေးညှိနှိုင်းမှု ရလဒ်များပေါ်တွင် မူတည်နေသည်ဟု သိရသည်။

ယခုကျင်းပသည့်မိုင်ဂျာယန် အစည်းအဝေးသည် အစိုးရနှင့် ညှိနှိုင်းရာတွင် ကိုင်စွဲရန် သဘောထားများ စုစည်းခြင်းသာဖြစ်ပြီး ဆုံးဖြတ်ချက်များ ချမှတ်မည်မဟုတ်ကြောင်း သတင်းစာရှင်းလင်းပွဲ၌ ပြောခွင့်ရှိသူများက ဆိုသည်။

ဘုံသဘောထားအဖြစ်ရယူရန် လိုအပ်နေသေးသည့် အကြောင်းအရာများအား ဆက်လက်အတည်ပြုနိုင်ရန်အတွက် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လုပ်ငန်းအဖွဲ့ CT နှင့် NCA လက်မှတ်မရေးထိုးရသေးသော UNFC ၏ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးအဖွဲ့ DPN တို့မှ ပူးတွဲနည်းလမ်းရှာဆောင်ရွက်သွားမည်ဟုလည်း ဇူလိုင် ၃၀ ရက်နေ့ EAO’s Plenary Meeting ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ မိုင်ဂျာယန် EAO’s မျက်နှာစုံညီအစည်းအဝေးကို ၂၁ ရာစုပင်လုံညီ လာခံအကြိုညှိနှိုင်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ခြင်းဆိုင်ရာ ဘုံသဘောထားရပ်တည်ချက် ချမှတ်နိုင်ရေး အဓိကရည်ရွယ်ချက် ၂ ရပ်ဖြင့် ဇူလိုင် ၂၆ မှ ၃၀ ရက်နေ့အထိ ၅ ရက်ကြာပြုလုပ်ခဲ့ခြင်းဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၁ ဖွဲ့အနက် မိုင်ဂျာယန်အစည်းအဝေးသို့ NCA လက်မှတ်မရေးထိုးရသေးသည့် “ဝ” လက်နက်ကိုင်အဖွဲ့ UWSP/UWSA၊ ပလေင်(တအာင်း)လက်နက်ကိုင်အဖွဲ့TNLA ၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA နှင့် နာဂဆိုရှယ်လစ်ကောင်စီ NSCN-K တို့ တက်ရောက်ခဲ့ခြင်း မရှိပေ။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားအဖွဲ့များနှင့် မရေးထိုးရသေးသည့် အဖွဲ့များဖြစ်သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့၊ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် UNA ၊ တိုင်းရင်သားညီနောင်ပါတီများ ဖက်ဒရေးရှင်း NBF၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB ကိုယ်စားလှယ်များ အပါအဝင်စုစုပေါင်း ၂၀ဝ ကျော် တက်ရောက်ခဲ့ကြသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts