Homeသတင်းကျောက်မိုင်းလုပ်ငန်းခွင်မှသဲများ မိုးရေနှင့်အတူစီးဆင်းလာသဖြင့် ရေလွှမ်းမိုးမှုဖြစ်ပေါ်

ကျောက်မိုင်းလုပ်ငန်းခွင်မှသဲများ မိုးရေနှင့်အတူစီးဆင်းလာသဖြင့် ရေလွှမ်းမိုးမှုဖြစ်ပေါ်

-

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း မိုးသည်းထန်စွာ ရွာသွန်း၍ Long Life Aggregate Mining Co.Ltd ကျောက်မိုင်းမှ မြေကြီးများနှင့်သဲများ ရေစီးကြောင်းနှင့်အတူလိုက်ပါလာသဖြင့် ဥတ္တံတားရွာရှိ စမ်းချောင်းများပိတ်မိကာ လူနေအိမ်နှင့် လယ်ယာမြေများတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ် ခဲ့သည်။

ဥတ္တံတားရွာ လမ်းမပေါ်ရေကျော်နေပုံ (Aung Lwin)
ဥတ္တံတားရွာ လမ်းမပေါ်ရေကျော်နေပုံ (Aung Lwin)

မွန်ပြညယ်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါတ်တာမင်းကြည်ဝင်း က “တောင်ပေါ်က ကျလာတဲ့ ရေတွေကိုတော့ ကျနော်တို့အကြမ်းဖျဉ်း တွက်ထားပြီးသားပါ။ ဇွန် ၁၅ ရက်က ကျ နော်တို့ဖွဲ့ထားတဲ့ ကျောက်မိုင်းစိစစ်ရေးအဖွဲ့က သွားရောက်စိစစ်ခဲ့တာရှိတယ်။ အဲသည့်စိစစ်တွေ့ရှိတဲ့ အပေါ်မှာ ပဲ ဘယ်လိုဆက်လုပ်မလဲဆိုတာကို ဒေသခံတွေနဲ့ ကုမ္မဏီကို တရားဝင် ပြန်ညှိပေးရမယ် ” ဟု ဆိုသည်။

အဆိုပါကုမ္မဏီအား မွန်ပြည်နယ်အစိုးရအနေနှင့် သွားရောက်လေ့လာပြီးဖြစ်ကြောင်း၊ ယခုတကြိမ်သည် လွှတ်တော်မှ ပြန်လည်စိစစ်မည်ဟု အတည်ပြုထားသောကြောင့် သွားရောက်စိစစ်ရခြင်းဖြစ်ကြောင်း၊ ကျောက် ထုတ်လုပ်ရာတွင် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့် ညီညွတ်မှု ရှိ/မရှိ သွား ရောက်စိစစ်ခြင်းဖြစ်ကြောင်း ဒေါတ်တာမင်းကြည်ဝင်း ဆက်ပြောသည်။

Long Life Aggregate Mining Co.Ltd သည် ပေါင်မြို့နယ်၊ ကုလားမတောင်ကြိုးဝိုင်း၊ ကွင်းအမှတ် ၄၆ တွင် ပြီးခဲ့သည့်ပွင့်လင်းရာသီအချိန်က ကျောက်ထုတ်လုပ်ငန်းလုပ်ကိုင်ခဲ့ရာ ၎င်းမှထွက်ရှိလာသော မြေကြီးများ နှင့် သဲများ ရေစီးကြောင်းနှင့်အတူ မျောပါလာခြင်းသဖြင့် စမ်းချောင်းများ ပိတ်ဆို့ကာ ရေကြီးရေလှျံ ဖြစ်ပေါ်ရသည်ဟု ဒေသခံများက ဆိုသည်။

ဥတ္တံတားရွာသား ကိုဇော်ထွေး က “ကျောက်မိုင်းထဲက မြေကြီးတွေ၊ သဲတွေက စမ်းချောင်း ထဲကိုမျောကျတယ်။ အဲဒီသဲတွေက စမ်းချောင်းထဲမှာ ၄ ပေကျော်ထိမြင့်တက်လာတယ်။ စမ်းချောင်း တိမ်ကောသွားတော့ ရေလမ်းကြောင်းပြောင်းသွားတာ” ဟု ဆိုသည်။

အဆိုပါ ရေစီးလမ်းကြောင်းပြောင်းလဲမှုကြောင့် ဥတ္တံတားကျေးရွာတွင် လူနေအိမ် ၃ ပုံ ၁ ပုံခန့် ရေနစ်မြုပ်ခဲ့ ကြောင်း၊ စပါးစိုက်လယ်ကွင်းများအားလုံး ရေဖုံးလွှမ်းသွားကြောင်း၊ လွှတ်တော် ကိုယ်စား လှယ်များက တက်နိုင်သည့်ဘက် ကူညီပေးမည်ဟု ပြောဆိုထားသော်လည်း အစိုးရဘက်က မည်သို့မှျ အကြောင်းပြန်ကြားထားခြင်းမရှိဟု ကိုဇော်ထွေးက ဆက်ပြောသည်။

ပြီးခဲ့သည့် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ဒေသခံများက ၁၂-၈-၂၀၁၄ တွင် ကန့်ကွက်လက်မှတ် ၂၅၀၀ ကျော်၊ ၂၉-၁၂-၂၀၁၅ တွင် ကန့်ကွက်လက်မှတ် ၈၀၀ ကျော်၊ ၂၂-၁-၂၀၁၆ ကန့်ကွက်လက်မှတ် ၁၀၀၀ ကျော် ဖြစ် လက်မှတ်ရေးထိုးကာ ကျောက်မိုင်းကို ရပ်တန့်ပေးရန်အတွက် သက်ဆိုင်ရာဌာနကို ကန့်ကွက်စာပေးပို့ထား ကြောင်း သိရသည်။

အဆိုပါ Long Life Aggregate Mining Co.Ltd ကျောက်မိုင်း ဖျက်သိမ်းပေးရန် ဒေသခံ ၅၀၀ ခန့်က ဇွန်လ ၅ ရက်တွင် ဥတ္တံတားရွာမှ ကျောက်မိုင်းကုမ္ပဏီအထိ လမ်းလှျောက်ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts