မွန်သတင်းအေဂျင်စီအင်တာနက်သတင်းပါ ဇွန်လ ၂၇ ရက်နေ့တွင် သတင်းထောက် ပိုင်နွန် ရေးသားပေးပို့သော “မွန်ပြည်နယ်တွင် လူငယ်များမူးယစ်ဆေးဝါးသုံးစွဲမှု ၇၀% ရှိနေဟု HURFOM အစီရင်ခံစာထုတ်ပြန်” ခေါင်းစဉ်ပါ သတင်းအချက်အလက်များ လွဲမှားနေသည်ကို ပြန်လည်စစ်ဆေးတွေ့ရှိသဖြင့် အဆိုပါသတင်းအား လုံးဝ(လုံးဝ)အသုံးမပြုပါကြောင်း၊ ယင်းကဲ့သို့ သတင်းလွဲမှားခဲ့မှုမျိုး နောင်မဖြစ်ပေါ်စေရန် သက်ဆိုင်ရာသတင်းထောက်နှင့် အယ်ဒီတာတို့အား ပြင်းထန်စွာသတိပေးခဲ့ကြောင်း၊ နစ်နာသူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအား အနူးအညွတ်တောင်းပန်အပ်ပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
မွန်သတင်းအေဂျင်စီ