Homeသတင်းမုဒုံမြို့တွင် ကျွန်းသစ်အပါအဝင် တရားမဝင်သစ် ၁၁ တန်ကျော်ဖမ်းဆီးခဲ့

မုဒုံမြို့တွင် ကျွန်းသစ်အပါအဝင် တရားမဝင်သစ် ၁၁ တန်ကျော်ဖမ်းဆီးခဲ့

-

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မြို့မ (၄)၊ ထိန်ကုန်းရပ်ကွက်တွင် ဇူလိုင်လ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်၌ သစ်လုံးတင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီးနှင့် ကျွန်းသစ်အပါအဝင် ခြံဝင်းထဲရှိ စုစုပေါင်းသစ် ၁၁ တန်ကျော် တရားဝင်အ ထောက်အထား မပြနိုင်၍ မုဒုံမြို့နယ်၊ သစ်တောဦးစီဌာနက ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု သိရသည်။

ဖမ်းဆီးထိန်းသိမ်းခြင်းခံရသည့် သစ်များကို တွေ့ရစဉ် (မွန်ထော်)
ဖမ်းဆီးထိန်းသိမ်းခြင်းခံရသည့် သစ်များကို တွေ့ရစဉ် (မွန်ထော်)

ပြည်နယ် သစ်တောဦးစီးဌာန၊ မုဒုံမြို့နယ်သစ်တောဦးစီးဌာန၊ သံဖြူဇရပ်မြို့ရှိ ခလရ ၆၂ တပ်ရင်း၊ မုဒုံမြို့မရဲစ ခန်းနှင့် မြို့မ (၄) ရက်ကွက်မှ ဆယ်အိမ်မှုးများပါဝင်သည့်အဖွဲ့သည် ကျွန်းသစ်ကားတစ်စီးဝင်လာသည့် သတင်း အရ သွားရောက်ဖမ်းဆီးခဲ့သည်ဟု မုဒုံမြို့နယ် သစ်တောဦးစီးဌာန တောအုပ်ကြီး ဦးစိုးနိုင်က ပြောသည်။

တောအုပ်ကြီး ဦးစိုးနိုင်က “မုဒုံမြို့နယ်မှာက တရားမဝင်သစ်တွေကို ဒီတကြိမ်ဘဲ ဖမ်းမိခဲ့တာ မဟုတ်ဘူး။ ဒီ ၂၀၁၆ ခုနှစ်ထဲမှာလဲ အများကြီး ဖမ်းမိတာပါ။ ဒါပေမဲ့ အခုဖမ်းမိတာက အများဆုံးပါ” ဟု ဆိုသည်။

အဆိုပါ သစ်များဖမ်းဆီးရာတွင် ယဉ်ပေါ်၌ ကျွန်းသစ် ၄၀ လုံး၊ ခြံထဲတွင် ကျွန်းသစ် ၁၂ လုံး၊ ကျွန်းတိုင် ၉၂ လုံး၊ ကျွန်းခွဲခြမ်း ၂၃ ခြမ်း၊ ကျွန်းခွဲသား ၄၅ ချောင်း၊ စုစုပေါင်း ကျွန်းသစ် ၁၀.၃၁၄၈ တန်ပါရှိပြီး ပျဉ်ကတိုးတိုင် ၅ လုံး- ဝ.၂၆၆၂ တန်၊ ပိတောက်ခွဲသား ၁၀၁ ချောင်း-ဝ.၄၈၈၄ တန် ပါဝင်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထား သည်။

အဆိုပါသစ်များတင်ဆောင်လာသည့် မော်တော်ယဉ်တွင် ယဉ်မောင်းဦးကျားပေါက် မုဒုံမြို့နယ်၊ အဘစ်ကျေးရွာနေသူဖြစ်ပြီး မုဒုံမြို့မ (၄) ထိန်ကုန်းရပ်ကွက်ရှိ ဦးအောင်စိန်၏ သစ်စက်တွင် မော်တော်ယဉ်အား ထားရှိကာ တိမ်းရှောင်ထွက်ပြေးသွားသည်ဟု မုဒုံမြို့မ ရဲစခန်း ရဲမှတ်တမ်းအရ သိရသည်။

ယင်းကဲ့သို့ တရားမဝင်သစ်များ လက်ဝယ်ထားရှိသူ ဦးအောင်စိန်နှင့် ယဉ်မောင်း ဦးကျားပေါက်တို့အား မုဒုံမြို့နယ်၊ သစ်တောဦးစီးဌာန တောအုပ်ကြီး ဦးစိုးနိုင်က ဥပဒေရ အရေးပေးပါရန် တိုင်တန်းသဖြင့် မုဒုံမြို့၊ မြို့မရဲစခန်းမှ မမစ(မုဒုံ) (ပ)၁၀၉/၂၀၁၆ ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေးအက်ဥပဒေပုဒ်မ ၆(၁) ဖြင့် သတင်းအချက်ရေးဖွင့်ထားပြီး တရားခံဟုယူဆရသူ ဦးအောင်စိန်အား ဇူလိုင် ၆၊ ညသန်းခေါင်ယံအချိန်တွင်ဖမ်းဆီးရမိကာ ရဲအုပ် ဝင်းဇော်ဌေးမှ စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

အဆိုပါကျွန်းသစ်များမှာ တနင်္သာရီတိုင်းဒေသကြီး ကလိန်အောင်ဒေသမှ ၁၀ ဘီးကားတစ်စင်းဖြင့် မွန်ပြည်နယ်၊ မုဒုံမြို့သို့ သယ်ဆောင်လာခြင်းဖြစ်ကြောင်း လူမှုကွန်ယက် Facebook များတွင် ရေးသားဖော်ပြကြသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts