spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းကျောက်မီးသွေးဖြင့်လှျပ်စစ်ထုတ်လုပ်ခြင်းကို ရပ်ဆိုင်းသင့်ကြောင်း နှီးတုံဆရာတော် မိန့်ကြား

    ကျောက်မီးသွေးဖြင့်လှျပ်စစ်ထုတ်လုပ်ခြင်းကို ရပ်ဆိုင်းသင့်ကြောင်း နှီးတုံဆရာတော် မိန့်ကြား

    -

    ဒေသခံပြည်သူများနှင့်ပညာရှင်များ ကန့်ကွက်နေသည့် ကျောက်မီးသွေးဖြင့် လှျပ်စစ်စွမ်းအင် ထုတ်လုပ်ခြင်းကို မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL အနေဖြင့် ရပ်ဆိုင်းပေးသင့်ကြောင်း မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပျားတောင်ဒေသရှိ နှီးတုံကျောင်းသစ်ဆရာတော်က ဇွန် ၁ ရက်နေ့ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံပွဲတွင် မိန့်ကြားခဲ့သည်။

    ပျားတောင်ဒေသခံများနှင့် မွန်လွှတ်တော်တွေ့ဆုံပွဲ(MNA)
    ပျားတောင်ဒေသခံများနှင့် မွန်လွှတ်တော်တွေ့ဆုံပွဲ(MNA)

    အဆိုပါတွေ့ဆုံပွဲကို ကျိုက်မရောမြို့နယ်၊ ကတုံစိကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဟောင်းတွင်ပြုလုပ်ရာ မွန်ပြည်နယ်လွှတ်တော်မှ ဒုဥက္ကဌ ဒေါတ်တာအောင်နိုင်ဦး၊ တိုင်းကြားစာနှင့် အသနားခံစာကော်မတီ၊ ဥပဒေပြုရေးကော်မတီ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီဥက္ကများ၊ ဒေသခံ ၆၀၀ ကျော်တက်ရောက်ခဲ့သည်ကို တွေ့ရသည်။

    နှီးတုံကျောင်းသစ်ဆရာတော် ဘဒ္ဒန္တသြဘာသ က “ကျောက်မီးသွေးနဲ့လှျပ်စစ်စွမ်းအင်ထုတ်လုပ်မယ့်ကိစ္စက ဆိုးကျိုးများတယ်ဆိုတာ လူတိုင်းသိတယ်။ မနှစ်သက်ကြဘူး။ ဒါကြောင့် အစိုးရကပဲ ဆောင်ရွက်ပေးသင့်တယ်။ ပြီးတော့ သူတပါးရဲ့ကိုယ်ကျိုးစီးပွား မပျက်စီးဘို့ စက်ရုံလည်ပတ်ရန်အတွက် လိုအပ်သည့် လှျပ်စစ်စွမ်းအင်တွေကို အစိုးကပဲ တခြားနည်းနဲ့ အစားထိုးပေးသင့်တယ်” ဟု မိန့်ကြားသည်။

    အဆိုပါကျောက်မီးသွေးကိစ္စရပ်ကို မဖြေရှင်းနိုင်ပါက ပြဿနာကြီးထွားလာမည်ဖြစ်ကြောင်း၊ ကျောက်မီးသွေးနှင့် လှျပ်စစ်စွမ်းအင်ထုတ်လုပ်မှုသည် မည်သည့်နိုင်ငံ မည်သည့်အဖွဲ့အစည်းမှ မနှစ်သက်ကြောင်း၊ လက်ရှိအစိုးရသည် ပြည်သူလူထု၏ မိဘဖြစ်သောကြောင့် သားသမီးများ၏ဆန္ဒကို ဖြည်းဆည်ပေးသင့်ကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။

    မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဒေါက်တာအောင်နိုင်ဦး က “ ကျနော်တို့ဒီရွာကိုလာတာ ပြည်သူတို့ရဲ့အသံ နားထောင်ဖို့နဲ့ ဒေသခံတွေရဲ့လိုလားချက်တွေကို သိချင်လိုပါ။ ကျနော်တို့ တဖက်သက်လိုက်တာမရှိပါဘူး။ လွတ်လွတ်လပ်လပ်ပါပဲ။ ကျနော်တို့ကသေသေချာချာလေ့လာပြီးမှ ဘာလုပ်သင့်လဲဆိုတာကို တခုခုဆုံးဖြတ်ရမယ်” ဟု ပျားတောင်ဒေသခံတွေ့နှင့် တွေ့ဆုံရာတွင် ပြောဆိုခဲ့သည်။

    ယခုပြဿနာကို ဘက်ပေါင်းစုံမှ လေ့လာရကြောင်း၊ ပညာရှင်များမှလည်း အကြံဉာဏ် ရယူမည်ဖြစ်ကြောင်း၊ MCL ကုမ္မဏီက လွှတ်တော်သို့တစ်ကြိမ်လာရောက် ရှင်းလင်းတင်ပြထားပြီး ဒေသခံများ၏ ဆန္ဒကိုလည်း လွှတ်တော်ရုံးတွင် ဆွေးနွေးထားပြီး ဖြစ်ကြောင်း ဒုဥက္ကဌက ဆက်ပြောသည်။

    ကော့ပနော့ရွာသား နိုင်သိန်းဦး က “ကျနော်တို့အနေနဲ့ ကျိုက်မရောမြို့နယ်မှာ တည်ဆောက်နေတဲ့ ဘိလပ်မြေစက်ရုံ SCG/MCL ကို သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်လို့ ကျွမ်းကျင်းတဲ့ ပညာရှင်တွေကို စစ်ဆေးစေချင်ပါတယ်။ ကုမ္မဏီအနေနဲ့ အမြတ်အစွန်းတခုကိုသာ ကြည့်ပြီး ကျနော်တို့ဒေသခံတွေ နစ်နာ ဆုံးရှုံးတာ မဖြစ်စေချင်ဘူး” ဟု ဆိုသည်။

    ပျားတောင်ဒေသရှိ ဒေသခံ ၄၀၀၀ ဝန်းကျင်က မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL မှ လှျပ်စစ်စွမ်းအင်ကို ကျောက်မီးသွေးဖြင့်ထုတ်လွှတ်မည့်ကိစ္စ ရပ်ဆိုင်းပေးပါရန် ပြီးခဲ့သည် ဧပြီလ ၂၅ ရက်နေ့က မွန်လွှတ်တော် တွင် တိုင်ကြားစာပေးပို့ထားသောကြောင်း သိရသည်။

    MCL မော်လမြိုင်ဘိလပ်မြေစက်ရုံသည် အမေရိကန်ဒေါ်လာ သန်း ၄၀၀ ရင်းနှီးမြှပ်နှံထားပြီး တနေ့တန်ချိန် ၅၀၀၀ ထုတ်လုပ်ရန်အတွက် လိုအပ်သည့်လှျပ်စစ်စွမ်းအင်ကို ကျောက်မီးသွေးမှ ၄၀ မဂ္ဂါဝပ် ထုတ်ယူ သွားမည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks