spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းမွန်ပြည်သစ်ပါတီဂိတ်တစ်ခုအား တပ်မတော်ဝင်ရောက်သိမ်းဆည်း

    မွန်ပြည်သစ်ပါတီဂိတ်တစ်ခုအား တပ်မတော်ဝင်ရောက်သိမ်းဆည်း

    -

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ကော့သပ်ကျေးရွာအနီးရှိ မွန်ပြည်သစ်ပါတီ သထုံခရိုင် လမ်းတံတားဂိတ်တစ်ခုအား အင်းအား (၃၀) ခန့်ရှိ တပ်မတော်ခမရ (၈၁) ခြေမြန်တပ်ရင်းက ဇွန်လ ၁ရ ရက်၊ နေ့လည် ၁၂ နာရီခွဲ အချိန်ခန့်တွင် ဝင်ရောက်သိမ်းဆည်းခဲ့သည်ဟု သိရသည်။

    ကော့သပ်ကျေးရွာအနီးရှိမွန်ပြည်သစ်ပါတီဂိတ်(Google Earth)
    ကော့သပ်ကျေးရွာအနီးရှိမွန်ပြည်သစ်ပါတီဂိတ်(Google Earth)

    မော်လမြိုင်-ကော့ဘိန်း ရမ္မာဝတီကားလမ်းပေါ်ရှိ ကော့သပ်ကျေးရွာအဝင်လမ်းဝတွင် ဖွင့်လှစ်ထားသော အဆိုပါ လမ်းတံတားဂိတ်မှူး နိုင်ရွှေပါကစ် ထံမှ AK သေနတ်တစ်လက်၊ ပစ္စတိုတစ်လက်နှင့် စကားပြောစက်တစ်လုံးတို့ကို တပ်မတော်က သိမ်းဆည်းခဲ့သည်ဟု မွန်ပြည်သစ်ပါတီ သထုံ ခရိုင်အတွင်းရေးမှူး နိုင်ကြည်စံက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    သထုံခရိုင်အတွင်းရေးမှူးက “တပ်ရင်း ၈၁ ကတော့ ဇာသပြင်ဘက်မှာ အခြေချထားတာ ဖြစ်တယ်၊ သူတို့အင်အား ၃၀ လောက်နှင့် လာဝိုင်းပြီးတော့ ကျွန်တော်တို့ဂိတ်မှူး နိုင်ရွှေပါကစ်ကို လည်း ဖမ်းသွားလိုက်တယ်၊ ဒါပေမယ့် လမ်းတစ်ဝက်အရောက်မှာ မျက်နှာမမြင်ရစေနဲ့၊ ဆောက်လုပ်ထားတဲ့ တဲဂိတ်ကိုလည်း ဖျက်လိုက်ပါဟု ပြောပြီး ကျွန်တော်တို့လူကို ပြန်လွှတ် ပေးလိုက်တယ်၊ လက်နက်ပစ္စည်းတွေကိုတော့ ပြန်မပေးဘူးပေါ့” ဟု ပြောသည်။

    တစုံတရာအကြောင်းပြချက်မရှိဘဲ တပ်မတော်က ယင်းကဲ့သို့ လှျပ်တစ်ပျက်ဝင်ရောက်သိမ်းဆည်းခြင်းသည် မွန်ပြည်သစ်ပါတီကို အင်အားသုံး အနိုင်ကျင့်ခြင်းဖြစ်ကြောင်းလည်း ၄င်းက ဆက်ပြောသည်။

    နယ်စပ်ဒေသတိုင်းရင်းသား တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတိုးတက်ရေး-နတလအစီအစဉ်ဖြင့် ၁၉၉၇-၉၈ ခုနှစ်တွင် မွန်ပြည်သစ်ပါတီ သထုံခရိုင်တာဝန်ယူ၍ မော်လမြိုင်-ကော့ဘိန်း ရမ္မာဝတီမော်တော်ကားလမ်း ဖောက်လုပ်ခဲ့ပြီး လမ်းလုံခြုံရေး၊ လမ်းတံတားထိန်းသိမ်းစောင့်ရှောက်ရေးအတွက် အဆိုပါဂိတ်ကို ဖွင့်လှစ်ထားရှိခဲ့ကြောင်း သိရသည်။

    အဆိုပါကော့သပ်လမ်းတံတားဂိတ်အား တပ်မတော် ဝင်ရောက်သိမ်းဆည်းသည့်ကိစ္စကို သက်ဆိုင်ရာသို့ ဆက်လက်မေးမြန်းစုံစမ်းသွားမည်ဟု မော်လမြိုင်အခြေစိုက် မွန်ပြည်သစ်ပါတီ ဒေသဖွံ့ဖြိုးရေးဌာနတာဝန်ခံ နိုင်ဟံသာဗိန်ခိုင်းက ဆိုသည်။

    အလားတူ ရေးမြို့နယ်၊ အံဒင်ကျေးရွာအနောက်ဖက်ရှိ ကော့ကွန်းလုံကျွန်းပေါ်ရှိ မွန်ပြည်သစ်ပါတီ သိုးမွေးမြူရေးခြံမှ အလုပ်သမား ၅ ဦးတို့အား ပြီးခဲ့သည့်မေလ ၁၅ ရက်နေ့တွင် တပ်မတော်ရေ ဖမ်းဆီးခေါ်ဆောင်သွားထိန်းသိမ်းထားရာမှ ရက်ပိုင်းအတွင်း ပြန်လည်လွှတ်ပေးခဲ့သည့် ဖြစ်ရပ်ရှိခဲ့သည်။

    မွန်ပြည်သစ်ပါတီသည် သမ္မတဦးသိန်းစိန်အစိုးရနှင့် ၂၀၁၂ ခုနှစ်တွင် ပြည်နယ်အဆင့်၊ ပြည်တောင်စုအဆင့် အပစ်အခတ်ရပ်စဲမှုလက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သောလည်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ သဘောတူစာချုပ် NCA လက်မှတ်မရေးထိုးရသေးသည့် မြန်မာနိုင်ငံတောင်ပိုင်းရှိ တစ်ခုတည်းသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks